မုန်ညင်းနှင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ကို သီးညှပ်စိုက်ပျိုးခြင်း
ပထမဦးဆုံး သီးညှပ်စိုက်ပျိုးခြင်းအကြောင်းကိုပြောချင်ပါတယ်။ တောင်သူတော်တော်များများသိပြီးသားလည်းဖြစ်မှာပါ သီးညှပ်စိုက်ပျိုးခြင်းဆိုတာ စိုက်ချိန်ရာသီမှာ မျိုးမတူ သီးနှံနှစ်မျိုး (သို့) သုံမျိုးကို ကြားညှပ်၍ တစ်ချိန်တည်း၊ တစ်နေရာတည်း၊တစ်ပြိုင်နက်တည်း စိုက်ပျိုးခြင်းဖြစ်ပါတယ်။ ထိုနည်းလမ်းက ရိုးရှင်းလွယ်ကူတယ်၊ အကုန်အကျနည်းတယ်၊ ပြီးတော့ သီးနှံ တစ်မျိုးတည်းစိုက်ပျိုးရာမှ ရရှိတဲ့ အထွက်နှုန်း၊ အကျိုးအမြတ်တို့ထက် ပိုမိုရရှိနိုင်ပြီး ရေသွင်းရာမှာလည်း အချိန်ကုန်လူပင်ပန်းသက်သာစေမယ်၊ စသည်တို့ကြောင့် အကောင်းဆုံးစိုက်ပျိုးနည်းစနစ်ဖြစ်တယ်လို့ သတ်မှတ်ထားကြပါတယ်။
သီးညှပ်စိုက်ပျိုးခြင်းနှင့်စိုက်ပျိုးရတဲ့ရည်ရွယ်ချက်ကတော့...
ဥပမာ ပန်းပွင့် အမျိုးအစားနဲ့ တွဲပြီး စိုက်ပျိုးမယ်ဆိုရင် ပျားတေရောက်လာခြင်းကြောင့် ၀တ်မှုန်ကူးခြင်းဖြစ်စဉ်ကို လုပ်ပေးနိုင်မယ်။ ပေါင်းမြက်ပေါက်ရောက်ခြင်းနဲ့ ပိုးမွှားကျရောက်မှုနည်းမယ်။ သီးညှပ်စိုက်ပျိုးခြင်းဟာဆိုရင် အပူပိုင်းဒေသမှာ လွန်ခဲ့တဲ့နှစ်ပေါင်းရာချီတည်းက စိုက်ပျိုးလာကြတယ်။ သမပိုင်းမှာဆိုရင်တော့ အနည်းငယ်သာ ဒီနည်းစနစ်ကိုကျင့်သုံးကြတယ်။
မုန်ညင်းမှာတွေ့ရှိချက်တွေအရဆိုရင် မုန်ညင်းပင်ကို နေရာဒေသတော်တော်များများစိုက်ပျိုးကြပြီး မုန်ညင်းကို အရွက်၊ အစေ့ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ်သော်လည်းကောင်း၊ အစေ့ကိုကြိတ်ပြီး မုန်ညင်းဆီ အဖြစ်သော်လည်းကောင်းသုံးကြတယ်။
မုန်ညှင်း စိုက်ခင်းမှာဆိုရင် ပျ က အဓိကကျရောက်ပါတယ်။ ပိုးတုံးလုံးအဆင့်ရော၊ အကောင်ကြီးအဆင့်ပါ အရွက်၊ အဖူး စသည်တို့ရဲ့ ပင်ရည်ကိုစုပ်ပြီး ရှင်သန်ကြီးထွားကြပါတယ်။ ပျ ကျရောက်ပြီးဆိုရင် အရွက်တွေလိပ်လာမယ်၊ ဆိုးဆိုးရွားရွား ကျရောက်ပြီဆိုရင် ညှိုးပြီးသေတဲ့အထိ ဆိုးရွားပါတယ်။ ရောဂါလက္ခဏာအရ ပျ ကနေ သကြားကဲ့သို့ စေးကပ်ကပ် အနှစ် (honey dew) ထုတ်ပါတယ်။ အဲ့ပေါ်မှာဆိုရင် ကြက်ခိုးမှို ပုံစံမျိုး တွေးရတတ်ပြီး အပင်ပုခြင်း စတဲ့ လက္ခဏာရပ်တို့ကိုတွေ့ရတတ်ပါတယ်။
ဒါ့ကြောင့် ပျ ကျရောက်မှုကို ထိန်းချုပ်ပြီး အရေအတွက်နည်းသွားစေရန် ငှက်ပျော၊ မုယောစပါး၊ ပဲ၊ဂေါ်ဖီထုပ်၊ ကုလားပဲ၊ ငရုတ်၊ တရုတ်နံနံ၊ ပိုက်ဆံလျှော်၊ ပဲနီကလေး၊ ကြက်သွန်နီ ၊ကြက်သွန်ဖြူ တို့နဲ့ သီးညှပ်စိုက်ပျိုးခဲ့ကြပြီး စမ်းသပ်ခဲ့ကြရာ ပျ ကျရောက်မှုနှုန်း ပမာဏနည်းသွားသည်ကို တွေ့ရှိခဲ့ကြပါတယ်။
စမ်းသပ်လေ့လာလုပ်ဆောင်သူများပြောကြားချက်အရ ကြက်သွန်မျိုး(Allium spp) များက အင်းဆက်ပိုးမွှားများအနေဖြင့် အနံ့စူးရှရှအနံ့ကြောင့် အင်းဆက်တို့ရဲ့အစာစားချင်စိတ်ကို ဟန့်တားစေတယ်လို့ သိရှိရပါတယ်။
အဲ့အချက်ကိုအခြေခံထားပြီး မုန်ညှင်းမှာကျရောက်တဲ့ ပျ ကို ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့နဲ့ သီးညှပ်စိုက်ပျိုး၍ စမ်းသပ်သုတေသနလုပ်ဆောင်ခဲ့ရာ ပျ ကျရောက်မှု အရေအတွက်နည်းသွားသည်ကို တွေ့ရှိခဲ့ကြပါတယ်။
ဒါ့ကြောင့် သီးညှပ်စိုက်ပျိုးခြင်းစနစ်ကိုလည်း ကျင့်သုံးကြဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျ။
References: file:///Users/mac/Downloads/1962%20(1).pdf
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ကျဲခင်း၁၀ရက်တွင်ပေါက်နေတဲ့မြေဇာမြက်ကိုဘယ်ပေါင်းသက်ဆေးသုံးရမလဲဆရာ။
u win zaw • ဖြေကြားချက် 1 ခု
ခြံထဲ ဒီအပင်တွေချည်း ပေါက်နေကြလို့။ ပုံမှန်ကတော့ ခြံရှင်းရင်း မြေဆွေးလုပ်ပစ်တယ်။ ပုံထဲက အပင် 3 မျိုးရဲ့နာမည်နဲ့ အသုံးဝင်မဝင်လေး သိချင်လို့ပါ။ အသုံးမဝင်ရင် တခါတည်း ရှင်းပစ်ပြီး မြေဆွေးကန်ထဲထည့်လိုက်တော့မလို့ဗျာ။
Nyi M Htet • ဖြေကြားချက် 2 ခု
စပါးက အနှံပြူနေပါပီ ရေမရှိတော့ဘူး မြေကစိုနေရင် အဆေ့အဆန် ပြည့်၀နိင်သလား အမှော်အဖျင်း များမလား ဆရာ
နံပတ်2 • ဖြေကြားချက် 3 ခု
စပါးကျဲခင်း၁၀ရက်သားဘယ်ပေါင်းသက်ဆေးသုံးရမလဲ။
u win zaw • ဖြေကြားချက် 1 ခု
ရောဂါကျနေ့အရွက်တွေကို အခုလို ပုံအတိုင်း ညှပ်ချလိုက်ပါတယ် တတန်းဘဲဘညှပ်ရသေးပါတယ် ညှပ်သင့် မညှပ်သင့် အဖြေကိုပြောပေးစေ လိုပါတယ်
ရှိုင်းထက်အောင် • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
အောက်တိုဘာ ၁၄ မှ ၁၇ ရက်နေ့များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် ဒေသများ
12/10/2026
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
12/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
More from နန်းအောင်
အားလုံး
ကျန်းမာရေး အတွက် အကျိုးရှိတဲ့ လိမ္မော်သီးယိုနဲ့ နာနတ်ယို
04/05/2022
တဆေးရဲ့ အသုံးဝင်ပုံ ၁၃ ချက်
25/02/2022
မြေအနားပေးခြင်း (သို့) မြေလှပ်ဖို့လိုတဲ့အကြောင်း
22/02/2022
ကျန်းမာရေးလိုက်စားပြီး ကိုယ်အလေးချိန်ကိုထိန်းသိမ်းတတ်တဲ့သူတွေ သောက်သင့်တဲ့ သံပုရာဖျော်ရည်
21/02/2022
ဇာတိပ္ဖိုလ် ရဲ့ ကောင်းကျိုးများ
17/02/2022