Green Way app ရှိ ‘နေ့စဉ်ဈေးနှုန်းများ’ ကဏ္ဍထဲတွင် ယခင်ဖော်ပြနေသည့် သီးနှံဈေးနှုန်းများအပြင် တနင်္သာရီ တိုင်းဈေးကွက်မှ ဝဥ၊ ရာဘာ၊ ကွမ်းသီးဈေးနှုန်းများလည်း ရရှိဖော်ပြနေပြီ ဖြစ်ပါသည်။
လက်ရှိတွင် ရေထွက်ပစ္စည်းဈေးနှုန်းများပါ ရရှိနိုင်ပြီဖြစ်သော်လည်း သီးခြားအနေဖြင့်သာ ဖော်ပြနိုင်သေးပြီး ‘နေ့စဉ်ဈေးနှုန်းများ’ ကဏ္ဍထဲတွင် ထည့်သွင်းဖော်ပြနိုင်ရန်လည်း လုပ်ဆောင်သွားမည်ဖြစ်ပါသည်။
(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများအတိုင်း ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။)
(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။