မိရိုးဖလာစပါးခွံဖြင့် ဘဲသားဖောက်နည်း

14/09/2021 12:30 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

   မိရိုးဖလာစပါးခွံဖြင့် ဘဲသားဖောက်နည်းသည် ကျွမ်းကျင်သူများပြားလာသည့်အတွက် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် မန္တလေးတိုင်းတို့တွင် အများဆုံးသားဖောက်ပြီး ရောင်းချလျှက်ရှိပါသည်။        

   ဘဲသားဖောက်ရာတွင် စပါးခွံနှင့်စပါးကိုအသုံးပြုကြပါသည်။ ဘဲသားဖောက်ရန်အတွက် ဘဲထီး ၁ ကောင်၊ ဘဲမ ၈ကောင်ခန့် ထားပေးရပါသည်။ မျိုးဘဲဥမှာ ဥခွံထူခြင်း၊ ကွဲအက်ခြင်း မရှိစေရန် ရွေးချယ်ဖို့လည်း လိုအပ်ပါသည်။ ရွေးချယ်ဖို့ မျိုးဘဲဥများကို မနက်ခင်းနေရောင်ဖြင့်၃ နာရီခန့်လှန်းပေးပါ။ ဘဲဥမှ ရေခိုးရေငွေ့များ ထွက်ရှိလာပြီး ခြောက်သည်အထိ ဖျာပေါ်တင်ပြီး လှန်းပေးရပါသည်။ ထိုအဆင့်ကို ဘဲဥချွေးထုတ်သည်ဟု ခေါ်ဆိုပါသည်။

   ဝါးနှီးဖြင့်ယက်လုပ်ထားသော ဘဲဥဖောက်ကျင်းကို ပြင်ဆင်ထားပါ။ ကျင်းဇောက်အနက်မှာ (၂၄)လက်မ ရှိပြီး ကျင်း၏ အချင်းမှာ(၁၈)လက်မ ထားရှိပေးရပါသည်။ အဆိုပါ ဘဲဥဖောက်ကျင်းများကို အလျား(၆)ပေ၊ အနံ(၄) ပေ ဘောင်အမြင့် (၂)ပေရှိသော ဘဲဥဖောက်ကျင်း ၃ လုံးကို ဖောက်စင်ပေါ်တွင် အလျှားအလိုက်အနေတော်စီ၍ ထားရှိရပါမည်။ ထို့နောက် ကျင်းတစ်ခုနှင့် တစ်ခုကြားတွင် စပါးခွံများ ထည့်ပေးရပါမည်။ စပါး(စပါးခွံ)ကို မိုးပြဲဒယ်ကြီးထဲသို့ထည့်ပြီး ပုံမှန်မီးရှိန်ဖြင့် လှော်ပေးရပါမည်။

   စပါးခွံ(စပါး)၏အပူချိန်ကို လက်ဖြင့်စမ်းသပ်ပြီး အပူချိန် (၁၀၇) ဒီဂရီဖာရင်ဟိုက်၊ (၁၀၈) ဒီဂရီဖာရင်ဟိုက်သို့ရောက်သောအခါ အဝတ်ဖြင့်ထုပ်ပိုးပြီး အသင့်ပြင်ထားရပါမည်။

   စပါးခွံ (စပါး)၏အပူဓာတ်ဖြင့် ဘဲဥကို အနွေးပေးရန်ဖြစ်ပါသည်။ ထို့နောက်ဖောက်ကျင်း၏ အောက်ဆုံးတွင် အနွေးပေးပြီးသား စပါးခွံ(စပါး) တစ်ထပ်၊ ချွေးထုတ်ထားသော ဘဲဥ (၉ဝ)လုံးပါ တစ်ထုပ်ကို အလှည့်ကျထည့်သွင်းပေးပါ။ ထို့နောက် ဖောက်စင်တစ်ခုလုံးကို စောင်းပါးပါးဖြင့် လွှမ်းခြုံပေးပါ။

   ဘဲဥများကိုတစ်ရက် (၃)ကြိမ်ထုတ်ပြီး အထက်အောက်လှဲ့ လှဲ့ပေးပါ။ ရာသီဥတုအေးသောအခါများတွင် စပါးခွံ(စပါး)အထုပ်များကို အပူပြန်ပေးရပါမည်။ (၅)ရက်မြောက်သောနေ့တွင် ဘဲဥများကို မျိုးအောင်/မအောင်စစ်ဆေးပြီး ထုတ်ပယ်ရပါမည်။ မျိုးအောင်ပြီး ဘဲဥများကို ဖောက်ကျင်း၏အောက်ဆုံးတွင်ထားရှိပြီး အပေါ်တွင်ချွေးထုတ်ပြီး ဥအသစ်များကိုထပ်မံထည့်သွင်းရပါမည်။ ထိုနည်းဖြင့် (၅)ရက်တစ်ကြိမ်ဘဲဥများကို ထည့်သွင်းသွားပါ။ သန္ဓေရင့်လာသောအခါ စပါး(စပါးခွံ) များ လှော်စရာမလိုအပ်ပဲ သန္ဓေဘဲဥမှ အပူပြန်လည်ရရှိပါသည်။

   ဘဲဥဖောက်ကျင်းထဲ၌ သန္ဓေရက် (၁၈)ရက်ရလာသောအခါတွင် သန္ဓေရင့်ဘဲဥများကို စင်ပေါ်တွင်စီထားပြီး စောင်ပါးပါးဖြင့်လွှမ်းခြုံထားရပါမည်။ ဖောက်စင်ပေါ်တွင်(၁၀)ရက်ကြာသောအခါ ဘဲလေးများ ပေါက်လာပါသည်။

   ဘဲသားလေးများဖောက်ရာတွင် လိုအပ်သည့်အပူချိန်၊ ရေထုရေငွေ့ပါဝင်မှု့များကို ဓာတ်ဆရာများမှ အတွေ့အကြုံအရ လိုအပ်သလိုပြင်ဆင်သွားကြပါသည်။ အတွေ့အကြုံရင့်ပြီး စနစ်တကျဖောက်သော ဓာတ်ဆရာများသည် (၇၅)%သားပေါက်ရရှိကြပြီး (၅)ရက်လျှင် တစ်ကြိမ် ဘဲသားပေါက်လေးများ ထုတ်လုပ်ထွက်ရှိနိုင်ပါသည်။

မှီငြမ်း-တစ်ပိုင်တစ်နိုင်ဘဲမွေးမြူနည်း စာမျက်နှာမှ။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်