အစိမ်းရောင်လမ်း
နေ့စဉ်မိုးလေဝသသတင်း

နေ့စဉ်မိုးလေဝသသတင်း

မိုးဇလ
မိုးဇလ 11/01/2022

(၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ်ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၆)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပါသည်။ 

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာကြည့်ပေးပါအူးဗျ ခရမ်းခေါင်း သီးလုံးဖောက်ပိုးစတွေ့နေရပီ အများကြီးမဟုတ်ပေမဲ့တစ်လုံးစ နှစ်လုံးစတော့တွေ့နေရပီ အောက်ကပေါင်းပင်လဲရှင်းထားပါတယ်ဆရာ အရင် 24 ရက်နေ့က ဒယ်ဘလယ် ကောင်းတယ်ဆိုလို့ ဒယ်ဘလယ်နဲ့မိုနိုကေးဖျန်းထားတယ်ဆရာ ဒီနေ့ မန်ကိုဇက်နဲ့ ဖော်ယူဖျန်းထားတယ်ဆျာ ဖော်ယူက သီးလုံးဖောက်ပိုးနိုင်လားဆရာ သီးလုံးဖောက်ပိုးနည်းအောင် ဘယ်လိုတွေ ဂရုစိုက်ပေးရမလဲဆျာ ခရမ်းက 1 ပိသာ 3200 လောက်ရတော့ စျေးလေးမဆိုးဘူးပေါ့ဆရာ ခရမ်းချဥ်ကတော့ 1ပိသာ 1000 ဆိုတော့ သေချာတာတစ်ခုတော့ကိုယ့်အတွက် အခုမှ သီးလုံးဖောက်တာပါဆျာ ဒီနေ့ကောဆို ဆေးနှစ်ပတ်ရှိပီဆရာ အကြံပေးပါအူးနော့ဆျာ

U Yan • ဖြေကြားချက် 2 ခု

ခရမ်းချဥ်မျိုးစေ့စုံလင်စိတ်ချစွာဝယ်လို့ရတဲ့ဆိုင်ညွှန်းပေးကြပါဦးဗျ

ညီညီ • ဖြေကြားချက် 1 ခု

ပဲငပိ၁တင်းဘယ်စျေးလဲရှင်အပေါက်ကောင်းမကောင်းဘယ်လိုစမ်းရမလဲဆရာရှင်ထယ်ထိုးပီးပတ်တာမပေါက်လို့ပါရှင်

မဆုလာဘ်ဧကရီမေ • ဖြေကြားချက် 3 ခု

နေကြာမျိုးကောင်းမျိုးသန့် ၁၀ဧက စာ ရချင်ပါသည် ပျဥ်းမနားကပါ ဘယ်မှာဝယ်လို့ရပါသလဲ

ကျော်စွာဝင်း • ဖြေကြားချက် 1 ခု

မင်္ဂလာပါ ဆရာတို့ဗျာ ကျနော် ခရမ်းချဉ်စိုက်တောင်သူတယောက်ပါ ကျနော် သိချင်တာက ခရမ်းချဉ်မျိုးစေ့စပ်မျိုးမဝယ်ပဲ အရင်ကစိုက်ခဲ့တဲ့စပ်မျိုးတသားကျကို အမျိုးပြန်ယူပြီးစိုက် အဆင်ပြေနိုင်လားဗျ အထွက်နုန်းတွေရော့နိုင်လား ဖြေပေးကြပါ ကျေးဇူး တင်ပါတယ်

wai Yan • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။