လူတွေရဲ့ဆံပင်ကို အာဟာရပြည့်မြေသြဇာအဖြစ် အသုံးပြုခြင်း

26/04/2023 15:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

နိမ့်ကျတယ်လို့ထင်ရတဲ့ ဆံပင်ကျွတ်တွေကို တန်ဖိုးထားတတ်ဖို့ ခဏလောက် အချိန်ယူလိုက်ပါ။ အဆိုပါ သေးငယ်တဲ့ ဆံချည်မျှင်လေးတွေဟာ ကျွန်တော်တို့သိရှိနားလည်ထားတာထက် အပင်တွေအတွက် ပိုပြီးအစွမ်းထက်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ၎င်းတို့ကို အလဟသပ် အဖြစ်မခံလိုက်ပါနဲ့။ နောက်တစ်ခါများ သင့်ရဲ့ရေချိုးခန်း ရေဆင်းပေါက်ကို သန့်ရှင်းရေးလုပ်တဲ့အခါမျိုးဖြစ်စေ သင့်ရဲ့ဘီးမှာရှိတဲ့ ဆံပင်ချည်တွေကို ရှင်းလင်းတဲ့အခါဖြစ်စေ ဥယျာဉ်စိုက်ခင်းတွေမှာ ပြန်လည် အသုံးပြုဖို့အတွက် ၎င်းဆံပင်ချည်တွေကို သိမ်းဆည်းထားလိုက်ပါ။ 

အပင်စိုက်ပျိုးမဲ့ ပွားစာ (စပ်မြေ) သို့မဟုတ် မြေဆွေးပုံမှာ ဆံပင်ချည်တွေကို ထည့်ပေးခြင်းဖြင့် အပင်တွေအတွက် အဓိကကျတဲ့ အာဟာရဓာတ်များ တိုးမြင့်စေကာ မြေဆီလွှာကို ကျန်းမာစေနိုင်သလို ရေဓာတ်ရရှိစေရန် ကူညီပေးနိုင်ပြီး အထင်ကြီးလောက်စရာကောင်းတဲ့ အသီးနှံတွေကို ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆံပင်ချည်တွေမှာ နိုက်ထရိုဂျင်နဲ့ အခြားအနည်းလိုအာဟာရဓာတ်တွေ မြင့်မားစွာပါဝင်နေတာကြောင့် ဆံပင်ချည်တွေကို သဘာဝမြေဩဇာအဖြစ်နဲ့ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ 

Healthline ရဲ့ အဆိုအရ ပျမ်းမျှအားဖြင့် လူတစ်ဦးဟာ တစ်နေ့လျှင် ဆံပင် ဆံချည်မျှင် ၁၀၀ အထိ ဆုံးရှုံးနေတယ်လို့ ဆိုပါတယ်။ အဆိုပါ ဆံပင်ချည် အများစုဟာ သတိမထားမိဘဲ လေနဲ့ မှုတ်ထုတ်လိုက်တဲ့အခါမှာ လွင့်ပါသွားတာမျိုး၊ ရေချိုးခေါင်းလျှော်ရင်းနဲ့ ပါသွားတာမျိုး (သို့မဟုတ်) ဆံပင်ဖြီးတဲ့ ဘီးတွေမှာ ကပ်ကျန်နေတာမျိုး စသည်ဖြင့်ရှိနေတတ်ကြပါတယ်။ ဒါပေမဲ့ ၎င်းတို့ကို သိမ်းဆည်းထားပြီး ဥယျာဉ်စိုက်ခင်းတွေမှာ ပြန်လည်အသုံးပြုခြင်းဖြင့် အံ့အားသင့်စရာကောင်းတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ 

ဆံပင်ချည်တွေဟာဆိုရင် စီးပွားဖြစ်မြေသြဇာအနေနဲ့ တစ်ခုတည်းအသုံးပြုတာထက် ဘက်စုံအသုံးပြုနိုင်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဆံပင်ချည်တွေကို အသုံးပြုပြီး မြေဆီလွှာကို ကြွယ်ဝစေဖို့ရယ်၊ ဘယ်လို ဆံပင် (အမွှေးအမျှင်) အမျိုးအစားတွေကို အသုံးပြုနိုင်တယ်ဆိုတာရယ်နဲ့ ဦးခေါင်းပေါ်မှာရှိနေတဲ့ ဆံပင်တွေကို အခြားသော မသိနိုင်သေးတဲ့ ဘယ်လိုရည်ရွယ်ချက်တွေအတွက် အသုံးပြုနိုင်မလဲဆိုတာတွေကိုပါ ထည့်သွင်းစဉ်းစားသင့်ပါတယ်။ 

ဆံပင်ရဲ့အကျိုးကျေးဇူးများကို ခွဲခြမ်းစိတ်ဖြာကြည့်ခြင်း

တကိုယ်လုံးမှာရှိနေတဲ့ အမွှေးအမျှင်များပင်လျှင် ဥယျာဉ်စိုက်ခင်းတွေမှာ အသုံးပြုနိုင်ပါတယ်။ ဆံပင်၊ ခြေထောက်မွှေး၊ ကြောင်အမွှေး၊ ခွေးအမွှေး၊ ဆိတ်အမွှေးနဲ့  အခြားအမွှေးအမျှင်တွေကိုပါ အပင်တွေအတွက် ပြန်လည်အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ ဘယ်လို ဆံပင် (သို့မဟုတ်) ဘယ်လို အမွှေးအမျှင် အမျိုးအစားကို အသုံးပြုသည်ဖြစ်စေ အရေးမကြီးပါဘူး။ ဆံပင် (အမွှေးအမျှင်) အားလုံးဟာ မဂ္ဂနီဆီယမ်နဲ့ အနည်းလို အာဟာရဓာတ်များ မြင့်မားစွာပါဝင်နေတာကြောင့် အပင်များအတွက် ကောင်းမွန်ပြီး မြေဆီလွှာကို ကြွယ်ဝအောင် ကူညီပေးနိုင်တာ ဖြစ်ပါတယ်။ အပင်တွေဟာ စွမ်းအင်ထုတ်လုပ်ဖို့နဲ့ ၎င်းတို့ရဲ့ အရွက်တွေ ကျန်းမာပြီး အစိမ်းရောင်ဖြစ်ပေါ်စေဖို့ ကလိုရိုဖီးလ် မော်လီကျူးတွေ တည်ဆောက်ရာမှာ မဂ္ဂနီဆီယမ်ဓာတ်ကို လိုအပ်တာဖြစ်ပါတယ်။ မဂ္ဂနီဆီယမ် ဓာတ်အပြင် ဆံပင်ချည်တွေမှာဆိုရင် ကာဗွန်၊ နိုက်ထရိုဂျင်၊ အောက်ဆီဂျင်၊ ဟိုက်ဒရိုဂျင်နဲ့ ဆာလဖာ စတဲ့ဓာတ်တွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။ နိုက်ထရိုဂျင်ဓာတ်ဟာ စီးပွားဖြစ် ဓာတ်မြေသြဇာတွေထဲမှာ အသုံးအများဆုံး ပါဝင်ပစ္စည်းတွေထဲမှ တခုဖြစ်ပြီး ဆံပင်တွေဟာဆိုရင် အပင်တွေ ရှင်သန်ကြီးထွားဖို့ရာ ကူညီပေးနိုင်တာဖြစ်ပါတယ်။ ဆံပင်ချည်တွေမှာ keratin ဆိုတဲ့ဓာတ် အပါအဝင် အခြားသော အနည်းလို အာဟာရဓာတ်တွေပါဝင်နေတာကြောင့် အသီးနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို ပိုမိုကြီးထွားစေပြီး အရည်ရွှမ်းလာအောင် ကူညီပေးနိုင်တာဖြစ်ပါတယ်။ 

ဆံပင်တွေဟာ ၎င်းတို့ရဲ့ အာဟာရ အကျိုးကျေးဇူးများအပြင် မြေဆီလွှာကို သန်စွမ်းစေပြီး လေဝင်လေထွက်ကောင်းစေခြင်းကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများလည်း ရှိနေတာ ဖြစ်ပါတယ်။ ဆံပင်တွေဟာ ပိုက်ကွန်ကဲ့သို့ ခိုင်ခံ့တောင့်တင်းတဲ့ နေရာတွေကို ဖန်တီးပေးပြီး အမြစ်များကို တွယ်ကပ်စေကာ ပေါင်းပင်များ ဖြတ်သန်းထွက်ပေါ်လာဖို့ ခက်ခဲစေမှာ ဖြစ်ပါတယ်။ ဆံပင်တွေဟာ ထုပ်ပိုးထားခြင်းမရှိဘဲနဲ့ကို မြေဆီလွှာထဲမှာ အတူတကွ ပေါင်းစည်းနိုင်ပြီး ရေစိမ့်ဝင်အားကို ပိုမိုကောင်းမွန်စေကာ ရေ တိုက်စားမှုဒဏ်ကိုလည်း ခံနိုင်ရည်ရှိစေမှာ ဖြစ်ပါတယ်။ 

ဥယျာဉ်စိုက်ခင်းတွေမှာ ဆံပင်တွေကို အသုံးပြုခြင်း 

ပထမဆုံးအနေနဲ့ အိမ်နဲ့အနီးတစ်ဝိုက်က ဆံပင်တွေကို အိတ်ငယ်တစ်ခုနဲ့ စုဆောင်းခြင်းဖြင့် စတင်ပါ။ အိတ်ပြည့်သွားတဲ့အခါ အမွှေးအမျှင်တွေကို ခွဲထုတ်ပြီး မျိုးစေ့ မစိုက်ပျိုးမီ မြေဆွေးပုံ (သို့မဟုတ်) မြေဆီလွှာထဲသို့ တိုက်ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ လူတွေရဲ့ ဆံပင်ဟာ သဘာဝတိုင်း အတိအကျ ပြိုကွဲဆွေးမြေ့ဖို့ဆိုရင် အချိန်အားဖြင့် ၂ နှစ်ကျော်လောက် အထိလိုအပ်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မြေဆီလွှာထဲမထည့်ခင်မှာ ၎င်းတို့ကို သေချာစီမံခန့်ခွဲနိုင်ဖို့အတွက် အပိုင်းအစလေးတွေဖြစ်အောင် ဖြတ်တောက်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ ပိုပြီး အဆင်ပြေစေဖို့အတွက် ဆံပင်တွေကို မြေဆီလွှာထဲထည့်ပြီးနောက်  ရေလောင်းပေးရပါမယ်။ ပြီးပါက အံ့သြဖွယ်ကောင်းတဲ့ မြေသြဇာရဲ့ အကျိုးကျေးဇူးတွေကို လေ့လာစောင့်ကြည့်လိုက်ပါ။ အသီးနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို ပိုမိုထုတ်လုပ်နိုင်စေဖို့ အပင်တွေရဲ့  ကြီးထွားမှုအမြင့်မားဆုံးရာသီ မတိုင်ခင်မှာ တစ်နှစ်လျှင် တစ်ကြိမ်ခန့် ဥယျာဉ်စိုက်ခင်းတွေမှာ ဆံပင်အပိုင်းအစတွေကို ထည့်သွင်းပေးနိုင်ပါတယ်။ 

ဆံပင်တွေကို မြေသြဇာအဖြစ် အသုံးပြုခြင်းအပြင် အခြားအံ့သြဖွယ်နည်းလမ်းတွေနဲ့လည်း ဥယျာဉ်စိုက်ခင်းတွေမှာ အသုံးပြုနိုင်ပါတယ်။

ငှက်တွေအနေနဲ့ ၎င်းတို့ရဲ့ အသိုက်တွေမှာ အကာအရံအဖြစ် အသုံးပြုနိုင်ရန်အတွက် အပိုကျန်ရှိနေတဲ့ ဆံပင်တွေကို ချိတ်ဆွဲထားနိုင်ပါတယ်။ ငှက်တွေက အမွေးအမျှင်တွေကို မကြောက်ပေမဲ့လည်း သမင်နဲ့ ကြွက်ကဲ့သို့ တိရိစ္ဆာန်တွေကတော့ ကြောက်နိုင်ပါတယ်။ (အနောက်နိုင်ငံတွေမှာ ဥယျာဥ်စိုက်ခင်းတွေထဲကို သမင်တွေ ဝင်ရောက် စားသောက်ဖျက်ဆီးတာမျိုး ရှိတတ်လို့ ဖြစ်ပါတယ်) ချိတ်ဆွဲထားတဲ့ လူရဲ့ ဆံပင်တွေ (သို့မဟုတ်) ဥယျာဉ်စိုက်ခင်းတစ်ဝိုက်မှာ အသုံးပြုထားတဲ့ ဆံပင်တွေက လူရဲ့ အနံ့ (လူနံ့) ကို လေထဲရောက်ရှိစေမှာ ဖြစ်ပါတယ်။ အဲ့ဒီလို အခြေအနေမှာ အနံ့ခံကောင်းတဲ့ သမင်နဲ့ ကြွက်တွေဟာ သူတို့ရဲ့ သားရဲကောင်ရှိနေတယ်လို့ ခံစားရစေပြီး စိုက်ခင်းတွေရဲ့ အဝေးမှာနေဖို့ သိလာလိမ့်မှာ ဖြစ်ပါတယ်။ 

ဇင်ထူးနိုင်

Ref: 

https://www.housedigest.com/1266382/human-hair-effective-soil-fertilizer/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်