ပျော်စရာ ပဟေဠိ (၄၅)

14/10/2020 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဒီတစ်ပတ်ရဲ့ မေးခွန်းလေးကတော့ စျေးကွက်ထဲမှာ လျင်လျင်မြန်မြန်နေရာရလာတဲ့ အပ်မှိုစိုက်ပျိုးနည်းထဲက အကြောင်းအရာလေးပါ။ 

မေးခွန်းကိုတော့ပုံမှာဖော်ပြထားပါတယ်။

အဖြေမှန်လေးအတွက် ရွေးချယ်စရာ (၃)ခုကို ပြောပြမယ်နော်။

(၁)ကော်ပြား

(၂)ဖလင်ပြား

(၃)ပလပ်စတစ် 

ကိုယ်ထင်တဲ့အဖြေမှန်လေးကို ဆော့ဝဲထဲက စစ်တမ်းမှာ သွားဖြေဆိုပေးပါ။

ပျော်စရာ ပဟေဠိ (၄၅)

အပေါ်ကပေးထားတဲ့လင့်ကိုနှိပ်မယ်ဆိုရင် စစ်တမ်းထဲ ဖြေရမယ့်နေရာကို တန်းရောက်သွားမှာပါ။

အစိမ်းရောင်လမ်းရဲ့ ဖေ့ဘုတ်ပေ့ချ်မှာလည်းသတ်မှတ်ထားတဲ့ စည်းကမ်းချက်အတိုင်းဖြေဆိုခွင့်ရှိပါတယ်။

၂ နေရာတောင် ကံစမ်းခွင့်ရှိတာကြောင့် ဆုငွေတွေနဲ့ ပိုမိုနီးစပ်နိုင်ပါတယ်

ဆုတွေကတော့ 

- အမြန်ဆုံးနဲ့ အမှန်ဆုံးဆု ၄၀၀၀ ကျပ်

- တိကျမှုဆု ၃၀၀၀ ကျပ်

- ကံထူးရှင် ဆု ၂၀၀၀

မေးခွန်းလေးတွေကလည်း ဆော့ဝဲထဲမှာ တင်ထားပြီးသား ဆောင်းပါးတွေကနေ မေးထားတာဆိုတော့

ကဲ ..ကံကောင်း ဉာဏ်ကောင်းသူများ ဖြစ်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်