ယခုနှစ် အောက်တိုဘာလအထိ သီးနှံမျိုးပေါင်း ၁၀၂၇ မျိုးကို အသိအမှတ်ပြုလက်မှတ်ထုတ်ပေး
မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီအနေဖြင့် ၂၀၁၉ ခုနှစ် အောက်တိုဘာလအထိ သီးနှံ ၆၂ မျိုး၏ မျိုးကွဲ ၉၀၉ မျိုးနှင့် မိဘမျိုးလိုင်း ၁၁၈ လိုင်း၊ စုစုပေါင်း ၁၀၂၇ မျိုးတို့ကို အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာ (၁၉) ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ၏ (၁၆)ကြိမ်မြောက်အစည်းအဝေးမှ သိရသည်။
အရည်အသွေးကောင်း သီးနှံမျိုးကောင်းမျိုးသစ်များ ရရှိသုံးစွဲနိုင်ရေးသည် အရေးကြီးသကဲ့သို့ ထုတ်လုပ်ပြီးသော မျိုးသစ်များအနေဖြင့်လည်း မျိုးစေ့စံချိန်စံညွှန်းပြည့်မီရန်လိုအပ်ပြီး မျိုးစေ့လုပ်ငန်းများ စနစ်တကျရှိစေရန်၊ မျိုးစေ့ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်ခြင်းလုပ်ငန်းများကိုလည်း တချိန်တည်း တပြိုင်တည်း ဆောင်ရွက်ရန်လိုကြောင်း မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဌ၊ ဒုတိယဝန်ကြီး ဦးလှကျော်က ပြောသည်။
ထို့အပြင် မျိုးစေ့ပညာရှင်များအနေဖြင့် နိုင်ငံအကျိုး၊ တောင်သူလယ်သမားများအကျိုးကို ရှေးရှု၍ ပုဂ္ဂလိကမျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးလာရေး အားပေးကူညီဆောင်ရွက်ကြရန်နှင့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရေးအတွက် လိုအပ်ပါက မျိုးစေ့ဆိုင်ရာ အမျိုးသားမူဝါဒ ပြင်ဆင်ဖြည့်စွက်ရေးကိုလည်း ဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်ပြီး နည်းပညာများ ပြန့်ပွားရေးနှင့် အများပြည်သူ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် သတင်းအချက်အလက် ဖြန့်ဝေရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဒုဝန်ကြီးက ဆက်လက်ပြောကြားသည်။
သီးနှံအသိအမှတ်ပြုလက်မှတ် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲလုပ်ငန်းစဉ်များအား မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းကလည်းကောင်း၊ မျိုးသစ်အသိအမှတ်ပြု လက်မှတ်ရရှိရန် တင်ပြလာသည့် သီးနှံများနှင့်စပ်လျဉ်း၍ တွေ့ကြုံရသည့် အခက်အခဲများ၊ ကုမ္ပဏီများမှ Trade name ပြောင်းလဲသုံးစွဲခွင့် တင်ပြလာမှုဆိုင်ရာကိစ္စရပ်များ၊ မျိုးစေ့တင်သွင်း/တင်ပို့ ခြင်းဆိုင်ရာထောက်ခံချက်နှင့် ဖြန့်ဖြူးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ဥယျာဉ်ခြံသီးနှံကဏ္ဍတွင် စမ်းသပ်စိုက်ပျိုးရသော သီးနှံများအား စမ်းသပ်စိုက်ပျိုးသီးနှံ ဖြေလျော့နိုင်ရေး ကိစ္စရပ်များ၊ သီးနှံအုပ်စုတွင် ထပ်မံဖြည့်သွင်းလိုသည့် သီးနှံဆိုင်ရာများကို မျိုးစေ့ဌာနခွဲ ညွှန်ကြားရေးမှူး ဦးသီဟထွန်းကလည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။
မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီအနေဖြင့် မျိုးသစ်ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း စသည့် သီးနှံမျိုးစေ့ဆိုင်ရာ လုပ်ငန်းများကို မျိုးစေ့ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး သီးနှံမျိုးကောင်းမျိုးသန့် မျိုးသစ်များထုတ်လုပ်ရာတွင် အပင်မျိုးသစ် အကာအကွယ်ပေးရေးဥပဒေများနှင့်အညီ စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းအပြင် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ၏ သဘောထားမှတ်ချက်များနှင့်အတူ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများမှ အသိအမှတ်ပြုလက်မှတ် လျှောက်ထားလာသည့် သီးနှံ(၃၄)မျိုး၏ မျိုးသစ်မျိုးကွဲ (၆၁) မျိုး၊ မိဘမျိုး လိုင်းအစုံ (၁၈) စုံနှင့်သက်ဆိုင်သည့် အချက်အလက်များကို စိစစ်ပြီး အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အရည်အသွေးပြည့်မီသော မျိုးစေ့များကို လိုအပ်သောနေရာသို့ လိုအပ်နေချိန် သင့်တော်သော နှုန်းထားများဖြင့် တောင်သူလယ်သမားများ အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးခြင်းဖြင့် ဝင်ငွေတိုးတက်ပြီး သီးနှံအထွက်နှုန်းများ မြင့်မားလာစေခြင်း၊ အရည်အသွေးကောင်းမျိုးများကို အသုံးပြုခြင်းဖြင့် ကောင်းမွန်သေချာသော အထွက်နှုန်းရရှိခြင်း၊ ရာသီဥတုပြောင်းလဲမှုဒဏ် ခံနိုင်ရည်ရှိခြင်း၊ အရည်အသွေးကောင်း ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ခြင်းနှင့် တင်ပို့နိုင်ခြင်း၊ လူနေမှုအဆင့်အတန်း မြင့်မားလာခြင်း၊ အစားအစာ ဘေးကင်းလုံခြုံစိတ်ချမှုရှိခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် မျိုးသစ်အသိအမှတ်ပြုလက်မှတ်လျှောက်ထားခွင့်၊ မျိုးစေ့အရည်အသွေးစစ်ဆေးခန်း ဖွင့်လှစ်ခွင့်၊ မျိုးစေ့လုပ်ငန်းလိုင်စင် လျှောက်ထားခွင့်၊ မျိုးစေ့ပျိုးပင်အရောင်းဆိုင် ဖွင့်လှစ်ရောင်းချခွင့် လုပ်ငန်းလိုင်စင်များနှင့် အခြားဆက်စပ်လျက်ရှိသော အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အေးအေးမြင့်(ABM)
ဆက်စပ်ဆောင်းပါးများ
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
မြေချဉ်ငန်ကိန်း5.1မြေကို ပြင်ချင်လို့ ဒိုလိုမိုက်ဘာ်လောက်kgသုံးရမလဲ
phyo lay • ဖြေကြားချက် 0 ခု
ဆရာဒို့ဦးလေး ပြောပြတဲ့အတိုင်း ချဉ်ပေါင်ပင်လေးတွေကို ပြာထည့်ပေး၊ မြေဆွေးထည့်ပေးလိုက်တာ အသစ်ထွက်လာတဲ့အရွက်တွေ ပြန်စိမ်းလာပြီး ။ ရောဂါကျတာမဟုတ်ဘဲ အဟာရချို့တဲ့တာတဲ့။ စိုက်တဲ့သူတွေကတော့ ပုံမှန်မဟုတ်တော့ရင် ရောဂါလို့ယဆလိုက်တော့တာပဲ ဆရာရေ။
Nova Nova • ဖြေကြားချက် 0 ခု
ဘာရောပါလဲဗျ။ ကိုင်လိူက်တာနဲ့ အညာကကြွေပါတယ်
Nan Lin Soe • ဖြေကြားချက် 2 ခု
ဆရာတို့ရေ စပါးယူဖရာ ဖစ်နေလို့ ကျန်ခဲ့တဲ့၁၅ရက်က ကာဘိုဆာဖန် 3gပတ် ထားတာလည်း မတန့်လို့ ဘာဆေးသုံးရမလည်း အကြံပေးပါအုံး
ko zaw • ဖြေကြားချက် 4 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026