ပျော်စရာ ပဟေဠိ (၄၄)

07/10/2020 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဗုဒ္ဓဟူးနေ့ပါ ပရိတ်သတ်ကြီးရေ ..

အပတ်စဉ်လုပ်နေကြဒီအစီစဉ်လေးမှာ ပြောင်းလဲထားတာတွေသိပြီးကြပြီလား။ (သေချာဖတ်ကြည်ပေးပါနော်)

ဆုလက်ဆောင်တွေကံစမ်းဖို့ ဖြေဆိုနေကြအတိုင်း “စစ်တမ်း” မှာလည်းဖြေဆိုနိုင်သလို "ဖေ့ဘုတ်ပေ့ချ်" မှာလည်း ဖြေနိုင်ပါတယ်။ (ဖြေဆိုလိုသူတွေအနေနဲ့ သတ်မှတ်ထားတဲ့ အချက်လေးတွေပြည့်စုံမှရမှာမို့ ဖေ့ဘုတ်ပေ့ချ်က စာကိုသေချာဖတ်ပါနော်)

ကံစမ်းဖို့ နေရာ ၂ နေရာတောင်ရှိသွားပြီမို့ ဆုလက်ဆောင်တွေနဲ့ ပိုနီးစပ်နိုင်တော့မှာပါ

ဆုတွေကိုလည်း 

- ဖုန်းဘေအဖြစ်ယူချင်လား

- E moneyအဖြစ်ယူမလား

- စျေးဝယ်လို့ရတဲ့ ဘောင်ချာကူပွန်ယူမလား ကြိုက်ရာရွေးလို့ရနေပါပြီ 

ဆုကြေးငွေတွေအနေနဲ့

- အမြန်ဆုံးနဲ့ အမှန်ဆုံးဆု ၄၀၀၀ ကျပ်

- တိကျမှုဆု ၃၀၀၀ ကျပ်

- ကံထူးရှင် ဆု ၂၀၀၀ ကျပ် တွေပဲဖြစ်ပါတယ်

မေးခွန်းလေးကလည်း ဆော့ဝဲထဲမှာ တင်ထားပြီးသား ဆောင်းပါးတစ်ပုဒ်ကနေ ကောက်နှုတ်မေးထားတာဆိုတော့ အဖြေမှန်မသိရင်တောင် လေ့လာပြီးမှ ကံစမ်းလို့ရပါသေးတယ် 

စစ်တမ်းထဲမှာဖြေဆိုဖို့ အောက်ကလင့်ကိုနှိပ်ပါ

ပျော်စရာပဟေဠိ (၄၄)

အားလုံးပဲကံကောင်းကြပါစေရှင်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်