ကြက်ဥခွံ့ဖြင့် မြေသြဇာ လုပ်နည်း

08/12/2017 22:29 PM တွင် Khant Zaw Htet Khant Zaw Htet မှ ရေးသား

ကြက်ဥသည် အရသာ ရှိပြီး အာဟာရ ဖြစ်စေပါတယ်။ သို့သော် လူအများစုသည် အနည်းဆုံး အပင်အတွက် အကောင်းဆုံး အစိတ်အပိုင်း ဖြစ်စေသော ကြက်ဥခွံ့ကို လွှင့်ပစ်ကြပါတယ်။ မြေသြဇာ ဝယ်ဖို့ ပိုက်ဆံ အများကြီး သုံးမဲ့အစား ကျွန်တော်တို့ ကိုယ်တိုင် ကြက်ဥခွံ့ သုံးပြီး ဘာကြောင့် မြေသြဇာ အဖြစ် မပြုလုပ်ကြသလဲ? တကယ်တော့ ကျွန်တော်တို့ ကိုယ်တိုင် ကြေနေတဲ့ ကြက်ဥခွံ့တွေ သို့ ကြက်ဥခွံ့ အရည်တွေကို အသုံးပြုပြီး မြေသြဇာ လုပ်မယ်ဆို မြေကြီးရဲ့ အာဟာရ တက်စေပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင် ကြက်ဥခွ့ံ့နဲ့ ကြက်ဥ ပျိုးခွက် လုပ်ပြီး သင့်ရဲ့ ပျိုးပင်လေးကို ကောင်းကောင်းနဲ့ သေချာ စတင်နိုင်ဖို့ လုပ်ဆောင်နိုင်ပါတယ်။

ကြက်ဥခွံ့မြေသြဇာ လုပ်နည်း(၃) မျိုး

(၁) ပထမနည်း (ကြက်ဥမှုန့်)

ကြက်ဥခွံကို ခွဲပြီး အမှုန့် လုပ်ပါ။ အနှစ် အကာများကို ဖယ်ထုတ်ပြီး ရေနွေးဖြင့် အခွံများ ကိုပြောင်အောင်ဆေးပါ။ ကြက်ဥ အနှစ် အကာများ နေပူတွင် အခြောက်လှန်းရန် လိုပါသည်။ စားသုံးပြီး ကြက်ဥခွံများကို အသုံးပြုနိုင်ကာ ကြက်ဥ ၄-၅ခွံလျှင် အပင်တပင်နှုန်း ပျမ်းမျှ အသုံးပြုနိုင်ပါတယ်။

အမှုန့်ဖြစ်အောင် ငရုတ်ဆုံ(သို့မဟုတ်) အမှုန့်ကြိတ်စက် စသဖြင့် အညက်ဆုံးဖြစ်အောင် ပြုလုပ်ရန် လိုပါတယ်။

ပန်းပင်/ငရုတ်/ဟင်းသီး ဟင်းရွက် အလှစိုက်ပင်များ အတွက်မြေဆွေး ထည့်သော ပန်းအိုးများတွင် ဟင်းစားဇွန်း ၂-၃ဇွန်း (၂၀-၃၀ ဂရမ်) မြေဆွေးနှင့် အတူ ရောစပ်လျှင်သော်လည်းကောင်း၊ ကျင်းဖောက် ထည့်ခြင်းဖြင့် လည်းကောင်း ထည့်စိုက်မယ် ဆိုလျှင် လျှင်မြန်စွာ ဆွေးမြည့်ပြီး မြေဆွေးမြေသြဇာ အဖြစ် ရနိုင်ပါပြီ။

မြေဆွေးအဖြစ် အပေါ်မှ ဖြူးကာ အလီလီ တလ တကြိမ် ထည့်ကျွေးနိုင် ပါသေးတယ်။ ကယ်လ်စီယမ်နဲ့အခြား အာဟာရများ ပါဝင်တဲ့ အတွက် အပင်များ သန်စွမ်း ကျန်းမာ တုတ်ခိုင်စေပါတယ်။

(၂) ဒုတိယနည်း (ကြက်ဥစိမ်ရည် - Eggshell's tea)

ကြက်ဥခွံများ စုဆောင်းပါ။ သန့်ရှင်း ရန်ရေနွေးဖြင့်ဆေးပေး ထားပါ။ ကြက်ဥ အခွံ့ကို ဆေးတဲ့အခါ အခွံ့ အတွင်း တခြား အကြွင်း အကျန်များ မကျန်အောင် လက်နဲ့ ဆေးပေးပါ။ အဲ့လို ဆေးတဲ့အခါ ကြက်ဥတွင်းက အမြှေးပါးလေးတွေ ကျန်အောင် ပြုလုပ်ပါ။ ၎င်းထဲတွင် အာဟာရ အများစု ပါဝင်နေသောကြောင့် ဖြစ်ပါတယ်။ ကြက်ဥ အနှစ် အကာများ ကိုတော့မိမိတို့နေ့လည်စာ၊ ညစာ အဖြစ် စားသုံးနိုင်ပါတယ်။ အပင် အားဆေးတွင် မသုံးပါဘူး။

ကြက်ဥခွံများကို ကြိတ်ခြေရန် လိုပါတယ်။ အသေးဆုံး အပိုင်းများဖြစ်လေ ပျော်ဝင်မှု မြန်လေ ဖြစ်ပါတယ်။

ဆားခါး ဟင်းစားဇွန်း တဇွန်းခွဲ(၁၅ဂရမ်)+ ကြက်ဥမှုန့်(ဟင်းစားဇွန်း ၃ ဇွန်း) အိုးလွတ်တခု တွင်ရောထည့်ပေးပါ။ ဆားခါးတွင် မဂ္ဂနီဆီယမ်နှင့် ဆာလဖိတ်ဓာတ် မြင့်မားစွာပါဝင်တဲ့ အတွက် အပင် အတွက်ကောင်းမွန်သည့် အပြင် အပွင့် အသီးကို ပိုမို အားပေးသော အားဆေးဖြစ် ရရှိပါတယ်။

အိုးထဲတွင်ဆားခါး ကြက်ဥခွံကိုထည့်ပြီး ရေ တဂါလံ ပိုပို ထည့်ပြီး မီးပူပေါ်တွင် တည်ပါ။ ရေနွေးနှင့် ကြက်ဥခွံများ ပွက်ကာ ရေနှင့်ပျော်ဝင်သည် အထိ ကျိုပါ။ တဂါလံ အတင် ကျန်အောင်ပျော်ရည်ကို ကျိုနိုင်ပါတယ်။

ထို့နောက် အိုးကို အဖုံးအုပ်ပြီး တရက်မှရက် အနည်းငယ် မဖွင့်ပဲ ဖုံးအုပ်ထားပါ။ အဖုံး ဖွင့်လိုက်ပါက အာဟာရများ လျှော့နည်း ဆုံးရှုံးတတ်ပါတယ်။

လေလုံသော ဗူးထဲတွင် အဖုံးသေချာပိတ် သိမ်းဆည်းပါ။ ပူသောအေးသောနေရောင် တိုက်ရိုက် ကျသောနေရာတွင် မထားသင့်။ အပင်အတွက် အားဆေးကောင်း တခုကို ရရှိပါပြီ။

အပင် အနေအထား အလိုက် ရေ (၄) ဂါလံလျှင် ဟင်းစားဇွန်း ၁၀-၁၅ ဇွန်း အထိရောစပ် သုံးနိုင်ပါပြီ။ တလ တကြိမ်မက ပုံမှန် အသုံးပြုနိုင်ပါကြောင်း။

(၃) တတိယနည်း( ကြက်ဥပျိုးခွက် သို့မဟုတ် Seed Starter)

ကြက်ဥကို အလယ်မှ မခွဲပဲ အချွန်ဘက် သုံးပုံ တပုံခန့်တွင် ခွဲရန် လိုအပ်ပြီး အကာ အနှစ်များကို အသုံးပြုရန် မလိုပါ။ ပြုတ်ထားသော ကြက်ဥခွံများကို အသုံးမပြုရ။ ရေစိမ့်ဝင်မှု ရှိသောကြောင့် ပုပ်တတ်ပါသည်။ အရောင်ပါသော အရောင် စွန်းထားသော ကြက်ဥကို မသုံးရပါဘူး။

ရေနွေးဖြင့် အတွင်း အပြင်ဆေးရန် လိုအပ်သလို လက်ဖြင့် အမှေးပါးများကို မရှိအောင် ပွတ်သပ် ချွတ်ဆေး ရပါမယ်။ နေပူတွင်ခြောက်အောင် လှမ်းရန် လိုပါတယ်။

ကြက်ဥဖင်ဘက်ကို ပုံတွင် ပြထားသည့်အတိုင်း အတွင်းဘက်မှ လက်ဖြင့်ထိန်းကာ အပ်ဖြင့်ဖောက်ပေးပါ။ မရနိုင်ပါက အနည်းငယ် ကွဲအက်အောက်ခွဲပေးရန် လိုအပ် ပါတယ်။ သို့မှရေစိမ့် ထွက်မှုကောင်းပြီး ပျိုးပင်များ ရေဝပ်ဒဏ်မှ ကာကွယ်ပြီး ဖြစ်သွားပါတယ်။

မိမိ စိတ်တိုင်းကျရောစပ်ထားတဲ့မြေဆွေးကို ဇွန်းငယ် အသုံးပြုထည့်ပါ။

မျိုးစေ့ ၂-၃ စေ့ထည့်သွင်းပြီး မြေဆွေး ပါးပါး ထည့်ကာ ပျိုးထောင်နိူင်ပါတယ်။ တပတ်ကြာလျှင် မျိုးစေ့ အညောင့်ပေါက် လာပါလိမ့်မယ်။ ဂေါ်ဖီ ၊ သခွား၊ နံနံ၊ ငရုတ်၊ ပဲ၊ ခရမ်းချဉ် စသဖြင့် အိမ်တွင်း မီးဖိုချောင်း သီးနှံများတွင် အသုံးတည့်ပါလိမ့်မယ်။

ကြက်ဥ ပျိုးခွက်များ တည်ငြိမ်ရန် ယခုကဲ့သို့ကြက်ဥ ထည့်ခွက်များ သုံးနိုင်ပါတယ်။

ပုံတွင် ပြထားသည့် အတိုင်း ရေလိုအပ်ချက် အတိုင်း ရေလောင်းရန် လိုအပ်ပါတယ်။

ပျိုးပင်မှ အရွက်စုံလျှင်(မင်္ဂလာရွက်ရင့်လျှင်) ပုံတွင် ပြထားသည့် အတိုင်း မြေတွင် စိုက်နိုင်ပါပြီ။ ကြက်ဥခွဲရန် မလိုပါ။ ကြက်ဥခွံဟာ တလကျော်လျှင်ဆွေးမြေ့ပြီး အပင ်အတွက်မြေဆွေး ကယ်လစီယမ်ကို ထပ်မ ံရရှိစေပါတယ်။

KhantZawHtet (ACOM)

Ref-wikihow

 

Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်