အစိမ်းရောင်လမ်းရဲ့ အမေးအဖြေကဏ္ဍကတော့ အစိမ်းရောင်လမ်းရဲ့တောင်သူတိုင်းအတွက် အထူးတလည် မိတ်ဆက်ပေးစရာမလိုတော့ဘူးထင်မိပါတယ်။
မေးခွန်းမေးတဲ့အခါ ကိုယ့်လယ်/ ယာ စိုက်ခင်းထဲက ဖြစ်နေတဲ့ အခြေအနေတွေကို ပြည့်ပြည့်စုံစုံ ထည့်မေးပေးပါမှ ပညာရှင်တွေရဲ့ တကယ့်ထိရောက်တဲ့ အဖြေတွေကို ရနိုင်မှာပါ။ အဲ့တော့....
ဘယ်လိုမေးမလဲ
၁) အမျိုးအစားရွေးပေးရပါမယ် (မြေဆီလွှာ၊ အပင်အာဟာရ၊ စိုက်ပျိုးနည်း....စသဖြင့်)
၂) သီးနှံရွေးပေးရပါမယ် (ကိုယ်က ဘယ်သီးနှံအတွက် မေးချင်တာလဲ)
၃) မေးချင်တဲ့ အကြောင်းကို ရေးပေးရပါမယ် (ဒီနေရာမှာ ပြည့်ပြည့်စုံစုံထည့်ပေးဖို့ ပြောချင်တာပါ။ အသက်ရက်၊ ဘာမြေဆီကျွေးထားတယ်၊ ဘာဆေးဖျန်းထားတယ်၊ ရေသွင်း/ ထုတ် စတာတွေကို အပြည့်အစုံလေးရေးပေးရပါမယ်။)
၄) ဓာတ်ပုံ - စိုက်ခင်းပုံ၊ ပိုးကျရောက်ပုံလေးထည့်ပေးရင်တော့ အကောင်းဆုံးပါ။
၅) မွေးမြူရေးနဲ့ပတ်သက်ပြီး မေးခွန်းမေးမြန်းမယ်ဆိုရင်တော့ နွားနဲ့ ငါးကိုသာရွေးချယ်ပြီး ကြက်/ဝက် /သိုး/ဆိတ် အကြောင်းတွေကိုပါ ပြည့်ပြည့်စုံစုံလေး မေးမြန်းနိုင်ပါတယ်။
အစိမ်းရောင်လမ်းကတော့ မေးခွန်းမေးလို့ မပြည့်စုံခဲ့ရင် တိကျတဲ့အဖြေရဖို့အထိ ပြည့်စုံအောင်လို့ မေးခွန်းတွေထပ်မေးသွားမှာပါ။ အဲ့တော့ အစကတည်းက ပြည့်ပြည့်စုံစုံလေးမေးခဲ့ရင်တော့ အကောင်းဆုံး အမြန်ဆုံးနဲ့ ဖြေရှင်းဖို့အတွက် အကူအညီဖြစ်မှာ မဟုတ်ပါလားရှင်။ 
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more