လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၁] ဒစ်ဂျစ်တယ်ငွေကြေးအသိပညာဆိုတာ...

23/04/2023 19:00 PM တွင် ThitsaWorks Solutions Myanmar Co., Ltd. ThitsaWorks Solutions Myanmar Co., Ltd. မှ ရေးသား ပြီး ThitsaWorks ThitsaWorks မှ ပေးပို့ထားပါသည်။

ဒစ်ဂျစ်တယ်ငွေကြေးအသိပညာဆိုတာ ဒစ်ဂျစ်တယ်အသိပညာနဲ့ ငွေကြေးအသိပညာတို့ကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။

တစ်နည်းပြောရရင် ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများကို လုံခြုံစွာ အသုံးပြုနိုင်သည့် အသိပညာ၊ အရည်အသွေး၊ ယုံကြည်ချက်နှင့် စွမ်းဆောင်ရည်များကို လေ့လာသင်ယူခြင်းဖြစ်ပါတယ်။

ဥပမာ - ဖုန်းထဲမှာ ကေဘီဇက်ပေးကို ဘယ်လိုထည့်ရမလဲ၊ ဝေ့ဖ်ပေးအကောင့်ကို ဘယ်လိုဖွင့်ရမလဲ၊ အွန်လိုင်းက ငွေလွှဲရင် ဘယ်လိုလွှဲရမလဲ၊ ကိုယ့်ရဲ့ အွန်လိုင်းအကောင့်တွေကို လုံခြုံအောင် ဘယ်လိုထားရမလဲ စသဖြင့် ဒီလို အကြောင်းအရာတွေကို သေချာနားလည်အောင်၊ စမတ်ကျကျ သုံးတတ်အောင် သင်ယူ လေ့လာတာဟာ “ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ” ကို လေ့လာတာပဲဖြစ်ပါတယ်။

ဒစ်ဂျစ်တယ်နည်းပညာအခေါ်အဝေါ်များ

ဒစ်ဂျစ်တယ်မိတ်ဆွေတို့ရေ ဒီနေ့ခေတ်က “ဒစ်ဂျစ်တယ်နည်းပညာခေတ်” ပါ။ 

အရင်ကတော့ “အိုင်စီတီနည်းပညာခေတ်” ပေါ့။

“အိုင်စီတီနည်းပညာ” နဲ့ “ဒစ်ဂျစ်တယ်နည်းပညာ” ဘာကွာလဲ။

ကားတစ်စီးကို နမူနာထားပြီးပြောရရင် “အိုင်စီတီနည်းပညာ” က ကားရဲ့ အင်ဂျင်နဲ့တူပြီးတော့ “ဒစ်ဂျစ်တယ်နည်းပညာ” က ကားမောင်းတာနဲ့ တူပါတယ်။ 

အိုင်စီတီခေတ်မှာ နည်းပညာက ပညာရှင်တွေအတွက် သီးသန့်ဖြစ်နေခဲ့ပြီး အခုလို ဒစ်ဂျစ်တယ်ခေတ်မှာတော့ နည်းပညာက လူတိုင်းနဲ့ နီးစပ် လက်လှမ်းမီလာတာပေါ့။

ဘယ်လောက်တောင် နီးစပ်လက်လှမ်းမီလာသလဲဆိုရင် လူသားတွေရဲ့ အားနည်းချက်တွေ၊ အဟန့်အတားတွေဖြစ်တဲ့ “နည်းပညာတွေနဲ့ အလှမ်းဝေးလို့ပါ၊ ပညာမတတ်လို့ပါ၊ အင်္ဂလိပ်လိုတွေ နားမလည်လို့ပါ၊ ဝင်ငွေနည်းလို့ပါ၊ မသန်စွမ်းလို့ပါ၊ ရွာမှာနေလို့ပါ၊ အမျိုးသမီးဖြစ်နေလို့ပါ၊  စိုက်ပျိုးရေး/မွေးမြူရေးအကြောင်းပဲသိလို့ပါ” ဆိုတာတွေကို နည်းပညာက တန်းတူညှိပေးနိုင်တဲ့အပြင် စွမ်းဆောင်ရည်တွေမြင့်တက်လာအောင် အထောက်အကူပေးနိုင်လာပါပြီ။ 

ဒစ်ဂျစ်တယ်ခေတ်မှာ ကလေးငယ်ကနေ အဖိုးအဖွားတွေအထိ နေ့စဉ် လူမှုဘဝတွေမှာ နည်းပညာကို သုံးစွဲလာနေကြသလို လုပ်ငန်းနယ်ပယ်အသီးသီးမှာလည်း နည်းပညာကို အသုံးချပြီး လုပ်ငန်းတွေ ပိုမိုတွင်ကျယ်အောင် ဆောင်ရွက်နိုင်လာကြပါပြီ။

ကိုဗစ်-၁၉ လို ကမ္ဘာ့ကပ်ရောဂါတွေက တွန်းတိုက်လိုက်တာကြောင့် ပိုက်ဆံတွေဟာလည်း ငွေသားအသွင်ကနေ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းလာသလို ငွေပေးငွေယူကိစ္စရပ်တွေကိုလည်း ဒစ်ဂျစ်တယ်လမ်းကြောင်းကနေ ဆောင်ရွက်လာကြရပါတယ်။ တစ်နည်းပြောရရင် ငွေကြေးနည်းပညာကို အသုံးချဖို့ရန် လက်ရှိအချိန်မှာ အဟန့်အတားတွေ၊ အခက်အခဲတွေရှိနေသေးပေမယ့် ဒီငွေကြေးနည်းပညာတွေကို အခက်အခဲမရှိ အန္တရာယ် ကင်းကင်း အသုံးပြုနိုင်ဖို့ရာအတွက် “ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ” ကလည်း လူတိုင်းသိဖို့ လိုအပ်လာပါတယ်။

ဒီငွေကြေးနည်းပညာထဲမှာ မိုဘိုင်းလ်ဝေါလက်ကတော့ အသုံးချဖို့ရန် လိုအပ်ချက်နည်းပါးပါတယ်။ ဒါကြောင့် မိုဘိုင်းလ်ဝေါလက်ဟာ လူတိုင်းနီးပါးနဲ့ လက်လှမ်းမီတယ်လို့ ပြောနိုင်ပါတယ်။

ဒီတော့ . . . ဒစ်ဂျစ်တယ်ခေတ်ရဲ့ ငွေကြေးနည်းပညာတွေကို မိုဘိုင်းလ်ဝေါလက်အကြောင်းကနေ စပြီး လေ့လာကြည့်ကြရအောင်။ စိတ်ဝင်စားတယ်ဆို စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်။

ဒီလို ဒစ်ဂျစ်တယ်ငွေကြေးအသိပညာတွေကို စဥ်ဆက်မပြတ်လေ့လာချင်တယ်ဆိုရင်တော့  

bit.ly/3KWHsx4 အာရ်အီးတွမ်တီဝမ်း (Re21) ဖေ့စ်ဘုတ်ပေ့ချ်ကို လိုက်ခ် (Like) နဲ့ ဖောလိုး (Follow)လုပ်ထားပြီး လေ့လာလို့နိုင်ပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်