သီးနှံတွေ များများနဲ့ ပုံမှန်ရိတ်သိမ်းချင်တယ်ဆို ဘယ်လိုလုပ်မလဲ

04/10/2019 10:20 AM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကိုယ့်ခြံထဲက ဉယျာဉ်ခြံသီးနှံအပင်တွကို အများကြီးနဲ့ရော အမြဲတမ်းရော ရိတ်သိမ်းချင်တဲ့အခါ ဘာလုပ်ရမလဲ။ အောက်က ()ချက်ကို လိုက်လုပ်ကြည့်လိုက်ပါ

() စိုက်ရာသီကို ဆွဲဆန့်ပါ။

မကြာမကြာ ရိတ်သိမ်းချင်တယ်ဆိုရင်တော့ စိုက်ရာသီကို ဆွဲဆန့်ထားပေးဖို့ လိုပါတယ်။ သူ့ရာသီချိန်က ဒီကနေ ဒီအထိပဲလေ။ ဆိုတော့ စိုက်လို့မရတော့တာ မဟုတ်ပါဘူးနော်။ အဲ့တော့ များများရိတ်သိမ်းချင်တယ်ဆိုရင် ဖန်လုံအိမ်သုံးပြီးတော့ စိုက်တာမျိုးတွေလုပ်ပေးနိုင်ပါတယ်။ ခုဆိုရင် အအေးပိုင်းမှာ စိုက်ရတဲ့ ဆလပ်ကို ဖန်လုံအိမ်နဲ့စိုက်ပြီးတော့ တစ်နှစ်ပတ်လုံး စားလို့ရအောင်လုပ်ပေးနိုင်နေပါပြီ။

() မြေဆွေးလုပ်ပါ မြေဆွေးလုပ်ပါ။

ခြံကထွက် လယ်ကထွက် အိမ်ကထွက် တဲ့ပစ္စည်းတွေကိုသုံးပြီးတော့ မြေဆွေးလေးတွေ လုပ်ထားပါ။ အဲ့လိုလုပ်ထားပြီး လယ်ထဲ အကွက်ထဲကို ထည့်ပေးရင် မြေဆီသြဇာတွေ ပြန်လည်ထက်သန်လာပြီးတော့ အများကြီး ရိတ်ရမှာနော်။

() ဆက်တိုက်ရိတ်ရအောင် စိုက်ပါ။

မိုးသီးနှံပြီး ဆောင်းသီးနှံ ပြီး နွေသီးနှံ အဲ့လိုကို ဆက်တိုက်စိုက်တာမျိုး၊ ကြားညှပ်စိုက်တာမျိုးလေးတွေ လုပ်ပေးလိုက်ရင် ဆက်တိုက်ကို ထွက်နေမှာပါနော်။

() ဒေါင်လိုက်စိုက်ပါ။

ဆိုလိုတာကတော့ များများဆန့်အောင်လို့ အပေါ်အတိုင်းတက်အောင် ဒေါင်လိုက်စိုက်ပါ။ ဥပမာဆို ပဲပင်လို နွယ်ပင်တွေပေါ့။ အဲ့လိုဆို သီးနှံတွေလည်း များများရိတ်သိမ်းရမှာနော်။

() အထွက်ကောင်းမျိုးတွေစိုက်ပါ။

စိုက်ရတာချင်း လုပ်ပေးရတာခြင်းတူတူကို အထွက်ပိုများတဲ့ အထွက်ကောင်းမျိုးတွေကို စိုက်ရင်ရော ပိုမရဘူးလား ဆိုတာ တွေးစရာတစ်ချက်ပါပဲ။

() ကိုင်းမှန်မှန်ဖြတ်ပေးပါ။

အပင်ကြီးတွေဆို သီးကိုင်းတွေများဖို့၊ သီးကိုင်းတွေ အဓိက အားရှိဖို့ အတွက် ကိုင်းဖြတ်တာလေးတွေ မှန်မှန်လုပ်ပေးရပါမယ်။ အဲ့လိုလုပ်ပေးရင် ကိုယ်ကွေျးသလောက် အသီးတွေဆီကိုတက်တာပေါ့။ အပွင့်တွေဆီကို ရောက်တာပေါ့။ အဲ့လိုပြောလို့လည်း အပွင့်လေးနဲ့ အသီးလေးတွေပဲ ချန်ပြီး ကိုင်းတွေ ချိုင်မပစ်ပါနဲ့ဦး

() ပျားလေးတွေကို ကာကွယ်ပေးပါ။ 

ပျားလေးတွေ တွေ့တဲ့အခါဆေးသုံးတာတွေ သတိထားပေးပါ။ ပျားလေးတွေက ဝတ်မှုန်ကူးပေးပြီးတော့ အထွက်ကိုတိုးစေနိုင်ပါတယ်။

ကိုယ့်ခြံလေးမှာ စမ်းကြည့်ပါ။ လက်မလည်အောင် တစ်မျိုးပြီး တစ်မျိုး ရိတ်နေ သိမ်းနေရရင်တော့ မဆဲကြပါနဲ့နော်။

  ထွန်းဝင်းကျော်

https://blog.gardeningknowhow.com/top-of-the-crop/7-ways-to-increase-your-harvest/

 

 

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်