နှစ်ရှည်ပင်တစ်မျိုးဖြစ်သည့် ကွမ်းသီးပင်များအကြားတွင် ကိုကိုးပင်များကို ကြားညှပ် စိုက်ပျိုးပါက (၂)သီးစားအဖြစ် ဝင်ငွေရရှိနိုင်မည်ဖြစ်ကြောင်း ကိုကိုးစိုက်ပျိုးသူများက ပြောသည်။
ကွမ်းသီးခြံတွေကြားမှာ သီးညှပ်အနေနဲ့ စိုက်ပျိုးထားလိုက်တော့ ဒီအချိန်မှာ တောင်သူ တွေ အတွက် အပိုဝင်ငွေတစ်ခု ရလာတာပေါ့။ ကွမ်းသီးကလည်း နှစ်ရှည်ပင်ပဲ။ အနှစ် ၂၀၊ ၃၀ သက်တမ်းရှိတယ်။ ကိုကိုးကလည်း နှစ်ရှည်စားရတဲ့အပင်ပဲ။
ဟု တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့နယ်မှ ကိုကိုး စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်နေသူ ကိုနေလင်းအောင်က ပြောသည်။
ကိုကိုးပင်သည် စတင်စိုက်ပျိုးချိန်မှ (၅) နှစ်ဝန်းကျင်အတွင်း ဈေးကွက်တင်ပို့နိုင်ပြီး၊ အပင်သက်တမ်း (၁၀) နှစ်မှ (၁၅) နှစ်ကြား သက်တမ်းတွင် အရည်အသွေးပြည့်မီကာ ပိုမိုထွက်နှုန်းအားကောင်းလာကြောင်း သိရသည်။
တစ်ပင်နဲ့တစ်ပင်ကြား ၁၀ ပေ၊ ၁၅ ပေ ခြားထားကြတယ်။ တချို့ ကွမ်းသီးခြံတွေကျတော့ ဟိုးအရင့်အရင်ကတည်းက စိုက်ထားတာဆိုတော့ ပင်ကြားတန်းကြားက မမှန်ဘူး။ မမှန်တဲ့အခါကျတော့ အဆင်ပြေသလိုပဲ ကြားညှပ် လွတ်တဲ့နေရာလေးတွေ ထည့်စိုက်ကြတာ။
ဟု ကိုနေလင်းအောင်က ဆက်လက်ပြောသည်။
၁၀ လသားအရွယ် ကိုကိုးပျိုးပင် တစ်ပင်လျှင် ၅၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးနေကြ ကြောင်းသိရသည်။
Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️
❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော်
✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more
Greenovator