ပထမဆုံးအကြိမ် မြန်မာ့ဖရဲသီးများ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (ဒူဘိုင်း-UAE) သို့ တင်ပို့ရောင်းချမည့်ရက် ရွေ့ဆိုင်း

12/12/2020 14:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    မြန်မာနိုင်ငံမှစိုက်ပျိုးထွက်ရှိသည့် ဖရဲသီးများကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့တွင် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (ဒူဘိုင်း-UAE) သို့ ပထမဆုံးအကြိမ်တင်ပို့မည်ဟု သတ်မှတ်ခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် (၁၃) ရက်နေ့သို့ ရွေ့ဆိုင်းလိုက်ကြောင်း မြန်မာနိုင်ငံ ဖရဲ၊သခွားမွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

အခုလာမယ့် ဒီဇင်ဘာ ၁၃ ရက်ကစပြီး မြန်မာ့ဖရဲသီးတွေကို ဒူဘိုင်းကို တင်ပို့တော့မှာ ဖြစ်ပါတယ်။ အစကတော့ ဒီဇင်ဘာလ ၆ ရက်နေ့မှာ တင်ပို့ဖို့ စီစဉ်ထားခဲ့ကြတာပါ။ သင်္ဘောရက်ရွေ့သွားတဲ့အတွက် ၁၃ ရက်နေ့ကို နေ့ပြောင်းလိုက်ရတာပါ။ မြန်မာ့ဖရဲသီး တင်ပို့ရောင်းချမှုအနေနဲ့ အရှေ့အလယ်ပိုင်းဈေးကွက်ကို ဒါ ပထမဦးဆုံးအကြိမ် တင်ပို့တာပါ။ တရုတ်ဈေးကွက်တစ်ခုတည်းကို အားကိုးနေမယ့်အစား ဈေးကွက်သစ်တွေ ဖော်ဆောင်ဖို့ အများကြီးမျှော်လင့်ထားခဲ့ပါတယ်။ မိတ်ဆွေတွေရဲ့ဝိုင်းဝန်းကူညီမှုနဲ့ အသင်းရဲ့ကြိုးပမ်းမှုတွေကြောင့် အခုတော့ ဈေးကွက်သစ် ရရှိခဲ့ပါပြီ။

ဟု မြန်မာနိုင်ငံ ဖရဲ၊သခွားမွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ပြောသည်။

    မြန်မာ့ဖရဲသီးများ ပြည်ပသို့တင်ပို့ရောင်းချရာတွင် မူဆယ် (၁၀၅) မိုင်မှတဆင့် တရုတ်နိုင်ငံဈေးကွက်တစ်ခုတည်းကိုသာ အဓိကထား အမှီပြုရောင်းချနေရသည့်အတွက် ယခုတင်ပို့မှုသည် မြန်မာ့ပထမဆုံး ဖရဲ၊ သခွားမွှေး Export ဈေးကွက်သစ် ဖော်ဆောင်နိုင်မှုလည်း ဖြစ်သည်။

မြန်မာနိုင်ငံကနေ ဖရဲသီးတွေတင်ပို့တဲ့အခါ တစ်ပါတည်း သခွားမွှေးသီးတွေကိုလည်း အမြည်းအနေနဲ့ ထည့်ပို့ပေးလိုက်ဖို့ စီစဉ်ထားပါတယ်။ ဒီတစ်ကြိမ်မှာ ဒူဘိုင်းကိုတင်ပို့တာ အဆင်ပြေသွားတာနဲ့ ကာတာနိုင်ငံ၊ စင်ကာပူနိုင်ငံတွေကိုပါ ဆက်လက်တင်ပို့သွားဖို့ စီစဉ်သွားကြမှာပါ။

ဟု ဦးနိုင်ဝင်းက ဆက်လက်ပြောသည်။

    ကနဦးတင်ပို့မှုအနေဖြင့် အစေ့မဲ့ဖရဲအမျိုးအစား ဖရဲသီး (၂၅) တန်ကို အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (ဒူဘိုင်း-UAE) သို့ တင်ပို့မည်ဖြစ်သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်