ဝ ဥ ပင်တွင် ကျရောက်တတ်သောပိုးမွှားရောဂါများ
ဝ ဥ ပင်သည် မြန်မာ့တောတောင် ရေမြေအနှံ အလေ့ကျပေါက်ပင်များကဲ့သို့ လွယ်ကူစွာ မျိုးပြန့်နှံပေါက်ရောက်နိုင်သော အပင်တစ်မျိုးဖြစ်သည်။ သို့ပေမယ့် ဝ ဥ များ၏ ကျန်းမာရေးအကျိုးကျေးဇူးနှင့် နိုင်ငံတကာစျေးကွက်အရ အပင်များမှ ဥ များကို နည်းစနစ်လွဲမှားစွာ အချိန်မတိုင်မီ တူးဖော်လာကြသဖြင့် မျိုးရှားပါး၍ မျိုးဆက်ပျောက်လု နီးပါး ဖြစ်လာလျှက် ရှိပါသည်။ တစ်ပိဿာ ၅၀ ကျပ် တန်ဖိုးရှိသည့်အချိန်ထဲက တောတောင်များအကြားတွင် ဝ ဥ များကို ရှာဖွေတူးဖော် ရောင်းချခဲ့ကြသည်။ ယခုအခါ နိုင်ငံတကာမှ မြန်မာ့ ဝဥများကို သဘောကျ၍ အမြောက်အများဝယ်ယူလိုဖြင့် တောတောင်များအကြား ဝ ဥ အပင်များကို ရှာဖွေရန်ခက်ခဲလာသည့်အတွက် မိမိလိုအပ်သောမျိုးကို အလွယ်တကူ ရရှိနိုင်ရေးစိုက်ပျိုး လာကြသည်။
ဝ ဥ အပင်သည် တောတောင်များအတွင်း သစ်ရွက်မြေဆွေးများနှင့် ၆၀ ရာခိုင်နှုန်း အရိပ်ရှိသော အပင်ကြီးများအောက်တွင် ကောင်းစွာ ရှင်သန်ကြီးထွား ပေါက်ရောက်နိုင်သည့် သဘာဝအခြေအနေမျိုးဖန်တီး၍ မျိုးများရယူစိုက်ပျိုးလာကြသည်။ စိုက်ပျိုးရာတွင် ဒေသအခြေအနေအလိုက် အပင်၏ကြီးထွားမှုကို အဟန့်အတားဖြစ်စေ သော ပုံမှန်မဟုတ်သည့် အနေအထားတို့ဖြစ်စေသော ပိုးနှင့် ရောဂါကျရောက်မှုများ ရှိလာပါသည်။
အိန္ဒိယ၊ အရှေ့တောင်အာရှဒေသ၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံတို့တွင် စိုက်ပျိုးကြသည်။ မိမိတို့ဒေ သနှင့် ကိုက်ညီမည့်မျိုးများကို သုတေသနပြု စိုက်ပျိုးအဖြေရှာကြပြီး စီးပွားဖြစ်တွက်ခြေကိုက်အောင် နိုင်ငံတကာစျေးကွက်သို့ ထိုးဖောက်နိုင်ရေး စိုက်ပျိုးရာမှ စိုက်ပျိုးခြင်း၏ခန့်မှန်းအထွက်ကို ထိခိုက်စေသည့် အကြောင်းအရာများကို တွေ့ရှိလာကြသည်။
ပိုးများ
ပျ ( Aphids) ၊ မွှားပင့်ကူ( Spider – mites) ၊ သရစ်ပိုး(Thrips) ၊ ရွက် စားခူCaterpillars ၊ စုတ်စားဂျပိုး (Mealybugs) များ ကျရောက်တတ်ပါသည်။
ပိုးကင်းစင် သောမျိုးဥများကိုရွေးချယ်စိုက်ပျိုးပါ။
မျိုးဥများတွင် သိုလှောင်ချိန် ပိုးကျရောက်မှုများ တွေ့ရှိပါက စိုက်ကွင်းအတွင်း စိုက်ပျိုးချိန် စုပ်စားပိုးသေစေသည့် ပင်လုံးပြန့်ပိုးသတ်ဆေးများနှင့် ကြိုတင်လူးနယ် စိုက်ပျိုးရပါမည်။
ရောဂါများ
(၁) အရွက်အစက်အပြောက်မှိုရောဂါ(Leaf spot )

ရောဂါဖြစ်စေသောသက်ရှိ – Colletotrichum siamense
အရွက်အပေါ်တွင် အစက်အပြောက်များဖြစ်ပေါ်နေသည်ကို တွေ့ရပါမည်။ ဓါတုနည်းအရ မန်ကိုဇက် ၂ ဂရမ်ကို ရေ တစ်လီတာဖြင့်( Mancozeb 2g/lit) ပက်ဖြန်းနိုင်ပါသည်။
(၂) အပင်ခြေပုပ်ရောဂါ ( Collar rot / foot rot )

မိုးပြင်းထန်းစွာရွာသွန်းပြီး စိုထိုင်ဆများလွန်းခြင်း၊ မြေစေးလွန်းပြီး အော်ဂဲနစ် မြေဆွေး များလွန်းခြင်း၊ ရေစီးဆင်းမှု ညံ့လွန်းသော အခြေအနေတွင် ဥ ပုပ်ခြင်းရောဂါကိုဖြစ်စေသည်။
ရောဂါလက္ခဏာကို စိုက်ပြီး ၂-၃ လ သားအပင်များတွင်တွေ့ရသည်။ အပင်၏ပင်စည်အခြေနေရာများတွင် တွေ့ရသည်။ ပင်စည်ပေါ်တွင် ရေစိုနာကွက်ကို စတင်တွေ့ရှိရပြီးနောက် တစ်ပင်လုံး အဝါရောင်ပြောင်းလာပြီး အပင်ပုပ်ပြီး ပျက်စီးသွားသည်။
သီးလှည့်စိုက်ပါ။ ရောဂါကျအစိတ်အပိုင်းကို ဖယ်ရှားပါ။ တမာကြိတ်ဖတ်ကိုထည့်သွင်းပါ။
စိုက်ကွင်းအတွင်း ရေမဝပ်အောင် ဂရုစိုက်ပါ။
ဓါတုဆေးအနေဖြင့် ကာဘန်ဒါဇင်Carbendazim မှိုသတ်ဆေးကို သုံးစွဲနိုင်ပါသည်။
ဇီဝနည်းအရ ထရိုင်ကိုးဒါးမားနှင့်နွားချေးဆွေးအား ရောနှောထည့်သွင်းခြင်းဖြင့် ကာကွယ်နိုင်ပါသည်။
(၃) အဝါရောင်မိုစေ့ရောဂါ ( Mosaic )

ပျများကျရောက်ပြီးနောက် အပင်ဝါပြီး ပုံပျက်သွားခြင်းဖြစ်ပါသည်။ ရောဂါကျအပင်ကို များသောအားဖြင့် ဘေးအပင်များတွင်တွေ့ရပြီး ဥ ကြီးထွားနှုန်းကို သေးစေပါသည်။ ရောဂါကျရောက်အပင်ကို ဖယ်ရှားပြီးနောက် ရောဂါဆက်လက်မဖြစ်စေရန် အတွက် ပျများကို ပင်လုံးပြန့်ပိုးသတ်ဆေး သုံးစွဲ နှိမ်နင်းရပါမည်။
ရိတ်သိမ်းချိန်တွင် သတိပြုသင့်သည့်အချက်များ
အပင်ကောင်းစွာကျချိန် အရွက်များဝါပြီး အရွက်သီးများ အလွယ်တကူ ခူးချွေ၍ ရသောအချိန်တွင် ဥများအား တူးဖော်ရမည်။ အကျိုးရလာဒ်အနေဖြင့် ဥများအတွင်းပါဝင်သော ဆေးဝါးအာနိသင်ကို ပိုမိုပြည့်ဝစေခြင်း၊ အလေးချိန် ပမာဏပိုခြင်း၊ ဥ ပုပ်မှုတို့မရှိခြင်းတို့ကို ရရှိစေသည်။ တူးဖော်ချိန်တွင် ဥကို ဒါဏ်ရာမရစေရန်သတိပြုရမည်။ တူဖော်ပြီး ဝဥများကို မသိုလှောင်မှီ ရေစင်အောင်ဆေးကြော၍ အရိပ်အောက်တွင်(၂) ရက် ဖြန့်ပြီးထားရမည်။ ပြီးလျှင် လေဝင်လေထွက် ကောင်းပြီး ဖြန့်ကြက်သည့်အလင်း အနည်းငယ်ရှိသောအခန်းတွင် သိုလှောင်ရမည်။
10.9.2018
အေးသန္ထာစိုး၊ B. Agr . Sc
Ref; -https://www.agrifarming.in> elephant foot yam cultivation guide
-Elephant foot yam- TNAU Agritech Poral
-www.ccari.res.in>dss> elephant foot yam
-slideshare by Dr. Parveen Sharma, Associate Professer . Vegetable
Science & Floriculture
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
လောင်မဲနိုင်တဲ့ဆေးလေးသိပါရစေဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ပန်းပင်အရွက်များအခြားအပင်နဲ့မတူအရောင်ဖျော့နေတာဘာဖြစ်နေလဲမသိလို့ ဆရာတို့ လမ်းညွှန်ကြပါအုံးဗျို့
Aung Nay Linn • ဖြေကြားချက် 3 ခု
မြေပဲ ရက်၂၀ ရှိပါပီ နွားသေး တခါဖြန်းဖူးပါတယ် ရောဂါဖြစ်နေတာလား မိုးများလို့ စမ်းကိုင်နေတာလား ဆရာကြီး
နံပတ်2 • ဖြေကြားချက် 1 ခု
အဲလိုဖြစ်နေတာဘာရောဂါလဲဆရာတို့
သန်းထိုက်အောင် • ဖြေကြားချက် 3 ခု
စပါးနှံစုပ်ပိုးကို ဘယ်ပိုးသတ်ဆေး ai နဲ့နိုင်ပါသလဲဆရာ စပါးပန်းပွင့်မှ ဖျန်းရတာလား ဘယ်အချိန်ဖျန်းရမလဲဆရာ
Zaw Myo Win • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
More from ayethandasoe
အားလုံး
ဒူးရင်းသီးတွင်ကျရောက်သော အသီးပုပ်ခြင်းရောဂါ (Durian Fruit disease )
23/10/2020
ဒူးရင်းအရွက် ငှက်မျက်စိကွက်ရောဂါ
20/05/2020
ဒူးရင်းအရွက်သံချေးရောဂါ ( Durian Leaf Green Alga Rust )
14/05/2020
ဒူးရင်းရွက်အစက်အပြောက်ရောဂါ ( Durian Leaf spot )
05/05/2020
ပန်းထိမ်ငိုပန်း(Globba winitii - Dancing girl ginger) စိုက်ပျိုးနည်း
20/04/2020