မြန်မာ့ကော်ဖီ တန်ချိန် (၅၀၀) တင်ပို့သွားမည်

07/05/2019 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ယခုနှစ်အတွင်း မြန်မာ့ကော်ဖီ တန်ချိန်  (၅၀၀)တင်ပို့သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းမှ သိရပါတယ်။ 

ပြင်ဦးလွင် နဲ့ရွာငံမှ မြန်မာ့ကော်ဖီ တန်ချိန် (၅၀၀)ကို မေလကုန်မှ စတင်ကာ  တင်ပို့သွားမှာဖြစ် ကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းမှ ဒုတိယဥက္ကဌ ဦးစိုင်းဝမ်ကပြောပါတယ်။ 

“ ကော်ဖီရာသီပို့ချိန်ရောက်တော့မှာဆိုတော့ ဒီမေလကုန်ကနေ စတင်ပြီး တင်ပို့သွားဖို့လုပ်ဆောင်နေပါတယ်။ ပြင်ဦးလွင်နဲ့ ရွာငံက ကော်ဖီတန်ချိန်စုစုပေါင်း (၅၀၀) ဝန်းကျင် လောက်ကို ဒီနှစ်ထဲမှာ တင်ပို့ဖို့မှန်းထားပါတယ်”

မြန်မာ့ကော်ဖီကို အမေရိက ၊ ဂျာမနီ ၊ ဂျပန် ၊ ကိုရီးယား ၊ ဘယ်လ်ဂျီယံ ၊ ဒူဘိုင်း ၊ စင်ကာပူ နဲ့ ရုရှား နိုင်ငံအပါအဝင် နိုင်ငံ(၁၃)နိုင်ငံကို တင်ပို့နေတာဖြစ်ကြောင်းလည်းသိရပါတယ်။

ယခင်ဘဏ္ဍာနှစ်ကလည်း မြန်မာ့ကော်ဖီတန်ချိန် (၅၀၀)ဝန်းကျင်တင်ပို့နိုင်ခဲ့ပြီး ကော်ဖီတစ်တန်ကို အမေရိကန်ဒေါ်လာ (၄၅၀၀) မှ အမေရိကန်ဒေါ်လာ (၇၀၀၀)ဝန်းကျင်ထိ ရရှိခဲ့ကြောင်းလည်း မြန်မာနိုင်ငံကော်ဖီအသင်းမှသိရပါတယ်။

တိုးတိုးခိုင် (ABM)


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်