ကြက်သွန်ဒေါင်းနီးမှိုရောဂါ(Downy Mildew of Onion) နှင့် ကာကွယ် နှိမ်နင်းနည်း

10/01/2018 16:38 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရောဂါဖြစ်စေသော သက်ရှိ- Peronospora destructor

ရောဂါ ကျရောက်သည့် အချိန်- ဆောင်းရာသီ၊ မိုးရာသီ

ရောဂါ လက္ခဏာ

ဒေါင်းနီးမှို ရောဂါသည် ကြက်သွန်နီ၊ ကြက်သွန်ဖြူ စသည့် ကြက်သွန်မျိုးရင်းဝင် အပင်များတွင် ကျရောက်နိုင်ပါသည်။ အရွက်ပေါ်တွင် ရွက်ပြောက်ဖြစ်ခြင်း၊ အရွက်တစ်ခုလုံး ခြောက်ခြင်းတို့ ဖြစ်ပေါ်စေပါသည်။ အရွက်ထိပ်ဖျားမှ စတင်၍ အောက်ဖက်သို့ ဘဲဥပုံရှိ စိမ်းဝါဖျော့ရောင်(သို့မဟုတ်) မီးခိုးရောင် အကွက်ကြီးများ ဖြစ်လာသည်။ အရွက်ထိပ်ဖျားမှာ အရောင်ဖြူ၍ လိမ်ကောက် လာပြီး အောက်သို့ ငိုက်ကျလာသည် ၎င်းလက္ခဏာမှာ အရွက်ရင့်များတွင် စတင် ဖြစ်သည်။ အကွက်ရှည်များထဲတွင် မီးခိုးပြာ (သို့မဟုတ်) ခရမ်းမှိုင်းရောင် မှိုအစုအဝေးကို တွေ့နိုင်သည်။ နောက်ပိုင်းတွင် ၎င်းနေရာများဖြူ၍ ခြောက်သွားသည်။ သိုလှောင်ထားသော ကြက်သွန်များတွင် ရောဂါကျပါက ပုပ်၍ ရှုံ့တွလာသည်။ အပြင်ဘက် ရွက်ဖတ်များမှာ အရောင်ပြယ်ပြီး အရွယ်မရောက်မီ အညှောင့်ပေါက်လာနိုင်သည်။

ရောဂါ သံသရာ

ရောဂါ ဖြစ်စေသော မှိုသည် ရောဂါ ကျရောက်တတ်သော ပင်ကြွင်း ပင်ကျန်များတွင် ခိုအောင်းနိုင်ပါသည်။ ရာသီဥတု အခြေအနေပေးပါက လွန်စွာ ဖျက်ဆီးနိုင်သည်။ စိုထိုင်းဆ များသော ရာသီဥတုတွင် ရောဂါရ အစိတ်အပိုင်းများမှ မှိုစပိုး အစုအဝေးကို ထုတ်လုပ်ပြီး အခြား အပင်များသို့ လေအားဖြင့် ပျံ့နှံ့စေပါသည်။  ခြောက်သွေ့သော ရာသီဥတု အပူချိန်(၂၅ ဒီဂရီ စင်တီဂရိတ်) အထက်တွင် ရောဂါ ဖြစ်စေသော မှိုစပိုးများသည် ရှင်သန်နိုင်ခြင်း မရှိပါ။ နားနေ စပိုးများသည် မြေကြီးထဲတွင် (၄-၅) နှစ်အထိ အသက် ရှင်သန်နိုင်ပါသည်။

ကာကွယ် နှိမ်နင်းနည်း

  • ရောဂါ ကင်းစင်သော မျိုးစေ့၊ ပျိုးပင်တို့ကိုသာ စိုက်ခင်းတွင် စိုက်ပျိုးပါ။
  • ရေသွင်း ရေထုတ်ညံ့သော မြေတွင် စိုက်ပျိုးခြင်းမှ ရှောင်ကြဉ်ပါ။
  • ကြက်သွန်မျိုးရင်းဝင် မဟုတ်သော အခြား သီးနှံများနှင့်သာ အလှည့်ကျ စိုက်ပျိုးပါ။
  • ပေါင်းမြက်ရှင်းလင်းခြင်းသည် လေဝင် လေထွက် ကောင်းမွန်စေပြီး ရောဂါ ကျရောက်မှုကို လျော့နည်းစေသဖြင့် စိုက်ခင်းတွင် ပေါင်းမြက် မရှိစေရန် ဆောင်ရွက်ပါ။
  • ရေပန်း စနစ်(Sprinkler Irrigation) ဖြင့် ရေပေးသွင်းခြင်းသည် ကြက်သွန်ဒေါင်းနီးရောဂါ ကျရောက်မှုကို ပိုမို ဖြစ်ပေါ်စေတတ်သဖြင့် ရေပန်းစနစ်ဖြင့် ရေပေးသွင်းခြင်းကို ရှောင်ကြဉ်ပါ။
  • ရောဂါ ကျရောက်ပါက မှိုသတ်ဆေးများဖြစ်သည့် ရီမိုမေး (လ်) (Ridomin) PHI (၇) ရက်၊ ဖော်တာဇက် (Fortazeb) PHI (၇) ရက် (၂၅၀ ဂရမ်/ဧက) နှုန်း၊ လာဘီလိုက် (Labilite) PHI (၁၄) ရက် (၁၂၅-၁၇၀ ဂရမ်/ဧက) နှုန်းနှင့် ကိုဆိုက်ဒ် (Kocide) PHI (၁၄) ရက် (၁ကီလို/ဧက) နှုန်း ကဲ့သို့သော ကော့ပါးပါသော ဆေးများဖြင့် (၁၀-၁၄) ရက်ခြား အလှည့်ကျ ပက်ဖြန်းပါ။

မှတ်ချက်။ PHI (Pre Harvest Interval)ဆိုသည်မှာ ပိုးသတ်ဆေးဖြန်း အသုံးပြုပြီးနောက် သီးနှံများ ရိတ်သိမ်းရန် စောင့်ဆိုင်းရမည့် အချိန်ကာလ။

ပိုးသတ်ဆေး တစ်မျိုးချင်း သီးနှံအမျိုးအစားပေါ် မူတည်၍ ရိတ်သိမ်းရန် စောင့်ဆိုင်းရမည့် အချိန်ကာလသည် ကွာခြားမှု ရှိပါသည်။

ဓာတ်ပုံ-ကြက်သွန်ရွက်ခြောက် ရောဂါကြောင့် အရွက်ထိပ်ဖျားများဖြူ၍ အောက်သို့ ငိုက်ကျသွားပုံ 

အစိမ်းရောင်လမ်း

မှတ်ချက်- စိုက်ပျိုး မွေးမြူ ရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့်  စိုက်ပျိုးရေး ဦးစီးဌာန (www.doa.gov.mm)မှ စိုက်ပျိုးရေး နည်းပညာများ ပြန်လည် မျှဝေ ပေးခြင်း ဖြစ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်