မြန်မာ့ငရုတ်ကို အကျိုးတူလယ်ယာစနစ် (Contract Farming) လုပ်ဆောင်သွားရန် ဗီယက်နမ် ကုမ္ပဏီနဲ့ ဆွေးနွေးသွားမှာဖြစ်ကြောင်း ငရုတ်သီးဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအ သင်းမှ သိရပါတယ်။
ငရုတ်ထွက်ရှိတဲ့ဒေသများမှာ အကျိုးတူလယ်ယာစနစ် လုပ်ဆောင်နိုင်ဖို့အတွက် ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ငရုတ်သီးဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဥက္ကဌ ဒေါ်ဥမ္မာကျော် ကပြောပါတယ်။
“ ဗီယက်နမ်အဖွဲ့ကို ငရုတ်ခင်းတွေလိုက်ပြဖို့ရှိတယ်။ ငရုတ်သီးကို သူတို့ဘက်ကလည်း လိုလိုချင် ချင်ရှိတယ်။ သူတို့ဘက်က ငရုတ်စိုက်တောင်သူတွေကို ငရုတ်သီးမျိုးကိုပေးမယ်။ အကျိုးတူလယ်ယာစနစ်နဲ့လုပ်ဖို့ ထပ်မံဆွေးနွေးသွားမှာပေါ့။ အအေးခန်းတွေဘာတွေ လုပ်ပေးဖို့ညှိနှိုင်းသွားမှာပါ”
ဗီယက်နမ်နိုင်ငံမှ မြန်မာ့ငရုတ်ကို အကျိုးတူလယ်ယာစနစ်(Contract Farming) ပူးပေါင်း လုပ်ကိုင်နိုင်ရန်အတွက် ဒုတိယအကြိမ် လာရောက်တာဖြစ်ကြောင်းလည်း အဆိုပါအသင်းမှသိရပါတယ်။
မြန်မာ့ငရုတ်ကို ဧရာဝတီတိုင်းဒေသကြီးနဲ့ မြန်မာနိုင်ငံအထက်ပိုင်းဒေသများမှာ အများဆုံးစိုက်ပျိုးနေကြောင်းလည်း ငရုတ်သီးဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more