စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီသီးနှံဌာနခွဲ မှိုမျိုးစုံမွေးမြူ စိုက်ပျိုးရေးသင်တန်း (၅/၂၀၁၈)ကို ၁၀-၁၀-၂၀၁၈မှ၁၆-၁၀-၂၀၁၈ထိ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်း ၁၀မိုင်သင်တန်းကျောင်း ပဲခူးမြို့တွင်ဖွင့်မည်ဖြစ်ပါသည်။ သင်တန်းကြေးအခမဲ့ဖြစ်ပြီး သင်တန်းကာလတွင်ဌာနမှသင်တန်းဆောင်တွင်အခမဲ့နေထိုင်ခွင့်ပြုပါမည်။ စားစရိတ် သင်တန်းမှတ်စု လက်တွေ့လုပ်ငန်းဆောင်ရွက်မှုနှင့်ပြင်ပ မှိုခြံလေ့လာရေးကုန်ကျစရိတ်မှာ ၃၅၀၀၀ ကျပ် ဖြစ်ပါသည် တက်ရောက်မည့် သင်တန်းသားများအနေဖြင့် ၈-၁၀-၂၀၁၈ နောက်ဆုံးထား၍သတ်မှတ်နှုန်းထားများကို ဒေါ်နှင်းနွဲ့ရီ အင်းတကော် KBZ BANKစာရင်းအမှတ်(333-301-07901736901)သို့ပေးသွင်းနိုင်ပြီဖြစ်ပါ ကြောင်းအသိပေးအပ်ပါသည်။ ၀၉၂၅၄၂၃၃၇၈၉ ၀၉၇၇၅၀၈၂၈၂၄ ၀၉၄၂၀၀၆၂၃၉၃ ၀၉၄၂၀၁၇၇၁၁၅
Myo Min Soe (facebook) ကူးယူဖော်ပြပါသည်။
မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်