အဆုတ်ကျန်းမာရေးအတွက် စားသုံးပေးသင့်သော အစားအစာများ
ကိုဗစ်-19 ဟာ ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးဖြစ်တယ်ဆိုတာ ကျွန်တော်တို့ သိရှိပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ နေ့စဥ်လှုပ်ရှားသွားလာနေရင်း ရောဂါကူးစက်ခံလိုက်ရသည့်အချိန်မှ ကျွန်ုပ်တို့၏ အဆုတ်ကျန်းမာရေးကို ဂရုစိုက်မယ်ဆိုရင် ပိုခက်ခဲပါလိမ့်မယ်။ ကျန်းမာရေးဆိုင်ရာ အခြေခံအချက်များဖြစ်တဲ့ လက်ဆေးခြင်း၊ လူစုလူဝေးရှောင်ကျဥ်ခြင်း၊ mask (နှာခေါင်းစည်း) တပ်ဆင်ခြင်းတို့အပြင် အချို့သော အစားအစာများ စားသုံးပေးခြင်းဖြင့် အဆုတ်ရဲ့ကျန်းမာရေးကို ကောင်းမွန်စေမှာဖြစ်ပါတယ်။ ကြိုတင်ကာကွယ်ရာလည်း ရောက်ပါတယ်။ သင့်ရဲ့အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်လာစေဖို့ အောက်ဖော်ပြပါအစားအစာများကို စားသုံးပေးသင့်ပါတယ်။
၁။ သစ်ကြားသီး
သစ်ကြားသီးဟာဆိုရင် မဂ္ဂနီစီယမ်ဓာတ် အမြောက်အများ ပါဝင်နေပြီး အဆုတ်အတွင်းမှာရှိတဲ့ ကြွက်သားများရဲ့ ကျန်းမာရေးကို အထောက်အကူပြုစေပါတယ်။ ဒါ့အပြင် Omega-3 fatty acids (အိုမီဂါ ၃ ဖက်တီးအက်စစ်) ပါဝင်နေခြင်းဟာ အဆုတ်ရောင်ရမ်းခြင်းကို သက်သာစေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာစွမ်းရည်ကို တိုးတက်အောင် ပြုလုပ်ပေးပါတယ်။
၂။ ခရမ်းချဥ်
ခရမ်းချဥ်မှာ ဆိုရင် Lycopene (လိုင်ကိုပင်) လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်နေပြီး အဆုတ်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဗီတာမင် စီလည်း ကြွယ်ဝစွာပါဝင်နေတာကြောင့် အဆုတ်ရောင်ရမ်းတာသက်သာစေပြီး ကိုယ်ခံအားလည်းကောင်းစေပါတယ်။
၃။ ကောက်ရိုးမှို
ကောက်ရိုးမှိုမှာဆိုရင် ဗီတာမင် ဒီ ပါဝင်နေပြီး အသက်ရှူလမ်းကြောင်းမှာရှိနေတဲ့ ရောင်ရမ်းမှုတွေ၊ ကိုယ်ခံစွမ်းအားနဲ့ အဆုတ်ရဲ့ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
၄။ ပန်းဂေါ်ဖီစိမ်း
ပန်းဂေါ်ဖီစိမ်းစားသုံးခြင်းဟာ ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ရဲ့ဆဲလ်တွေ အဆိပ်သင့် ပျက်စီးခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် စီ ပါဝင်နေတာကြောင့် ကိုယ်ခံစွမ်းအားကောင်းစေပြီး ဖျားနာမှုကင်းဝေးစေပါတယ်။
၅။ ကြက်ဥ
ကြက်ဥမှာဆိုရင် Omega-3 (အိုမီဂါ ၃) နဲ့ အသားဓာတ်ပါဝင်နေတာကြောင့် အသက်ရှုလမ်းကြောင်းမှာရှိနေတဲ့ ကြွက်သားတွေကို သန်မာစေပါတယ်။ ဗီတာမင် အေ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်တွင်းမှာ ပျက်စီးနေတဲ့ ဆဲလ်တွေကို ပုံမှန်အတိုင်းဖြစ်အောင် ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။
၆။ ပန်းသီး
ပန်းသီးမှာဆိုရင် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်နေတာကြောင့် ပုံမှန်စားသုံးပေးခြင်းဖြင့် အဆုတ်ကျန်းမာရေး ကောင်းမွန်စေပြီး အဆုတ်ကင်ဆာနဲ့ ပန်းနာရင်ကြပ်တို့လို့ ရောဂါမျိုးတွေကိုလည်း သက်သာစေနိုင်ပါတယ်။
၇။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ
ကြက်သွန်ဖြူ မှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာဆိုရင် ပန်းနာရင်ကြပ်ခြင်းနဲ့ အဆုတ်ရောင်ခြင်းတို့ကို သက်သာစေပါတယ်။ ကြက်သွန်နီ မှာတော့ အနည်းလိုအာဟာရဓာတ်တွေနဲ့ ဗီတာမင်ဓာတ်တွေပါဝင်နေပြီး အဆုတ်ရောင်ရမ်းခြင်းကို သက်သာစေနိုင်ပါတယ်။
၈။ ရေ
အထက်ဖော်ပြပါ အစားအစာတွေအပြင် အဆုတ်ကျန်းမာရေးအတွက် ရေလည်း များများသောက်ပေးဖို့ လိုအပ်ပါတယ်။ ရေသောက်ခြင်းဟာဆိုရင် ခန္ဓာကိုယ်တွင်းမှာ သန့်စင်စေရန်အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ တစ်နေ့ကို ရေပမာဏအားဖြင့် ၈ ခွက်မှ ၁၀ ခွက်အထိ သောက်သုံးပေးသင့်ပါတယ်။ ခန္ဓာကိုယ်မှာ ပုံမှန် ရေဓာတ်ဖြည့်တင်းပေးခြင်းဖြင့် အဆုတ်ခြောက်သွေ့ခြင်းနဲ့ ရောင်ရမ်းခြင်းများကို သက်သာစေနိုင်ပါတယ်။
Source
- https://www.eatingwell.com/article/7826579/healthy-lungs-food/
- https://www.blallab.com/blog/foods-that-are-good-for-your-lungs/
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်
လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု
ဥစားကြက်စတင်မွေးမြူချင်တာဘယ်ကစရမလဲမသိလို့အကြံလေးပေးပါဦး ခြံငှားမယ်ဆိုလည်းဘေးပတ်ဝန်ကျင်ရဲ့အဆင်ပြေတာဘယ်လိုရှာရမလဲအကြံလေးပေးပါခဗျာ
ဟံ • ဖြေကြားချက် 1 ခု
ဆရာ 909 ခရမ်းချဥ်ပါဆရာ ဂွသီးတွေအရမ်းသီးပီး အပေါ်သီးသိပ်မလိုက်လို့ပါဆရာ မိုးကလဲများထားပါတယ်ဆရာ မနေ့ညနေက ဝိဇာရက ဒိုင်ဇီ မှိုသတ်ဆေးနဲ့ ဘီတာစီ ဖျန်းထားပါတယ်ဆရာ မိုးကအဆက်မပြတ်ရွာထားတော့ အားဆေးမလိုက်ဖြစ်ပဲ မှိုးဆေးနဲ့ပိုးသတ်ဆေး ပြန်လိုက်နေရပါတယ်ဆရာ ၁။ ထွက်တိုး 17 ပတ်လည်နဲ့ ကယ်စီပလပ် အစီတာမီ+ လန်ဘဒါ ၂ ကြိမ် ၂။ ထွက်တိုး + ရှယ်ပီကေ နဲ့ မင်းသား ၊အဘာမက်တင် ၁ ကြိမ် ၃ ။ မန်ကိုဇက် ၁ ကြိမ် ၄။ ဂရမ်း + မင်းသား တစ်ကြိမ် ၅ ။ ဒိုင်ဇီ + ဘီတာစီ ၁ ကြိမ် အမိုင်နိုနဲ့ ကယ်စီပလပ် သို့ မင်းသား ဝင်လို့ရပီလားဆရာ ဆေးကြိမ်ရေများနေတော့ ဘယ်ကနေ ပြန် စ ဝင်လို့ ဝင်ရမှန်းမသိလို့ပါဆရာ 909 က ဆရာ နောက်အသုတ်တွေ ထပ်သီးအူးမလားဆရာ အဆုံးမရှိ ပန်းခိုင်မဟုတ်တော့ ဒါနဲ့တင်ရပ်တော့မလားဆရာ ခရမ်းချဥ်က ၂ လသားကျော်ပါပြီဆရာ 15 ပတ်လည် ၁ ကြိမ် မော်နီတာဂျစ်ဆမ် ၂ ကြိမ် ရှိပါပြီဆရာ အခုတော့ ဂွသီးလေးတွေ မှည့်စ ပြုနေပါပြီဆရာ
U Yan • ဖြေကြားချက် 3 ခု
မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်
wai wai oo • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
More from ဇင်ထူးနိုင်
အားလုံး
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
17/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....