ပိုးသတ်ဆေးတွေသုံးတယ်လား?....ဒါဆိုရင် ဖတ်ပါ

30/10/2019 10:36 AM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   ပိုးသတ်ဆေးဆိုတာက ဖျက်ပိုးတွေကို သေစေ ပြေးစေဖို့ ရည်ရွယ်ပြီးထုတ်လုပ်ထားတာပါ။ အဲ့ဒါကိုမှ လွဲမှားပြီးသုံးမိရင် ဒုက္ခရောက်နိုင်ပါတယ်နော်၊ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတယ်။ ပြီးတော့ လူတွေကိုလည်း အဆိပ်သင့်စေနိုင်တာကြောင့်ပါပဲ။

   အောက်မှာကတော့ ပိုးသတ်ဆေးကိုသုံးမယ်ဆိုရင် တွေးသင့်တဲ့အချက်လေးတွေကို ပြောပြပေးထားပါတယ်။

() ဘာပိုးလဲ ဆိုတာကိုသေချာပါစေ။ အင်းဆက်ပိုးကျတာလား၊ ရောဂါဖြစ်တာလား၊ ပေါင်းသတ်ဆေးသုံးမှာလား၊ ဒါမှ ဘာဆေးကို သုံးရမလဲ ဆိုတာကို ဆုံးဖြတ်တဲ့နေရာမှာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။

() အင်းဆက်ဖျက်ပိုးမဟုတ်ပဲ ပျပိုးလောက် ပင့်ကူလောက်ဆိုရင် အပင်ကို ရေများများလောင်းဆေးလိုက်တာမျိုးနဲ့တင် အဆင်ပြေပါတယ်။ ဆိုလိုတာကတော့ ဆေးသုံးဖို့ကို ရှေ့တန်းမတင်ပဲ တစ်ခြား ဓာတုတွေမသုံးရတဲ့ နည်းလမ်းတွေကို အရင်ရှာပါ။

() ဆေးတွေသွားဝယ်ရင် မေးခွန်းတွေများများမေးပါ။ သုံးနည်းစွဲနည်းတွေ ဘာပိုးတွေသေစေတာလဲဆိုတာမျိုးတွေ ဆေးအကြောင်း အကုန်ကို သိသွားအောင်လို့ မေးပြီးတော့မှသုံးပါ။

() ဆေးအကြောင်းတွေ မေးပြီးရင်တော့ ပတ်ဝန်းကျင်ကို အဆိပ်ပြင်းတာတွေကို ငြင်းပါ။ အနည်းဆုံး တစ်ခုကိုပဲ ရွေးလိုက်ပါ။

() ဆေးတွေကို မရောစပ်ခင်မှာ အညွှန်းတွေကို သေချာလေး ဖတ်ပါ။ ဆေးတွေကို သူငယ်ချင်းပြောလို့ ဆိုင်ကပြောလို့ဆိုပြီး ရောစပ်တာမျိုး မလုပ်ရပါဘူး။

() ဆေးရောစပ်နေတဲ့အချိန်မှာ အကာအကွယ်ပစ္စည်းတွေကိုသုံးပါ။ လက်အိတ် စွပ်တာ၊ နှာခေါင်းစည်း သုံးတာမျိုး တွေကို မမေ့ပါနဲ့။ မျက်စိကိုမထိအောင် သတိထားပါ။

() လေကောင်းကောင်းရတဲ့နေရာ လေတိုက်တဲ့နေရာမှာပဲ ဆေးကို ဖျော်ပါ။ ရေေရာပါ။ တစ်ချို့ ပိုးသတ်ဆေးတွေက အနံ့တော်တော်ပြင်းပါတယ်။ အနံ့နဲ့တင် ခေါင်းနောက် ခေါင်းမူးတာတွေ ဖြစ်တတ်ပါတယ်။

() ပိုးသတ်ဆေးဖျန်းတဲ့နေရာမှာသုံးတဲ့ ခွက်တွေ ပလုံးတွေကို တစ်ခြားနေရာမှာ မသုံးပါနဲ့။ ပိုးသတ်ဆေး ရောတဲ့ခွက်ကို ရေဆေးပြီး ခြေထောက်ဆေးတာမျိုးတောင် မလုပ်မိအောင် သတိထားပေးပါ။

() အဲ့ခွက်တွေကို ရေဆေးမယ်ဆိုရင်လည်း မြေကြီးပေါ်လောင်းဆေးတာမျိုးဖြစ်ဖြစ် လုပ်ပေးပါ။ အဝေးကြီးကိုစီးနိုင်တဲ့ ချောင်းတွေ မြောင်းတွေထဲ ဆေးပစ်တာမျိုးမလုပ်ပါနဲ့။

(၁၀) ဆေးဖျန်းတဲ့အချိန်မှာ ကာကွယ်ရေးပစ္စည်းတွေ ဝတ်ဆင်ပါ။ လူကို မထိလေကောင်းလေပါပဲ။ တကယ်တမ်း ဆိုရင်တော့ မိုးကာဝတ်စုံလိုမျိုး ဝတ်စုံအပြည့်ဝတ်ပြီး လည်ရှည်ဖိနပ်စီးပြီးတော့ ဖျန်းရမှာပါ။ စွပ်ကျယ်လောက်ပဲ ဝတ်ပြီးတော့တောင် မဖျန်းသင့်ပါဘူး။ လက်အိတ်စွပ်ပါ။ နှာခေါင်းစည်း တပ်ပါ။ ဆေးဖျန်းတုန်း ဝတ်ထားတဲ့ ဝတ်စုံတွေကို သီးခြားစီလျှော်ပါ။ ပြီးတော့ နေရောင်ပြင်းပြင်းမှာ ခြောက်အောင် လှန်းပါ။

(၁၁) လေတိုက်တာ အနည်းဆုံးဖြစ်တဲ့အချိန်၊ လေငြိမ်တဲ့အချိန်မှာ ဆေးကိုဖျန်းပါ။ အညွှန်းအတိုင်းကို မနက်စောစောဖြစ်ဖြစ် ညနေပိုင်းဖြစ်ဖြစ် ဖျန်းပေးဖို့ သုံးပေးဖို့ လိုပါတယ်။

(၁၂) အရမ်းပူနေတဲ့အချိန်မှာ ဆေးမဖျန်းပါနဲ့။ အပင်တွေကို လောင်နိုင်တာကြောင့်ဖြစ်ပါတယ်။

(၁၃) တစ်ခြား ပိုးသတ်ဆေးကြောင့် သေစေနိုင်တဲ့အကောင်လေးတွေကို သတိရပေးပါ။ ပျားတွေလို ဝတ်မှုန်ကူးပေးနိုင်တဲ့အကောင်တွေနဲ့ တစ်ခြား လူတွေကိုအကျိုးပြုတဲ့ အကောင်လေးတွေ မသေအာင် သတိထားပေးပါ။

(၁၄) ပိုးသတ်ဆေးတွေသုံးပြီးရင် ဘယ်အချိန်မှာ ကွင်းထဲကို ပြန်ဝင်လို့ရမယ်ဆိုတဲ့အချက်ကို အတိအကျလိုက်နာပေးပါ။ ဘေးကင်းဖို့အတွက် ဂရုစိုက်ပါ။

(၁၅) ဆေးဖျန်းတဲ့နေရာမှာသုံးတဲ့ ပစ္စည်းတွေကို အပြင်ဖက်မှာပဲ သေချာဆေးကြော သန့်စင်ပါ။ မြစ်၊ ချောင်း၊ အင်းအိုင်တွေမှာ မဆေးပါနဲ့။

(၁၆) ဆေးဘူးတွေကို ကလေးတွေ လက်လှမ်းမမှီတဲ့နေရာမှာ ထားပါ။

(၁၇) သိုလှောင်ထားချင်တယ်ဆိုရင် ခြောက်သွေ့တဲ့ နေရာ၊ လေဝင်လေထွက် ကောင်းတဲ့နေရာ၊ အေးမြတဲ့နေရာမှာ သော့ခတ်ပြီးတော့ သိမ်းထားပေးပါ။

(၁၈) ဆေးတွေ ပစ်မယ်ဆိုရင် အကုန်လုံးသုံးပြီးတော့မှ ပစ်ပါ။ မြစ်ချောင်း အင်းအိုင်တွေထဲကို မချမိအောင် သတိထားပေးပါ။

   ကဲ ပြောခဲ့တာတွေကတော့ ပိုးသတ်ဆေးကို သုံးမယ်ဆိုရင် ဘာတွေသတိထားပေးရမလဲဆိုတာကို သတိချပ်မိနိုင်အောင်ပြောပြပေးတာပါ။ ကဲ နောက်တစ်ပိုင်းမှာ ပိုးသတ်ဆေး တစ်ထုပ်ဝယ်လာတယ်ဆိုရင် ဘာတွေကို သေချာလေ့လာရမလဲ ဆိုတာကို ပြောပြပေးမှာပါ။

ထွန်းဝင်းကျော်


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်