အသားတိုးကြက်မွေးမြူရေးခြံများအတွက် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ် (GAHP)(အပိုင်း - ၃)

07/08/2019 15:00 PM တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ ရေးသား ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ ပေးပို့ထားပါသည်။

အစာနှင့်ရေ

၁။ အစာဖြည့်ဆည်းခြင်း

- ကျွေးမွေးသည့်အစာများသည် ကောင်းမွန်သောထုတ်လုပ်ခြင်းနည်းစနစ်များ ကျင့်သုံးသည့် အစာစက်ရုံများမှ ထုတ်လုပ်သည့် အစာများကို အသုံးပြုရမည်။

- မွေးမြူရေးအစာတွင် အသုံးပြုရန် မသင့်တော်သည့် ဆေးဝါးများ ဓာတုပစ္စည်းများနှင့် အခြားပါဝင်ပစ္စည်းများ ပါဝင်မှု မရှိစေရ။

- အရည်အသွေးပြည့်မီသည့် အစာကုန်ကြမ်းများ ရောစပ်ကျွေးမွေးရာတွင် ကျွမ်းကျင်ပညာရှင်များ၏ အကြံပြုချက်များ ရယူသင့်သည်။

- အစာထုတ်လုပ်ခြင်း၊ သယ်ဆောင်ခြင်း၊ သိုလှောင်ခြင်းနှင့် ကျွေးမွေးခြင်း စသည့်အဆင့်တိုင်းတွင် ဓာတုဗေဒပစ္စည်းများနှင့် အဏုဇီဝပိုးမွှားများ၏ ဘေးအန္တရာယ်များ ကင်းစင်အောင် ဆောင်ရွက်ခြင်းနှင့် အစာအရည်အသွေးပျက်ယွင်းမှုမရှိအောင် ဆောင်ရွက်ရမည်။

- အစာကို သက်ဆိုင်ရာလမ်းညွှန်ချက်အတိုင်း သုံးစွဲရမည်ဖြစ်ပြီး လေဝင်လေထွက် ကောင်းမွန်သည့်နေရာတွင် စနစ်တကျ သိုလှောင်ထားရှိရမည်။

၂။ မွေးမြူရေးသုံးပစ္စည်းများနှင့် ဓာတုပစ္စည်းများစာရင်းပြုစုခြင်း

- မွေးမြူရေးခြံတွင် မှတ်ပုံတင်/ခွင့်ပြု/တားမြစ်ထားသော မွေးမြူရေးသုံးပစ္စည်းများ စာရင်းရှိရမည်။

- မွေးမြူရေးခြံတွင် မှတ်ပုံတင်/ခွင့်ပြု/တားမြစ်ထားသော မွေးမြူရေးသုံးပစ္စည်းများ စားရင်းကို ပြုစုထားရှိရမည်။

၃။ ရေအရည်အသွေး

- သန့်ရှင်းသော သောက်သုံးရေဖြစ်ရမည်။

- အသုံးပြုသောရေတွင် ဓာတုပစ္စည်းများ၊ အဏုဇီဝပိုးများနှင့် ဓာတ်သတ္တုများပါဝင်မှုသည် ဘေးအန္တရာယ် ကင်းရှင်းသော အခြေအနေတွင် ရှိရမည်။

- ရေသန့်စင်သည့်စနစ်ကို အသုံးပြုခဲ့လျှင် စံချိန်စံညွှန်းနှင့်အညီ သုံးစွဲပြီး မွေးမြူသည့်အကြိမ်တိုင်း ပုံမှန်စစ်ဆေးရမည်။

- ရေပြုပြင်သုံးစွဲပါက နေ့စဉ်စစ်ဆေးပေးရန်လိုအပ်ပြီး မှတ်တမ်းထားရှိရမည်။

- ရေတွင် E.coli နှင့် Fecal Coliform ကဲ့သို့သော ရောဂါပိုးမွှားများပါဝင်မှုကို ပုံမှန်စစ်ဆေးရမည်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်