ရွှေခရုကျရောက်မှုအန္တရာယ် ဘက်စုံကာကွယ်နှိမ်နင်းမယ်

26/02/2019 13:33 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရွှေခရုဟာဆိုရင်ဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း၂၀၁၁ - ၂၀၁၂ခုနှစ် လောက်က ဖျာပုံခရိုင် ဒေးဒရဲမြို့မှာစတင်ကျရောက်ခဲ့ပြီး ၂၀၁၃ -၂၀၁၄ ခုနှစ်မျာတော့ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရွှေလောင်းကျွန်းကို ကျရောက်ခဲ့ပြီး ယခုဆို ဧရာဝတီတိုင်းဒေသကြီးတစ်ဝက်ကျော်ကျော်နီးပါး ကျရောက်လျက်ရှိနေပါတယ်။ 

ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းသီးနှံကာကွယ်ရေးတာဝန်ခံ ဦးဝင်းစိုးရဲ့ ရွှေခရုကျရောက်ပုံ၊ ဖျက်ဆီးပုံနဲ့  ကာကွယ်နှိမ်နင်းရေးနည်းလမ်းများကို ပြောပြပေးထားတဲ့ နည်းပညာပေးဗီဒီယိုဖိုင်ကို တောင်သူများသိရှိစေနိုင်ဖို့ ဖော်ပြပေးလိုက်ရပါတယ်။