ပြောင်းဖူးပြုတ်ကနေရတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

17/12/2021 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ပြောင်းဖူးကို ပြုတ်စား၊ ကင်စား၊ ကြော်စား၊ ထောင်းစား၊ မီးဖုတ်စား၊ လက်ဖက်သုပ်ထဲ ထည့်သုပ်စား၊ မုန့်နှစ်နှင့်အကြွပ်ကြော်စားခြင်းအပြင် ပြောင်းဖူးစေ့လေးတွေကို ခြွေပြီး ဆီ၊ ဆားလေးနှင့် နယ်ကာ သရေစာအနေဖြင့်လည်း အမျိုးမျိုးစားသုံးကြပါသည်။

သုတေသနပြုချက်တွေအရ ပြောင်းဖူးမှာ အန်တီအောက်စီဒင့် (Antioxidants) တွေ ကြွယ်ဝစွာပါဝင်ပြီး နှလုံးကျန်းမာရေးအတွက် များစွာထောက်အကူပြုစေပါသည်။ အထူးသဖြင့် အဝါရောင်ပြောင်းဖူးတွေမှာ တွေ့ရတဲ့ဓါတ်က နှလုံးရဲ့လုပ်ဆောင်မှုကို ပိုမိုထောက်ပံ့ပေးနိုင်ကြောင်း သိရပါသည်။ ပြောင်းဖူးကို ကင်စားတာထက် ပြုတ်စားတာကပိုပြီး အာနိသင်ရှိကြောင်း ဖတ်မှတ်ရဖူးပါသည်။

ယခုလို ဆောင်းတွင်းအေးအေးလေးမှာ ပြောင်းဖူးပြုတ်ပူပူလေး စားခြင်းကနေရတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများကို ပြောပြ​ပေးပါမည်။

၁။ ပရိုတင်းဓါတ် ကြွယ်ဝခြင်း

ပြောင်းဖူးတွင် Protein (အသားဓါတ်)ကြွယ်ဝစွာ ပါဝင်တာမို့ ကြွက်သားတွေကို သန်မာစေပြီး နေ့စဉ်ခွန်အားပြည့်ဝစေမှာ ဖြစ်ပါသည်။

၂။ အစာခြေစနစ် ကောင်းမွန်ခြင်း

ပြောင်းဖူးတွင် Fiber (အမျှင်ဓါတ်)ကြွယ်ဝစွာ ပါဝင်သဖြင့် အစာချေစနစ်ကို ကောင်းမွန်စေပါသည်။

၃။ အူမကြီး ကင်ဆာဖြစ်ပွားမှုကို လျော့ကျစေခြင်း

ပြောင်းဖူးမှာ အူမကြီးကင်ဆာဖြစ်ပွားမှုကို လျော့ချပေးနိုင်တဲ့ ဆဲလ်တွေကို အားဖြည့်ပေးပါသည်။

၄။ သကြားဓါတ်ကို ထိန်းညှိပေးခြင်း

ပြောင်းဖူးစားခြင်းကြောင့် သွေးအတွင်းက သကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါသည်။

၅။ သွေးတိုးကျစေခြင်း

ပြောင်းဖူးကိုစားခြင်းသည် သွေးတိုးကျစေပါသည်။

၆။ မှတ်ဉာဏ်အားကောင်းစေခြင်း

ပြောင်းဖူးတွင် သိုင်ယာမင်း(သို့မဟုတ်) ဗီတာမင်-B ပါဝင်တာကြောင့် မှတ်ဉာဏ်အစွမ်းကို ကောင်းမွန်စေပါသည်။ ထိုအာဟာရတွေက ဦးနှောက်ဆဲလ်တွေကို အားကောင်းစေပြီး တွေးခေါ် နိုင်တဲ့ လုပ်ငန်းဆောင်တာတွေကို တိုးတက်စေပါသည်။ ထိုသာမက အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေကိုလည်း လျော့ကျစေပါသည်။

၇။ အမြင်အာရုံကို ကာကွယ်ပေးခြင်း

ပြောင်းဖူးတွင် ဘီတာကယ်ရိုတင်း၊ ဖောလိတ်၊ အင်တီအောက်ဆီဒင့်နဲ့ ဇီဇန်သင်းတို့ များစွာပါဝင်ပါသည်။ ဒီအာဟာရဓါတ်တွေက မက်ကူလာ ယိုယွင်းပျက်စီးမှုလိုမျိုး မျက်စိရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးပါသည်။

၈။ စိတ်ခံစားမှုကို ညီမျှစေခြင်း

ပြောင်းဖူးမှာ ဗီတာမင်-B6 ကြွယ်ဝစွာ ပါဝင်တာမို့ ဦးနှောက်ကနေ စိတ်ခံစားမှုကို ကောင်းမွန်စေတဲ့ ဓါတ်ကိုပေးပါသည်။ ဒါ့အပြင် အိပ်ရေးဝစေပြီး မနက်ဆို လန်းလန်းဆန်းဆန်း နိုးထစေပါသည်။ ဒါ့ကြောင့် အိပ်ရေးမဝလို့ စိတ်မကြည်တာ၊ စိတ်တိုတာ၊ ဒေါသထွက်တာကို မဖြစ်စေတော့ပါ။

၉။ ရောင်ရမ်းမှုကို လျော့ကျစေခြင်း

ပြောင်းဖူးမှာ Ferulic Acid များစွာပါဝင်ပါသည်။ ဒါက အင်တီအောက်ဆီဒင့်တစ်မျိုး ဖြစ်တာကြောင့် ခန္ဓာကိုယ်တွင်းရောင်ရမ်းမှု၊ အိုမင်းမှုနှင့် ကင်ဆာရောဂါများထဲမှ တချို့အမျိုးအစားတွေကို မဖြစ်အောင် ကာကွယ်ပေးပါသည်။

၁၀။ လိပ်ခေါင်းရောဂါဖြစ်ပွားမှုကို လျော့ချေပေးခြင်း

ပြောင်းဖူးမှာ အမျှင်ဓါတ်တွေ ကြွယ်ဝစွာပါဝင်တဲ့အပြင် ဗီတာမင်-B6၊ ဗီတာမင် -B5၊ သံဓာတ်တို့ ပါဝင်တာမို့ လိပ်ခေါင်းရောဂါဖြစ်ပွားမှုကို လျော့ချစေနိုင်ပါသည်။

ပညာရှင်တွေရဲ့ လေ့လာစမ်းသပ်ချက်အရ ပြောင်းဖူးဟာ သစ်သီးတွေနဲ့ ဟင်းရွက်အများစုထက် အာဟာရဓါတ်ပိုမိုပါဝင်နေပါသည်။ လူအများစုမှာ ပြောင်းဖူးကို ဟင်းအနေနဲ့ အဆီ၊ ဆား၊ သကြား တွေထည့်ပြီးချက်ပြုတ်စားသောက်ကြပါသည်။ ပြောင်းဖူးကို ပြုတ်ပြီးသုပ်စားတာ ဒါမှမဟုတ် စွပ်ပြုတ် ပြုတ်သောက်တာတွေက ကျန်းမာရေးနဲ့ပိုမို ညီညွတ်ကြောင်းသိရပါသည်။

ထိုသာမက ပြောင်းဖူးအမွှေးအမျှင်တွေကို ရေနွေးပူပူနဲ့ ပြုတ်ထားတဲ့ "ပြောင်းဖူးအမွေး အမျှင်ပြုတ်ရည်" ဟာလည်း ကျန်းမာရေးကို ကောင်းမွန်စေတဲ့ အရည်တစ်မျိုးဖြစ်ကြောင်း လေ့လာခဲ့ရဖူးပါသည်။ ပြောင်းဖူးအမွေးအမျှင် ပြုတ်ရည်ဟာ-

၁။ သွေးခဲခြင်းကို ကာကွယ်ပေးခြင်း

ပြောင်းဖူးအမွေးအမျှင်ပြုတ်ရည်မှာ ပါဝင်တဲ့ ဗီတာမင်-K ဟာ သွေးခဲခြင်းကို လျော့နည်းစေပြီး သွေးပျစ်ခြင်းကိုပါ ကာကွယ်ပေးပါသည်။

၂။ ကိုလက်စထရောကို ထိန်းညှိပေးခြင်း

ခန္ဓာကိုယ်အတွင်း ကိုလက်စထရောပမာဏကို ထိန်းညှိပေးနိုင်တဲ့ အကောင်းဆုံးသော အရည်တစ်မျိုးမှာ ပြောင်းဖူးအမွှေးအမျှင်ပြုတ်ရည်ပဲဖြစ်ပါသည်။

၃။ ဆီးသွားမှန်ခြင်း

ပြောင်းဖူးအမွှေးအမျှင်ပြုတ်ရည်သောက်သုံးခြင်းဖြင့် ဆီးလမ်းကြောင်းအတွင်း အဆိပ်အတောက်ကို ဖယ်ရှားပေးတဲ့အပြင် ဆီးရွှင်စေပါသည်။

ယခုခေတ်ကာလတွင် ပြောင်းဖူးကို အစားအစာနှင့်သာမက ကိုယ်လိမ်းလိုးရှင်း၊ ဆပ်ပြာ  စသည့်အလှကုန်၊ လူသုံးကုန်တွေမှာလည်း ထည့်သွင်းပြုလုပ်ပြီး အသုံးပြုနေကြပါပြီ။

Ref; ကျန်းမာရေးစာစောင်များ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်