မြေဆွေးပုံပြုလုပ်နည်း

18/12/2020 20:45 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မြေဆွေးရဲ့အခန်းကဏ္ဍတွေကိုသိပြီးတဲ့နောက်မှာတော့ မြေဆွေးပြုလုပ်ဖို့နည်းလမ်းတွေလိုအပ်လာပါပြီ။ မြေဆွေးဖြစ်စေတဲ့အရာတွေအများကြီးရှိတဲ့အလျောက် ပြုလုပ်ပုံနည်းလမ်းတွေကလည်းကွဲမှာပဲဖြစ်ပါတယ်။ မြေဆွေးနှင့် အပင်အာဟာရပိုင်းဆိုင်ရာမြေသြဇာကို သဘာဝနည်းအတိုင်းပြုလုပ်ပုံနည်းများကို သောကြာနေ့တိုင်းမှာ တစ်ပုဒ်စီတင်ပေးသွားမှာဖြစ်ပါတယ်။ 

မြေဆွေးပုံပြုလုပ်တဲ့အခါလိုအပ်သောပစ္စည်းများ

တိရစ္ဆာန်အညစ်အကြေး၊ ကြက်ချေး၊ သစ်ရွက်၊ မြက်ခြောက်၊ ကောက်ရိုးခြောက်၊ ပြာ၊ စပါးခွံ၊ မီးဖိုချောင်သုံးစွန့်ပစ်ပစ္စည်းများ၊ မြေကြီး၊ မြေဆွေးပုံရန်နေရာ၊ ငှက်ပျောတုံး(သို့) သစ်တုံး များပြင်ဆင်ပါ။

အချိုးအစားအနေနဲ့ ပါဝင်သောပစ္စည်းတစ်မျိုးစီ တစ်လွှာမှာ မြေကြီးတစ်လွှာ နှုန်းထားနဲ့ပါ။

ပြုလုပ်နည်း

ပါဝင်ပစ္စည်းတစ်မျိုးစီ တစ်လွှာ မြေကြီးတစ်လွှာကို အဆင့်ဆင့်ပုံပါ။ လစဉ်လတိုင်း မြေဆွေးပုံကို အထက်အောက်လှန်ပေးပါ။ (၃-၄) လကြာ၍ မြေဆွေးပုံအမည်းရောင်ပြောင်းသွားပါက အသုံးပြု၍ရပါပြီ။ မြေဆွေးပုံပတ်လည်တွင် သစ်သားချောင်း(သို့) ငှက်ပျောတုံး (သို့) အုတ်ခဲများဖြင့်ကာထားပါ။

အသုံးဝင်ပုံ

သဘာဝဥယျာဉ်ခြံစိုက်ပျိုးသူများအတွက် အသုံးဝင်သည်။ မိမိ ဥယျာဉ်ခြံစိုက်ခင်းများ၊ ပျိုးထုပ်၊ ပျိုးဘောင်များတွင် ထည့်သွင်းအသုံးပြုနိုင်ပါသည်။

နွားချေးနှင့် မြေကြီးထည့်ပေးခြင်းဖြင့် သစ်ရွက်များမြန်မြန်ဆွေးပြီး အပူချိန်လျော့စေသည်။ ဓာတ်မြေသြဇာနှင့်ထုံးထည့်ပေးခြင်းဖြင့် အဆွေးမြန်စေသည်။ 

ရှေ့တစ်ပတ်ကတင်ထားတဲ့ "မြေဆွေးဆိုသည်မှာ...” ဆောင်းပါးကိုအောက်ပါလင့်မှာလေ့လာပါ။

မြေဆွေးဆိုသည်မှာ...

နည်းပညာများကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ၏ အိမ်နှင့်ကျောင်းဥယျာဉ်ခြံတည်ထောင်ခြင်းနည်းပညာလက်စွဲ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

ဆောင်းပါးများ/သတင်းများပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်