Happy mother's day

25/01/2024 20:05 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

🤱 ကျွေးမွေးသုတ်သင် သက်ဆုံးပင်

ချစ်ခင်ရှာပေ တို့မေမေ။

🤱 ငယ်စဉ်ကာလ စည်းကမ်းပြ

ဆုံးမခဲ့ပေ တို့မေမေ။

🤱 အရွယ်ရောက်လာ ကျောင်းအပ်ကာ

ပညာပေးပေ တို့မေမေ။

🤱 ကျန်းမာဖို့ရေး သင့်ရာကျွေး

လေးစားအပ်ပေ တို့မေမေ။

🤱 ဝတ်စားဆင်ယင် မြတ်နိုးကြင်

ချစ်ခင်အပ်ပေ တို့မေမေ.. တဲ့

ငယ်ငယ်တုန်းက ရွတ်ဆိုခဲ့ကြတဲ့ ကဗျာလေး...❤️

တကယ်တော့လေ မေမေတွေရဲ့ သားသမီးအပေါ်ထားတဲ့ မေတ္တာတွေဟာ ကဗျာတွေ.. စာတွေနဲ့ တောင် ဖွဲ့နွဲ့လို့မမီနိုင်ပါဘူး မေမေ 🙏

❤️ ဒီနေ့ အမေများနေ့မှာ မေမေနဲ့အတူ ကမ္ဘာပေါ်မှာရှိတဲ့ မိခင်တိုင်း ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေလို့ ဆုမွန်ကောင်းလည်း တောင်းလိုက်ပါတယ်နော်..🙏

အစိမ်းရောင်လမ်းက မိတ်ဆွေတွေကော မေမေ့ကို ချစ်တယ်လို့ပြောပြီးကြပြီလား?

အချိန်တောင်လင့်နေပြီ.. အဝေးရောက်နေတယ်ဆိုလည်း မြန်မြန်ဖုန်းဆက်ပြီး ပြောလိုက်ဦးနော်

Happy Mother day ပါ မေမေလို့ 😘


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်