ရွေးချယ်စိုက်ပျိုးသင့်သော သစ်စိမ်းမြေသြဇာပင်များ

28/01/2022 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မြေဆီလွှာဖွဲ့စည်းမှုကို တိုးတက်ကောင်းမွန်စေပြီး မြေသြဇာဓာတ်ပါကြွယ်ဝစေတဲ့ သစ်စိမ်းမြေသြဇာများကို စိုက်သင့်ပါသည်။

စိုက်ပျိုးသီးနှံမစိုက်ပဲ မြေလှပ်ထားချိန်မှာ လေတိုက်စားမှု၊ ရေတိုက်စားခံရမှုတို့ကြောင့် မြေဆီသြဇာများ ဆုံးရှုံးနိုင်ပါသည်။ ဒါ့ကြောင့် သီးနှံတစ်မျိုးမျိုးဖြင့် တစ်နှစ်ပတ်လုံး ဖုံးအုပ်စိုက်ထားသင့်ပေသည်။ 

တစ်နှစ်ပတ်လုံး စိုက်ပျိုးသီးနှံစိုက်ပျိုးနေပါကလည်း သစ်စိမ်းမြေသြဇာကို မြေကွက် ၃ ပုံ ၁ ပုံတွင် စိုက်ပျိုးသွားသင့်ပါသည်။ နှစ်ရှည်သီးနှံများစိုက်ပျိုးထားပါကလည်း အပင်များကြား လွတ်နေသောမြေလှပ်များတွင် ကြားညှပ်စိုက်ပျိုးသင့်ပါသည်။

သစ်စိမ်းမြေသြဇာပင်များ ပန်းစပွင့်ချိန်တွင်ထယ်ထိုးထွန်မွှေ၍ မြေဆီလွှာတွင် ရောနှောမွှေပေးရသည်။ သို့မဟုတ် သစ်စိမ်းမြေသြဇာပင်များကို မြေကြီးကပ်၍ ရိတ်ပြီး နုတ်နုတ်စင်း၍ ထယ်ထိုးထွန်မွှေ၍ မြေဆီလွှာနှင့် ရောနှောရသည်။ မြေကွက်တွင် သစ်စိမ်းပင်များရှိနေစဉ် မြေဆီလွှာသည် လေဝင်လေထွက်ကောင်းခြင်း မြေဆီလွှာတိုက်စားမှုမှ အကာအကွယ်ပေးခြင်း၊ ပေါင်းမြက်ကိုသက်သာစေခြင်း စတဲ့ အကျိုးကျေးဇူးတွေကိုခံစားရမှာပါ။ အချို့သီးနှံအပွင့်များက ပျားကိုဆွဲဆောင်သဖြင့် စားသုံးသီးပင် ဝတ်မှုန်ကူးစက်မှုကောင်းမွန်၍ သီးထွက်များစေပါသည်။

ရာသီဥတုနှင့် မြေအခြေအနေပေါ်မူတည်ပြီး သစ်စိမ်းမြေသြဇာပင်များကို ရွေးချယ်ဖို့လိုအပ်ပါသည်။ ဆောင်းရာသီအတွက် ရိုင်းဂျုံ (Rye)၊ ပန်းဂျုံ (Buck Wheat) ကိုလည်းကောင်း၊ တစ်နှစ်လုံးအတွက် ရိုင်းမြက် (Ryegrass)၊ ပဲပုပ် (Soybean) ကိုလည်းကောင်း အမေရိကန်နိုင်ငံမြောက်ပိုင်းတွင် စိုက်ပျိုးကြပါသည်။ ပူနွေးသောရာသီရှိသည့်ဒေသတွင် ပဲတစ်မျိုး (ကျွဲ၊ နွားစာ)နှင့် အယ်လ်ဖာတို့ကိုစိုက်ကြသည်။

မြန်မာနိုင်ငံ၌ ညံပင်၊ ပိုက်ဆံလျှော်ပင်၊ မတ်ပဲ၊ ပဲပုပ်၊ ပဲလွန်း၊ ပဲတီစိမ်း၊ ဘောစကိုင်း၊ ဒန့်ချွဲ၊ မဲရိုင်း စသည်တို့ကို သစ်စိမ်းမြေသြဇာပင်အဖြစ် အသုံးပြုနိုင်သည်။ ပဲမျိုးနွယ်ပင်ကိုစိုက်ပျိုးပါက တစ်ဧကလျှင် သစ်စိမ်း(အစို) တန်ချိန် ၆-၈ တန်ခန့် (နွားလှည်းဖြင့် ၁၈-၂၄ စီး) ရရှိနိုင်သည်။

ပဲများကို စိုက်ပျိုးလျှင် ပဲပင်အမြစ်ဖုတွင်ရှိသော ဘက်တီးရီးယားများက လေထဲမှ နိုက်ထရိုဂျင်ဓာတ်ကို စုပ်ယူသုံးစွဲသဖြင့် မြေဆီလွှာတွင် နိုက်ထရိုဂျင်ဓာတ် တိုးလာသည်။ ပဲပြီးနောက် စိုက်ပျိုးသည့်သီးနှံအတွက် အာဟာရဓာတ်ရစေသည်။ နိုက်ထရိုဂျင်ဓာတ်ကို မြန်မြန်စုပ်ယူအသုံးချနိုင်စေရန် စိုက်ပျိုးမည့် ပဲအစေ့များကို ရိုက်ဇီုဘီးယား ခေါ် ဘက်တီးရီးယားပွားများဆေးနှင့် နယ်၍စိုက်နိုင်ပါသည်။

သစ်စိမ်းမြေသြဇာပင်များစိုက်ပျိုးပြီး သဘာဝမြေသြဇာများ ရယူလိုက်ပါ။

နည်းပညာများကို ဒေါက်တာချစ်၏ “စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ အတွဲ(၁)” စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်