ငမြှောင်တောင်ပိုး အန္တရာယ် ကင်းဝေးစေရန်

24/08/2018 11:14 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ငမြှောင်တောင်ပိုးဟာဆိုရင် မြန်မာနိုင်ငံ အထူးသဖြင့် ရှမ်းပြည်နယ်တွင် ဆိုးဝါးစွာ ကျရောက်လျက်ရှိပါသည်။  ဆိုးဝါးစွာ ကျရောက်ပါက တောင်သူများအနေဖြင့် တစ်ဦးတစ်ယောက်တည်း ဖြေရှင်းခြင်းထက် စိုက်ပျိုးရေး ပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်ခြင်းဖြင့် ပိုမိုထိရောက်စွာ နိုင်နင်းစေနိုင်ပါသည်။ စိုက်ပျိုးရေးပညာရှင်များနှင့်စိုက်ပျိုးရေးဦးစီးဌာနများကလည်း အကူအညီပေးနိုင်ရန် အဆင်သင့် ဖြစ်လျက်ရှိပါသည်။

အဲ့ဒီအတွက်ကြောင့် ငမြှောင်တောင်ပိုးကျရောက်ပါက ဆက်သွယ်ကူညီနိုင်ရန်အတွက် သက်ဆိုင်ရာ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံးများ၏ ဆက်သွယ်ရန် လိပ်စာများကို အစိမ်းရောင်လမ်း စိုက်/မွေး ဖုန်းဆော့ဝဲလ်ရဲ့ အသုံးဝင်သော လိပ်စာများ ကဏ္ဍတွင် ဝင်ရောက်လေ့လာနိုင်ပါတယ်။
တောင်သူများ ငမြှောင်တောင်ပိုး ကျရောက်မှု အန္တရာယ်မှ ကင်းဝေးစေရန် ဆုမွန်ကောင်းတောင်းအပ်ပါသည်။
လေးစားလျက် အစိမ်းရောင်လမ်း


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more မှာယူရန် နှိပ်ပါ

ဆွေးနွေးချက်များ

ဆွေးနွေးရန်