ပထမဦးဆုံးအကြိမ်ထောပတ်သီးစားပွဲတော် ပြုလုပ်ကျင်းပသွားမည်
ပြင်ဦးလွင်မြို့မှာ ပထမဦးဆုံးအကြိမ်အနေဖြင့်ထောပတ်သီးစားပွဲတော် ပြုလုပ်ကျင်းပသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း (ပြင်ဦးလွင်မြို့နယ်)မှ သိရပါတယ်။
ထောပတ်သီးကို ပြည်တွင်းစားသုံးမှု မြင့်တက်လာစေရန်အတွက် ရည်ရွယ်ပြုလုပ်တာဖြစ်တယ်လို့ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမာန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း(ပြင်ဦးလွင်မြို့နယ်)မှ ဥက္ကဌ ဦးမျိုးညွှန့်ကပြောပါတယ်။
“ ထောပတ်သီးစားပွဲတော်က ပြင်ဦးလွင်မှာ ပထမဦးဆုံးကျင်းပဖြစ်တာပါ။ အချိန်နဲ့နေ့ရက်ကိုတော့ နီးရင် အသေးစိတ်ပြောပေးသွားမှာပါ။ အဓိကကတော့ ထောပတ်သီးကို ပြည်တွင်းမှာစားသုံးမှုမြင့်တက် စေချင်တာကြောင့် လုပ်သွားမှာပါ”
ယခုနှစ်အတွင်းထောပတ်သီးစားပွဲတော်ကို ပြင်ဦးလွင်မှာ ကျင်းပနိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း အဆိုပါအသင်းမှသိရပါတယ်။
ထောပတ်သီးကို ချင်းပြည်နယ် ၊ ရှမ်းပြည်နယ် နဲ့ ပြင်ဦးလွင်တို့မှာ အများဆုံးစိုက်ပျိုးထားရှိကြောင်းလည်း မြန်မာနိုင်ငံ သစ်သီးဝလံပန်းမာန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း(ပြင်ဦးလွင်မြို့နယ်)မှ သိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more