ဂန့်ဂေါတွင် ဖောငမြှောင်တောင်ဖလံများကို လက်လုပ်ထောင်ချောက်များဖြင့် စမ်းသပ်ဖမ်းဆီး

15/07/2019 17:00 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

ဂန့်ဂေါမြို့နယ်အတွင်း ဖောငမြှောင်တောင် ကျရောက်ဖျက်ဆီးမှုကို စောစီးစွာ ကြိုတင်သိရှိပြီး ထိရောက်စွာ စနစ်တကျ ကာကွယ်နှိမ်နင်းနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်နှင့်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ ဖီရိုမုန်းထောင်ချောက်များဖြင့် ဖလံမများကို ထောင်ဖမ်းခြင်း၊ ဥမြုံနှင့် လောက်ကောင်များကို လက်ဖြင့်ကောက်ယူ ဖျက်ဆီးခြင်း၊ လိုအပ်ပါက ပိုးသတ်ဆေးများပက်ဖြန်းခြင်း စသည့် ဘက်စုံပိုးမွှား ကာကွယ်နှိမ်နင်းရေးနည်းစနစ်များဖြင့် ကာကွယ်နှိမ်နင်းလျက်ရှိသည်။
ခရိုင်ဦးစီးမှူး ဦးကျော်မင်းသန့်၊ မြို့နယ်ဦးစီးမှူး ဦးထင်အောင်ကြွယ်၊ ခရိုင်သီးနှံကာကွယ်ရေးတာဝနိခံ ဒေါ်မြင့်မြင့်နွယ် နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများသ ည် လာပို့ကျေးရွာရှိ တောင်သူ ၃ ဦး၏ ဖူးစားပြောင်းခင်းများတွင် ရေသန့်ဘူးခွံနှင့် ထန်းလျက်ရည်ကိုအသုံးပြု၍ ဖလံများကို စမ်းသပ်ထောင်ဖမ်းခဲ့ရာ အောင်မြင်စွာ ဖမ်းယူနိုင်ခဲ့ကြောင်း သိရသည်။
“ဝ.၂၅ဧက ကို ထောင်ချောက်တစ်ဘူးနှုန်းဖြင့် ၄ ဘူး ထောင်ခဲ့ရာတွင် တစ်ဘူးလျင် ဖလံအမ ၃ ကောင် မှ ၁၇ကောင် ထိ ဖမ်းမိပြီး၊ စုစုပေါင်း ၂၈ ကောင်မိသည့်အတွက် ပျှမ်းမျှတစ်ဘူး ၇ ကောင်နှုန်း ဖမ်းမိရရှိခြင်းဖြစ်သည်။ ဖလံအမတစ်ကောင်သည် တစ်ကြိမ်လျင် ဥ ၁၀ဝ မှ ၂၀ဝ ထိဥပြီး သက်တမ်း တစ်လျှောက် ဥပေါင်း ၂၀ဝ၀ ခန့်ဥနိုင်သည့်အတွက် ထောင်ချောက်တစ်ဘူး မှ လောက်ကောင် ၁၄၀ဝ၀ လောက် ပေါက်လာမှာကို ဟန့်တားနိုင်ခြင်းဖြစ်ပြီး ပြောင်းဖူးအပင် တစ်သောင်းကျော်ကို ကာကွယ်နိုင်မည်ဖြစ်သည်။
ထောင်ချောက်လုပ်နည်းအနေဖြင့် ထန်လျှက်အညိုကို ညောင်စေးကျအောင်ကြိုပြီး ရေနဲ့ဆတူ ရောကာ ဘေးနှစ်ဖက် အပေါက်ဖောက်ထားသည့် ရေသန့်ဘူးထဲသို့ထည့်၍ ဘူးကို တုတ်တိုင်မှာ ကပ်ချည်ထားခြင်း ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမြင့်ဇော် က ပြောသည်။
ကုန်ကျစရိတ်နည်းနည်းဖြင့် ငမြှောင်တောင်ပိုး ကျရောက်ဖျက်ဆီးမှုကို ကာကွယ်နိုင်သဖြင့် အဆိုပါ နည်းကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ရေး ပညာပေးစည်းရုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စိုက်ပျိုးရေးဦးစီးဌာန


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်