အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နေ့စဉ်မိုးလေဝသသတင်း

နေ့စဉ်မိုးလေဝသသတင်း

မိုးဇလ
မိုးဇလ • 28/01/2021

(၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။ 

ယနေ့ညနေအထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့် အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၈)ပေခန့် ရှိနိုင်ပါသည်။ 

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

မိုးဇလ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာဒို့ဦးလေးခင်ဗျာ ဆရာနဲ့ ဆရာစိုးမိုးဂျူလှိုင် ကွမ်းအကြောင်း ဆွေးနွေးခန်းမှာ ကွမ်းရွတ်ကို emနဲငါးအမိုင်နိုပဲသုံးပြီး အကြီးအသေး လိုသလို ဖန်တီးနိုင်တယ်လို့ ပြောသွားတာကို နားထောင်လိုက်ရပါတယ် အဲဒါ ဘယ်လို လုပ်ရပါသလဲခင်ဗျာ

Khing Hein • ဖြေကြားချက် 0 ခု

ဒီဆေးကပွင့်ထွေးနိုင်ရဲ့လားဗျ

ကိုလင်းထက်ကျော် • ဖြေကြားချက် 1 ခု

စပါးဈေး

MOUNG AUNG PAING • ဖြေကြားချက် 1 ခု

ဆရာတို့ခင်ဗျာ မီးဖိုချောင်မှထွက်သောပြာကို ငြုပ်/ပြောင်းပင် တို့မှာ မြေသြစာအဖြစ် အသုံးပြု၍ရပါသလားဗျ ကောင်းကျိုး(သို့) ဆိုးကျိုးများ သိချင်ပါတယ်ဗျာ

ဦးနိုင်လင်းထွန်း • ဖြေကြားချက် 2 ခု

ဒီ၂၀၂၆ ခုနှစ်မှာ စပါးတွေဘာကြောင့် အထွက်လျော့နည်းတာတွေဖြစ်နေကြလဲ ဘာကြောင့်ဒီလိုဖြစ်နေလဲ သိရင်ဖြေပေးပါဦး။

ba tun • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။