အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကရင်ပြည်တွင်ရေလွှမ်းစိုက်ခင်းဧက နှစ်သောင်းကျော်ရှိ

ကရင်ပြည်တွင်ရေလွှမ်းစိုက်ခင်းဧက နှစ်သောင်းကျော်ရှိ

Green Way
Green Way Greenovator 16/08/2019

ကရင်ပြည်တွင်ရေလွှမ်းစိုက်ခင်းဧက နှစ်သောင်းကျော်ရှိ

ကရင်ပြည်နယ်တွင် စိုက်ခင်းဧက ၂သိန်းကျော်ထဲမှ ရေလွှမ်းစိုက်ခင်းဧက နှစ်သောင်းကျော်ရှိပြီဖြစ်ကြောင်း ကရင်ပြည်နယ်စိုက်ပျိုးရေး ဦး စီးဌာနမှသိရပါတယ်။ ရေလွှမ်းစိုက်ခင်းဧကများထဲမှ ပြန်ပေါ်လာတဲ့ စိုက်ခင်းဧကများကို ရောဂါကာကွယ်ရေးနဲ့နည်းပညာပေးအစီအစဉ်များ လုပ်ဆောင်ပေးနေတာဖြစ်ကြောင်း ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ် ဦးစီးမှူးဦးသန်းထိုက်ကပြောပါတယ်။

“ရေလွှမ်းခံရတဲ့စိုက်ခင်း တွေပြန်ပေါ်လာတဲ့အချိန်မှာ ကျရောက်နိုင်တဲ့ရောဂါကာကွယ်ရေး နဲ့နည်း ပညာပေးအစီအစဉ်တွေ သူတို့အတွက်လိုအပ်တဲ့ မျိုး ကရင်ပြည်နယ်အစိုးရအဖွဲ့ကူညီပေးတာပေါ့” ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ပြန်ပေါ်လာတဲ့ စိုက်ခင်းဧကများအတွက် မျိုးစပါးတင်း (၅၁၀၀)နဲ့မြေသြ ဇာအိတ်ပေါင်း (၁၀၀၀၀)ကို သက်ဆိုင်ရာဌာနများကို ဖြန့်ဖြူးထားပြီဖြစ်ကြောင်း အဆိုပါဌာနမှသိရ ပါတယ်။

ရေလွှမ်းစိုက်ခင်းဧက ၂၃၅၂၈ ဧက၊ ပြန်ပေါ်စိုက်ခင်းဧက ၅၄၆၈ ဧက ၊ အနည်းငယ်ထိခိုက် ဧက ၇၀၈ ဧက ရှိကြောင်း ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရပါတယ်။

တိုးတိုးခိုင်(ABM)

You
Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

မွန်ပြည်နယ် မော်လမြိုင်မြို့ သံလွင်မြစ်ဘေးက ကျွန်းမြေတွေမှာစပါးစိုက် ချိန်ပြီးရင် ဘာသီးနှံတွေစိုက်လို့အဆင်ပြေနိုင်မလဲ

zin myo thu • ဖြေကြားချက် 1 ခု

ပင်စည်ထိုးယင်မကျအောင်ဘယ်လိုကာကွယ်ရမလဲး

ကိုနိုင်လင်း • ဖြေကြားချက် 1 ခု

ဆရာရေ လှရဲ့လားဗျာ ဆျာတို့နဲ့ စသိခဲ့တာ ၃ နှစ်ရှိပီ ဆျာတို့ပေးတဲ့အကြံဥာဏ်အတိုင်း လိုက်ပါဆောင်ရွက်တာပါ ဒီနှစ်မှာလဲ အောင်မြင်မှုဆီသို့ နီးစပ်လာပါပြီခင်ဗျ Green Way app ထုတ်လုပ်သူတွေရော အမြဲစိတ်ရှည်အကြံဥာဏ်ပေးတဲ့ ကိုသော်ဇင် / ဒို့ဦးလေး ကျေးဇူးအထူးတင်ပါတယ်လို့ ထပ်လောင်းပြောပါရစေခင်ဗျ

U Yan • ဖြေကြားချက် 2 ခု

ငါးအမိုင်နိုဖျော်စပ်ထား၁နှစ်ကျော်နေပြီအရောင်ကငံပြာရည်ရောင်ဖြစ်နေပြီအသုံးပြုလို့ရသေးလားခဗျသုံးရသေးရင်၂၀လီတာကိုဘယ်လောက်ထည့်သင့်လဲခဗျာ

kyaw zin • ဖြေကြားချက် 5 ခု

စပါးပင်နီတိုဝင်တာ ဘာဆေးပက်ရင်ပျောက်လည်း

ဥိီးကျော်သီဟ • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။