ရေငန်သီးရဲ့ ဆေးဖက်ဝင်တဲ့အချက်များ

27/10/2021 18:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ရေငန်သီးကို စိမ်ဆေးအဖြစ်ပြုလုပ်ကာ စားသုံးပေးပါက ဆီးနှင့်ပတ်သတ်၍ ဆီးပူခြင်း၊ ဆီးနည်းခြင်း၊ ဆီးအိမ်နာကျင်ခြင်း၊ ဆီးဝမ်းလေမကွဲသောရောဂါ၊ ဆီးပုပ်၊ ဓာတ်ပုပ်ရောဂါ ပျို့အန်ခြင်း၊ လည်ချောင်းကျဉ်းရောဂါ၊ ခံတွင်းပျက်ခြင်း၊ ချောင်းဆိုးသလိပ်ကပ်ရောဂါ၊ လျှာအနာပေါက်ခြင်း၊ ဝမ်းတွင်း လေကျစ်ခြင်း၊ သည်းခြေဖောက်ပြန်ခြင်း၊ ကိုယ်သားကိုယ်ရေ ပူရှိန်းရှိန်းဖြစ်ပြီးနာကျင်သော ရောဂါ၊ ခန္ဓာကိုယ်ကို ယားယံသောရောဂါ၊ စမြင်းခံခြင်း၊ အဆိပ်အတောက်ဖြစ်ခြင်း၊ ပင်လယ်အူနာရောဂါတို့ကို ပျောက်ကင်းစေနိုင်၏။ 

ရေငန်သီးအဖတ်များ

အိမ်သုံးသကြားမှုန့်

ပထမဦးစွာ ရေငန်သီးအဖတ်များကို ဖန်ဘူးတွင် သကြားနှင့်စိမ်၍ သိန္ဓောဆားမှုန့် သင့်တော်ရုံကို ခတ်ပါ။ ထိုစိမ်ထားသောအဖတ်များကို လူကြီး တစ်ကြိမ် ဟင်းစားဇွန်းတစ်ဇွန်းကို စားပေးပါ။ နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် စားပေးပါ။

ရေငန်သီးအစေ့ကိုသွေး၍လိမ်းပေးပါက ပေါက်ဖတ်၊ ခူကောင်ထိမိ၍ယားခြင်း၊ အနာဖြစ်ခြင်းကို ပျောက်ကင်းစေပါသည်။ 

ရေငန်သီးကို ပုစွန်ထုပ်ကြီးဟင်းတွင် ထည့်ခတ်၍ ချက်စားပေးပါက အမျိုးသားများ ပန်းညှိုး၊ ပန်းသေရောဂါကို ပျောက်ကင်းစေသည့်အပြင် ကျင်ချောင်းအတွင်း ပြည်ဝတ်တည်ခြင်း၊​ ကိုက်ခဲခြင်းတို့ကိုလည်း ပျောက်စေပါသည်။ 

ရေငန်သီးနှင့် ငါးပတ်သားကို ချက်စားပါက သွေးလွန်ဖျားရောဂါကို ကာကွယ်စေပါသည်။ ဝမ်းရောဂါ၊ ကာလဝမ်းရောဂါ၊ အစာအိမ်အချဉ်ပေါက်ရောဂါ၊ အင်အားကုန်ခန်းခြင်းကို ပြည့်ဝစေ၍ အိပ်မပျော်ခြင်းအတွက် အထူးကောင်းမွန်၏။

ရေငန်သီးနှင့် ငါးမြင်းသားကို ချက်စားပေးပါ။ အိပ်မပျော်၍ မျက်လုံးကြောင်သော ရောဂါလျင်မြန်စွာပျောက်စေသည်။

ရေငန်သီးစေ့ကို အခြောက်လှန်းအမှုန့်ပြုလုပ်ကာ ရှူပေးခြင်းဖြင့် ထိပ်ကပ်နာနှင့် နှာပုပ်ရောဂါကို ပျောက်ကင်းစေနိုင်ကြောင်း ရေငန်သီး၏ ဆေးဖက်ဝင်အာနိသင်တို့ကို ဖော်ပြလိုက်ရပေသည်။

ကျော်တင့်ဆွေ၏ “သဘာဝသစ်သီးများ၏ အံ့ဖွယ်ဆေးဖက်ဝင်မှုများ” စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်