ပဲပုပ်၏ကျန်းမာရေးအကျိုးကျေးဇူးများ

16/08/2019 20:00 PM တွင် မင်းသူသူကို မင်းသူသူကို မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ပဲပုပ်ပင်သည် ပဲမျိုးနွယ်ဝင် အမျိုးအစားဖြစ်ပြီးတော့ ကမ္ဘာကြီးမှာ အဓီက သီးနှံအနေနဲ့ စိုက်ပျိုးလျှက်ရှိကြပါတယ်။ ပဲပုပ်ကို ဆီ၊ နို့၊ တိုဖူးနှင့် အသားဓာတ် အဓိကရသော စားသောက်ကုန်များအဖြစ် အဆင့်ဆင့် ထုတ်လုပ်လျှက်ရှိကြပါတယ်။ တရုတ်နိုင်ငံနှင့်ဂျပန်နိုင်ငံမှာ ပဲပုပ်မှ ပြုလုပ်တဲ့ Edamae လို့ခေါ်တဲ့ ရိုးရာစားသောက်ကုန်ဟာ ထင်ရှားလူသိများပါတယ်။ ပဲပုပ်မှာ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊ အမျှင်ဓာတ်၊ အသားဓာတ်တွေ၊ ကယ်လိုရီတွေ များစွားပါဝင် ပါတယ်။ ပဲပုပ်ကို ဆေးဝါးထုတ်လုပ်ရာ၌လည်း အသုံဝင်သော ဆေးဖက်ဝင် သီးနှံလည်းဖြစ်ပါတယ်။ ပဲပုပ်ကို အသားအစားထိုး စားသောက်ကုန်အဖြစ် အသုံးပြုကြပြီး သက်သက်လွတ်သမားများအတွက် စားသုံးရန် သင့်တော်တဲ့ သီးနှံတစ်ခုပဲ ဖြစ်ပါတယ်။

ပဲပုပ်ကို အသားအရည် အပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးအတွက် အကျိုးရှိပါတယ်။ ခြေထောက်အမွှေးများဖယ်ရှားခြင်း၊ မျက်နှာအသားအရည် ထိန်းသိမ်းခြင်း၊ အသားအရည်ဖြူစေခြင်း၊ ချွေးပေါက်များကို ထိန်းသိမ်းနိုင်ခြင်း၊ အကောင်းဆုံး အလှကုန်ပစ္စည်းများ ထုတ်လုပ်ရာ၌ ပဲပုပ်ကို အသုံးပြုကြပါတယ်။

၁။ အသားအရေကို ရေဓာတ်ဖြည့်ပေးနိုင်သည်။ အဆီပြန်သော အသားအရေပေါ်တွင် လိမ်းပေးခြင်းအားဖြင့် အသားအရေပေါ်မှ မလိုအပ်သော အဆီများကို ဖယ်ရှားပေးနိုင်ပါတယ်။

၂။ အိုမင်းရောင့်ရဲခြင်းလက္ခဏာတွေဖြစ်တဲ့ အသားအရေပေါ်မှ အမဲစက်တွေ၊ အရေပြားတွန့်တာတွေ၊ အသားအရောင်မွဲ ခြင်းများကို လျှော့ချပေးနိုင်ပါတယ်။

၃။ ပဲပုပ်များ ဗီတာမင် အီး ပါဝင်တဲ့အတွက် ဆဲလ်အသစ်များကို အစားထိုးပေးနိုင်ပါတယ်။ ပဲပုပ်မှုန့်ကို ရေအနည်းငယ်နဲ့ မျက်နှာအပေါ်မှာ ၂၀ မိနစ်ကနေ ၂၅ မိနစ် ထားပြီးလျှင် ရေဖြင့် သန့်စင်ပေးပါ၊ တစ်ပတ်သုံးကြီမ်ခန့်ပြုလုပ်ပေးပါက ထူးခြားလာတာကို တွေ့မြင်လာရပါလိမ့်မည်၊

၄။ခြေသည်းတွေကျွတ်ဆက်နေတဲ့သူများအတွက် ပဲပုက်ဟာ အကောင်းဆုံး အဖော်မွန်ဘဲဖြစ်ပါတယ်။ ခြေသည်းတွေ မာစေပြီး တောက်ပစေတဲ့ ဂုဏ်သတ္တိတွေရှိပါတယ်။ ခြေသည်းတွေမှာ ဖြစ်တက်တဲ့မှိုရောဂါတွေကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။

၅။ ပဲပုပ်ဟာ ဆံသားတွေအတွက် ပျော့ပျောင်း ကောင်းမွန်စေပါတယ်။

၆။ ပဲပုပ်မှာ ရေညှိတို့ ငါးတို့မှာ ပါဝင်တဲ့ အိုမီဂါ ၃ အက်စစ်ဟာ နှလုံးနဲ့ပတ်သတ်တဲ့ ရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်.

၇။ ပဲပုပ်မှာ ပါဝင်တဲ့ ဖိုက်တစ်အက်စစ်ဟာ ရောဂါပိုးတွေကို ဆန့်ကျင်ပေးနိုင်တဲ့ ဓာတ်သတ္တိတွေ ပါပါတယ်။ ဖိုက်တစ်အက်စစ်ဟာ ကင်ဆာ၊ ဆီးချို၊ အသားအရေ နီရဲခြင်း၊ အနားရင်းခြင်း တို့ကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။

၈။ ပဲပုပ်များ သံဓာတ်၊ ဇင့်ဓာတ် တို့ပေါကြွယ်ဝတဲ့အတွက် ဆံချည်မျှင်သွေးကြောများ ကျယ်ပြန့်စေခြင်း၊ သွေးနီဥ ဆဲလ်များ ထောက်ပံ့ပေးတဲ့အတွက် နားမကြားခြင်းရောဂါများကို လည်း ကာကွယ်ပေးပါတယ်။

၈။ သွေးကြောများကို သန်မာစေတယ်။

၉။ ဝိတ်ကျစေရန်အတွက် လည်း အထောက်အပံ့ ဖြစ်စေပါတယ်။

၁၀။ ပဲနို့ဟာ အခြားနို့တွေထက် သကြားပါဝင်မှု ပိုနည်းပါတယ်။

၁၁။ သုတ်ထွက်ရည်ဂလင်းကင်ဆာများကို ကာကွယ်ပေးပါတယ်။

၁၂။ မိန်းမသားများဖြစ်စေတဲ့ သွေးဆုံးခြင်းလက္ခဏာ တွေကို ကာကွယ်ပေးပါတယ်။

၁၃။ အရိုးအဆစ်ရောင် ရောဂါများကိုလည်း ကာကွယ်ပေးပါတယ်။

၁၄။ နို့စို့အရွယ်ကလေးများအတွက် နို့ထွက်ပစ္စည်းများကို အစားထိုးနိုင်တယ်။

၁၅ ။ ကိုလက်စထရောမြင့်မားခြင်းကို လျှော့ချပေးနိုင်တယ်။

၁၆။ အမျိုးသမီးများအတွက်ပဲပုပ် ကို ပုံမှန်စားခြင်းအားဖြင့် သားမြတ်ကင်ဆာများကို ကာကွယ်ပေးနိုင်ပါတယ်။

၁၇။ ကိုယ်ခံအားတိုးမြှင့်စေသော လုပ်ဆောင်ချက်များကိုလည်း တိုးမြှင့်ပေးတယ်။

၁၈။ လက်စီတင်( lecithin) ဟုခေါ်သောရွှေ့လျားနိုင်သော အာဟာရတစ်မျိုးသည် ဉာဏ်ရည်ကို မြင့်မားစေသည်။ အတိတ်မေ့ရောဂါဖြစ်သော အယ်လ်ဇိုင်းမာ ရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်သည်။

၁၉။ ကိုယ်အင်္ဂါအစိတ်အပိုင်းများနှင့် တစ်သျှူးများကို သန်မာစေသည်။ စွမ်းအင်ကိုအသစ်ပြန်ရစေသည်၊

၂၀။ ပဲပုပ်မှာ ပိုတက်စီယမ် များစွာပါဝင်တဲ့အတွက် သွေးတိုးသမားများအတွက် ကောင်းမွန်စေသည်။

၂၁။ ဆီးချိုရောဂါကို ကာကွယ်နိုင်သည်။

၂၂။ သွားနှင့် အရိုးအဆစ်များကို သန်မာစေသည်။

၂၃။ ပဲပုပ်မှာ ဗီတာမင် c နှင့် ဗီတာမင် e များပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များ သောက်သုံးပါက သန္ဓသားဖွံ့ဖြိုးမှုကို ကောင်းစွားထောက်ပံ့ပေးပါတယ်။

၂၄။ စိတ်ကျရောဂါနှင့် စိတ်ခံစားမှုတို့ကိုလည်း လျှော့ချပေးပါတယ်။

၂၅။ ပဲပုပ်မှာ မဂ္ဂနီစီယမ်ဓာတ်က ခေါင်းကိုက်ရောဂါများကို သက်သာပျောက်ကင်းစေပါတယ်။

၂၆။ အဆစ်ရောင် ရောဂါများကိုလည်း ကာကွယ်တိုက်ဖျက်ပေးပါတယ်။

မင်းသူသူကို

References

http://www.whfoods.com/genpage.php?tname=foodspice&dbid=79

https://www.stylecraze.com/articles/amazing-benefits-of-soybeans-for-skin-hair-and-health/#gref

 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်