အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
၂၀၁၈ ခုနှစ် ၆ လအတွင်း လယ်ယာ၊ သား၊ ငါးကဏ္ဍသို့ ရင်းနှီးမြှုပ်နှံမှု ကျပ်သန်းပေါင်း တစ် သောင်းကျော် ဝင်ရောက်ထား

၂၀၁၈ ခုနှစ် ၆ လအတွင်း လယ်ယာ၊ သား၊ ငါးကဏ္ဍသို့ ရင်းနှီးမြှုပ်နှံမှု ကျပ်သန်းပေါင်း တစ် သောင်းကျော် ဝင်ရောက်ထား

Green Way
Green Way • Greenovator • 02/11/2018

၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ လအတွင်း လယ်ယာကဏ္ဍနှင့် မွေးမြူရေးရေလုပ်ငန်းကဏ္ဍသို့ နိုင်ငံသား ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု ကျပ်သန်းပေါင်း ၉,၀၀၀ ကျော် ဝင်ရောက်ထားကြောင်း မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းဇယားများအရ သိရသည်။

လယ်ယာကဏ္ဍတွင် ပြည်တွင်းကုမ္ပဏီ တစ်ခုမှ ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် သန်း ရ၀ဝ ခန့်၊ မွေးမြူရေးနှင့် ရေ လုပ်ငန်းကဏ္ဍ၌ ကုမ္ပဏီ ၄ ခုမှ ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ၉,၆၉၅ဒသမ၆၆၀ သန်းခန့် ရင်းနှီးမြှုပ်နှံမှုများ ၀င် ရောက်ထားကြောင်း သိရသည်။

“ စိုက်ပျိုးရေးကဏ္ဍနဲ့ မွေးမြူရေးကဏ္ဍ ဦးစားပေး မြှင့်တင်ရမယ့် လုပ်ငန်းထဲ ပါ၀င်ထားတယ်။ အသေးစား၊ အ လတ်စား လုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ရော ဆောင်ရွက်နေတယ်။ လယ်ယာကဏ္ဍ ရင်းနှီးမြှုပ်နှံမှုဟာ ၀ဒသမ၅၁ ရာခိုင် နှုန်းပဲ ရှိသေးတော့ အလွန်နည်းတဲ့ ပမာဏ ဖြစ်တယ်” မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦး စီးဌာန၏ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောသည်။

၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် နိုင်ငံတော်၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုနှင့် ၀န်ဆောင်မှုတန်ဖိုး၌ စိုက် ပျိုး ရေးကဏ္ဍ၏ ပါ၀င်မှုမှာ ၁၈ဒသမရ ရာခိုင်နှုန်းနှင့် မွေးမြူရေးကဏ္ဍ၏ ပါ၀င်မှုမှာ ရဒသမ၉ ရာခိုင်နှုန်းခန့် ရှိ ကြောင်း သိရသည်။
မြန်မာ့စီးပွားရေး ကဏ္ဍတွင် စိုက်ပျိုးရေးအား အဓိကစီးပွားရေး လုပ်ငန်းအနေဖြင့် လုပ်ကိုင်နေကြသော်လည်း အဆိုပါကဏ္ဍသည် မွေးမြူရေးကဏ္ဍထက် စိန်ခေါ်မှု ပိုများပြီး တိုးတက်နှုန်း နောက်ကျနေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။

“ အိမ်နီးချင်း နိုင်ငံတွေနဲ့စာရင်တော့ မြန်မာ့မွေးမြူရေးကဏ္ဍ နောက်ကျနေတယ်။ ဒီကဏ္ဍက ကျေးလက်ဒေသ ကိုပါ ဖွံ့ဖြိုးလာအောင် အထောက်အကူပြုတော့ ဒီကဏ္ဍမှာ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်တယ် ” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လယ်ယာစိုက်ပျိုးရေးကို စိတ်ပါ၀င် စားသည့် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ရေထွက်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများတွင် အအေးခန်းစက်ရုံများ အနေဖြင့် ရေထွက်ပစ္စည်း ကုန် ကြမ်းရရှိမှု အခက်အခဲများ၊ စက်ရုံများ၏ အရည်အသွေးထိန်းချုပ်နိုင်မှု လိုအပ်ချက်များ၊ ငါး၊ ပုစွန် မွေးမြူရေး လုပ်ငန်းများ အနေဖြင့် မွေးမြူရေးကန်များနှင့် ပတ်သက်သည့် မြေယာပိုင်ဆိုင်ခွင့် ဥပဒေများ၊ ပုစွန်ကန်၊ ငါး ကန်များ၌ ဖြစ်ပေါ်သော တရားဥပဒေ စိုးမိုးမှု အားနည်းချက်များ၊ အစာစျေးနှုန်း ကြီးမြင့်မှုများ၊ အတိုးနှုန်း သက် သာသော ချေးငွေများ ရရှိရန်၊ ပင်လယ်ငါး သယံဇာတများကို ထိန်းသိမ်း၍ ရေရှည် ထုတ်ယူသုံးစွဲနိုင်ရန် လို အပ်ချက်များနှင့် အင်းအိုင် ငါးသယံဇာတ ထိန်းသိမ်းရေးလုပ်ငန်းများ အစရှိသော ရေလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုး တိုး တက်ရန် ဆောင်ရွက်ရမည့် လိုအပ်ချက်များ ရှိနေကြောင်း ၎င်းက ဆက်လက်ပြောသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း လယ်ယာစိုက်ပျိုးရေးကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိဒေါ်လာ ၁၅ သန်းကျော် ၀င်ရောက်ထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရ သည်။

Source - AMIA

You

ဆက်စပ်မေးခွန်းများ

ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ

U Yan • ဖြေကြားချက် 0 ခု

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 1 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။