ကုန်ကျစရိတ်သက်သာစွာနဲ့ မင်္ဂလာပွဲကျင်းပနိုင်ဖို့
အားလုံးပဲမင်္ဂလာပါ။ ဒီနေ့တော့ လက်ထပ်ဖို့စီစဉ်ထားကြသူတွေအတွက် ရေးသားတင်ပြခြင်းပါ။ မင်္ဂလာဆောင်တစ်ပွဲလုပ်ဖို့ဆိုရင် ပျမ်းမျှအားဖြင့် သိန်း ၃၀-၄၀ လောက်ကုန်ကျပါတယ်လို့ ပြောကြပါတယ်။ အကြံပေးအချက်အလက် ၁၀ ခုကိုပြောပါရစေ။
(၁) ကိုယ့် ဘက်ဂျက်က ၅ သိန်းပဲဖြစ်ဖြစ် သိန်း ၅၀၀ ပဲဖြစ်ဖြစ် အရေးအကြီးဆုံးကတော့ ဦးစားပေးရမယ့်အရာတွေ စာရင်းပြုလုပ်ဖို့ လိုပါတယ်။ များများသုံးချင်တာတွေ၊ မလိုအပ်တာတွေလျော့လိုက်တာ၊ ဖယ်လိုက်တာတွေ လုပ်ထားပါ။
(၂) နှစ်ဦးနှစ်ဖက်စလုံး အနီးစပ်ဆုံး မိသားစု မိတ်ဆွေသူငယ်ချင်းတွေ ဖိတ်ကြားမယ့်လူစာရင်းအသေးစိတ် လုပ်ထားပါ။ လာမလာမြန်မြန်ဖြေကြားခွင့်ယူကြပါ။ နေရာတွေအားလုံးက လူအရေအတွက်နဲ့ စရိတ်တွက်ချက်တာဖြစ်တဲ့အတွက် နောက်ဆုံးအထိ အချိန်ဆွဲပြီးမှ ဖိတ်ရင် ကုန်ကျစရိတ်တွေ ဆုံးရှုုံးပါလိမ့်မယ်။
(၃) ဝန်ဆောင်မှုပေးသူများအချင်းချင်း အမြဲတမ်း နှိုင်းယှဥ်ပါ။ စျေးချိုအောင် တောင်းဆိုပါ။ စောစောစီစဉ်ရင် တောင်းဆိုမှုများ ပိုရရှိနိုင်ပါလိမ့်မယ်။ ပိုလုပ်ပေးနိုင်အောင် ပြောကြည့်ပါ။ အရေးပေါ်ပြသာနာများပေါ်လာနိုင်တဲ့အတွက် နောက်ကျောသူ back-up လူတွေကို ရှာထားပါ။
(၄) ဘက်ဂျတ်မရှိရင် ကိုယ့်အတွက်သိပ်အရေးမကြီးဘူးဆိုရင် စနေတနင်္ဂနွေပိတ်ရက်တွေမရွေးချယ်သင့်ပါ။ ငွေသက်သာပါလိမ့်မယ်။ မနက် နေ့လည် ညနေ အချိန်ရွေးပါ။ တခြား ပိုဦးစားပေးချင်တဲ့အရာတွေအတွက် သုံးဖို့ ငွေပိုထွက်လာပါလိမ့်မယ်။
(၅) အမျိုးသမီးတွေအတွက်ကတော့ မင်္ဂလာစုံဝတ်စုံဟာ အရမ်းအရေးကြီးပါတယ်။ ဒီဇိုင်နာတွေဆီကဝယ်မယ်ဆိုရင် ကုန်ကျစရိတ်အရမ်းများ ပါလိမ့်မယ်။ မြန်မာပြည်တွင်းက ကျော်ကြားတဲ့ဒီဇိုင်နာတွေကအထည်အမျိုးသမီးတွေအတွက်ကတော့ မင်္ဂလာစုံဝတ်စုံဟာ အရမ်းအရေးကြီးပါတယ်ချုပ်ကိုင်ပေးရင် နည်းနည်းပဲကုန်ကျမှာပါ။ ဒီဇိုင်းလေးတွေ ရှာဖွေပြီး ကိုယ်နဲ့အဆင်ပြေမယ့်စက်ချုပ်ဆိုင်နဲ့ အသေးစိတ်ဖော်ပြပြီး လုပ်ဆောင်ကြည့်ပါ။
(၆) ပန်းပင်တွေ၊ ပန်းပွင့်အစီအစဉ်တွေဟာလဲ အခုဆိုရင် အရမ်းလူကြိုက်များပါတယ်။ အစစ်တွေပဲအားလုံးသုံးမယ့်အစား အစစ်အတုပေါင်းသုံးလို့ ရပါတယ်။ တကယ်ပြောရမယ်ဆိုရင် ဘယ်သူမှလဲသေချာမသိကြပါဘူး။ မှတ်မိမှာလဲမဟုက်ကြပါဘူး။ အခမ်းအနားအစီအစဉ်တဲ့နေရာတွေမှာလဲ အပြောင်းအလဲပြုလုပ်လို့ ရပါတယ်။ ပြီးတော့ရာသီအလိုက် ထွက်တဲ့ ပန်းတွေပဲပိုသုံးရင်းနဲ့ စျေးမများအောင်လုပ်လို့ ရပါတယ်။
(၇) ဘူဖေးကျွေးရင် ပိုက်ဆံကုန်တာ နည်းသွားပါလိမ့်မယ်။ တစ်ဦးချင်းဆီစားပွဲဝိုင်းမှာ လိုက်ကျွေးမယ်ဆိုရင်လဲ ရွေးချယ်မှုမများအောင်လုပ်ပါ။ အများအားဖြင့် ပြင်ဆင်စရာနည်းလေ လုပ်ဆောင်မှုပေးရမယ့် ဝန်ထမ်းစရိတ်သက်သာသွားပါမယ်။
(၈) အခမဲ့စီးဆင်းမှုမျိုးနဲ့ ဘားဖွင့်ထားမယ်ဆိုရင် ထပ်ကုန်မှာပါ။ အအေး၊ အချိုရည်၊ ဘီယာ၊ ဝိုင် နှင့် အထူးစီစဉ်ထားတဲ့ ကော့တေးလိုမျိူးပဲ ရွေးချယ်ခွင့်လုပ်လိုက်ပါ။
(၉) တတ်နိုင်သမျှ ငှားသုံးပါ။ ဝယ်ယူရင် ဘယ်မှာထပ်သုံးလို့ရမလဲ သေချာစဉ်းစားပါ။ ကိုယ်ကအနုပညာ လက်မှုပညာ ကျွမ်းကျွမ်းကျင်တယ်ဆိုရင် ကိုယ်တိုင်လုပ်လို့ရတာတွေ အများကြီးရှိပါတယ်။ ဖိတ်စာလွှာ၊ ဓာတ်ပုံ၊ စာအိတ်၊ ပန်းချီ စသည်ဖြင့် ကိုယ်ပိုင်ထိတွေ့မှုလေးတွေနဲ့ ဝင်လုပ်ရင်ကောင်းပါတယ်။ စရိတ်သက်သာမှာပါပဲ။
(၁၀) မင်္ဂလာဆောင်စီစဉ်ပေးသူတွေက အပိုကုန်ကျမယ်လို့ ထင်တာတွေ ရှိပါတယ်။ ဒါပေမယ့် တကယ်တော့ ကိုယ့်ခေါင်းရှုပ်စေမယ့် ကိစ္စတွေကို ပိုက်ဆံပေးပြီး ထုတ်ပစ်လိုက်တာပါပဲ။ ကိုယ်ကအခုမှလက်ထပ်ဖို့ စီစဉ်တဲ့အတွက် လက်တွေ့အတွေ့အကြုံ နည်းပါတယ်။ သူတို့ဆီမှာ ရှိနေတဲ့ ချိတ်ဆက်ပေးနိုင်တဲ့ ဝန်ဆောင်မှုတွေ၊ စုံစမ်းချက်တွေ အသိအမြင်တွေက အများကြီးရှိပါတယ်။ ဘက်ဂျက်ရှိရင်သုံးပါ။
စိတ်ဖိစီးမှုနည်းပြီး မင်္ဂလာဆောင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Mother Finance
ဆက်စပ်ဆောင်းပါးများ
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း - ၅]
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၄]
ဗီဒီယို
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၃]
နည်းပညာမိတ်ဖက်အဖွဲ့
Mother Finance
Mother Finance အကြောင်း Mother Finance ကုမ္ပဏီလီမိတက် (Registration No. 2263/2014-2015) သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ဖွဲ့စည်းတည်ထောင်ထားသော ဘဏ်မဟုတ်သောငွေရေးကြေးရေးလုပ်ငန်းလိုင်စင်ရ (NBFI/FC(R)-11/08/2016) လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ယနေ့ Mother Finance ကျွန်ုပ်တို့၏ပထမဆုံးမိတ်ဆက်လိုက်သော ဝန်ဆောင်မှုမှာ ချေးငွေဝန်ဆောင်မှုပေးနိုင်သော Application ဖြစ်ပါသည်။ ထို App သည် တစ်ချိန်တည်းတွင် data signal ထောင်ပေါင်းများစွာကို အသုံးပြုပြီး လူကြီးမင်းတို့အတွက် ချေးငွေများရရှိအောင် ဆောင်ရွက်ပေးနိုင်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ Android smartphone အသုံးပြုသူတိုင်း ချေးငွေလျောက်ထားနိုင်ပြီး ငွေကြေးဆိုင်ရာနောက်ကြောင်းစစ်ဆေးခြင်း များ (financial history) မရှိပဲ ချေးငွေလျင်မြန်စွာ ရရှိနိုင်ပါသည်။ ကျွန်ုပ်တို့သည် လူကြီးမင်းတို့၏လိုအပ်ချက်နှင့်ကိုက်ညီသောချေးငွေများကို လျင်မြန်စွာ ဖြည့်ဆည်းပေးခြင်းအားဖြင့် လူကြီးမင်းတို့အတွက် digital credit history နှင့် ဘဏ္ဍာရေးဆိုင်ရာ ကိုယ်ပိုင်ပုံရိပ် (financial identity) တည်ဆောက်ပေးရန် ရည်ရွယ်ပါသည်။ Mother Finance ၏ ရည်မှန်းချက် ဝန်ဆောင်မှုရရှိမှုနည်းပါးသောဒေသများမှလူများအတွက် ငွေကြေးရင်းမြစ်များသို့လွယ်ကူစွာ ဆက်သွယ်နိုင်စေရန်၊ မိမိ၏ဘဏ္ဍာရေးကို မိမိကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ခွင့်ရှိစေရန် စိတ်အားထက်သန်စွာ ကူညီဆောင်ရွက်ပေးရန် ဖြစ်ပါသည်။ လူတိုင်းသည် ငွေရေးကြေးရေးလုပ်ငန်း (စနစ်)များသို့ ဆက်သွယ်ခွင့်ရရှိရန်နှင့် ၎င်းဆက်သွယ်မှုမှတဆင့် ဘဏ္ဍာရေးဆိုင်ရာ အကျိုးအမြတ်များ ရရှိရန် လိုအပ်ပါသည်။ ထိုစနစ်များတွင် ပါဝင်သူများအတွက် ရွေးချယ်ခွင့်များပေးထားရန်လိုအပ်ပြီး ထိုသို့ရွေးချယ်ခွင့်များကြောင့် မိမိ၏ငွေကြေးကို မိမိစိတ်ကြိုက် စီမံခန့်ခွဲခွင့် ရရှိစေပါသည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားတိုင်းအား မိမိတို့၏ငွေကြေးကို ကြိုတင်ခန့်မှန်းစာရင်းရေးဆွဲခြင်း၊ စုဆောင်ခြင်း၊ ရင်းနှီးမြှပ်နှံခြင်း၊ သင်ယူလေ့လေားခြင်း အစရှိသည့် လုပ်ငန်းရပ်တိုင်းတွင် မိမိတို့ကိုယ်တိုင်စီမံခန့်ခွဲခွင့် ရရှိစေရန် ဖြစ်ပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မအူပင်မှာ ငါးတန်သားပေါက်များ ဘယ်မှာဝယ်လို့ရလဲ?
YS • ဖြေကြားချက် 1 ခု
မင်္ဂလာပါခမျာ မြိုင်မြို့နယ်ကပါဗျ။ ပီးခဲ့တဲ့ စက်တင်ဘာ 13 ရက်နေ့ကစိုက်ထားတာပါဗျ။ပုလဲဓာတ်မြေဩဇာတကြိမ်တော့ပတ်ထားပါတယ်။ နှမ်း အပွင့်၊အသီးတင်ပီး အထွက်တိုးအောင် ဘယ်ချိန်မှာ ဘာဆေးေလးတွေ ပတ်ဖြန်းပေးရမလည်းဆိုတာသိချင်ပါတယ်ဗျ။
Myint Kyaw Oo • ဖြေကြားချက် 4 ခု
စပါး အဖုံးလုံးနေပီ ဘာရောဂါကျနေလည်း မသိ
နံပတ်2 • ဖြေကြားချက် 1 ခု
ရွှေဘိုဘေးကျားလေး အသီးပြည့်ပြီး အထွက်တိုးအောင် ဘာမြေဆီကြွေးသင့်လဲခဗျာ
KYAW SHANE • ဖြေကြားချက် 3 ခု
ငပျောပင်ကြီးခုတ်လိုက်လို့ ထပ်ပေါက်လာတဲ့ ငှက်ပျောပင်လေးတွေကို ရွေ့စိုက်လို့ရလား? ထားမယ်ဆိုရင်ရော ဘယ်နှစ်ပင်သင့်လဲ? အချို့အရုံတွေမှာ အပင်ပေါက်တွေ အများကြီး တွေ့ရလို့ပါ
Nova Nova • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
သီးနှံအထွက်တိုးပြီး ရောဂါဒဏ်ခံနိုင်စေတဲ့ သကြားဓာတ်
05/10/2026
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်
05/10/2026
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026