ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
နေ့စဉ်မိုးလေဝသသတင်း
(၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၂၁)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားနည်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင် နေရာကွက်ကျား၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါ သည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုလာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မိုးဇလ
ဆက်စပ်ဆောင်းပါးများ
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
နိုဝင်ဘာ ၉၊ ၁၀ ရက်များတွင် မန္တလေးတိုင်းအတွင်း မိုးသည်းထန်နိုင်
မြစ်ဝကျွန်းပေါ်နှင့် အောက်ပိုင်းဒေသများ အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၁ ရက်အတွင်း မိုးအသင့်အတင့်မှ မိုးရွာသွန်းမှု ပြန်လည်အားကောင်းလာမည်
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဆရာဒို့ဦးလေးခင်ဗျာ ဆရာနဲ့ ဆရာစိုးမိုးဂျူလှိုင် ကွမ်းအကြောင်း ဆွေးနွေးခန်းမှာ ကွမ်းရွတ်ကို emနဲငါးအမိုင်နိုပဲသုံးပြီး အကြီးအသေး လိုသလို ဖန်တီးနိုင်တယ်လို့ ပြောသွားတာကို နားထောင်လိုက်ရပါတယ် အဲဒါ ဘယ်လို လုပ်ရပါသလဲခင်ဗျာ
Khing Hein • ဖြေကြားချက် 0 ခု
ဒီဆေးကပွင့်ထွေးနိုင်ရဲ့လားဗျ
ကိုလင်းထက်ကျော် • ဖြေကြားချက် 1 ခု
စပါးဈေး
MOUNG AUNG PAING • ဖြေကြားချက် 1 ခု
ဆရာတို့ခင်ဗျာ မီးဖိုချောင်မှထွက်သောပြာကို ငြုပ်/ပြောင်းပင် တို့မှာ မြေသြစာအဖြစ် အသုံးပြု၍ရပါသလားဗျ ကောင်းကျိုး(သို့) ဆိုးကျိုးများ သိချင်ပါတယ်ဗျာ
ဦးနိုင်လင်းထွန်း • ဖြေကြားချက် 2 ခု
ဒီ၂၀၂၆ ခုနှစ်မှာ စပါးတွေဘာကြောင့် အထွက်လျော့နည်းတာတွေဖြစ်နေကြလဲ ဘာကြောင့်ဒီလိုဖြစ်နေလဲ သိရင်ဖြေပေးပါဦး။
ba tun • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
ဗီဒီယို
GPS မဖွင့်ဘဲ မိုးလေဝသ ကြည့်လို့ရပြီ
06/11/2026
နိုဝင်ဘာ ၉၊ ၁၀ ရက်များတွင် မန္တလေးတိုင်းအတွင်း မိုးသည်းထန်နိုင်
05/11/2026
မြေဆီလွှာစစ်ဆေးမှု ရလဒ်မှန်ကန်ဖို့ မြေနမူနာကို ဘယ်လိုယူမလဲ?
05/11/2026
More from မိုးဇလ
အားလုံး