ကင်(မ်) ချီ ပြုလုပ်နည်း

12/01/2018 11:56 AM တွင် ဒေါ်သက်သက်နွယ် ဒေါ်သက်သက်နွယ် မှ ရေးသား

Kimchi အစားအစာကို မကြာခဏ ကိုရီးယားရုပ်ရှင်နှင့် ရုပ်မြင်သံကြားများတွင် ကိုရီးယား အစားအစာ တခုအနေနဲ့ ရောနှော ပြသထားတယ်သည်ကို တွေ့မြင် နိုင်ပါတယ်။ ကင်(မ်) ချီဟာ ကျန်းမာရေး အတွက် အထောက်အကူ ပြုစေတဲ့ အစားအသောက် တခုလဲ ဖြစ်ပါတယ်။

ကင်(မ်) ချီရဲ့ ကျန်းမာရေး အတွက် အထောက်အကူ ဖြစ်စေတဲ့ အချက်တွေကတော့….

ကင်(မ်)ချီသည် ဒိန်ချဉ်လိုပဲ အချဉ်ဖောက်ထားသောကြောင့် lactobacilli လို့ ခေါ်တဲ့ ခန္ဓာကိုယ်အတွက် ကျန်းမာစေတဲ့ ဘက်တီးရီးယား ပါဝင်တဲ့ အတွက်ကြောင့် ခန္ဓာကိုယ်ရဲ့ အစာချေ လုပ်ငန်းစဉ်အတွက် အထောက်အကူ ပြုသလို၊ နောက်ထပ် အံ့သြဖွယ် တခုကတော့probioticsပါဝင်တဲ့အတွက် ခန္ဓာကိုယ်အတွက် အမျိုးမျိုးသော ကူးစက် ရောဂါများကို  တိုက်ထုတ်နိုင်ပါတယ်။

ခန္ဓာကိုယ်မှာ သွေးတိုးခြင်း သို့မဟုတ် သွေးထဲမှာ ကိုလက်စထရော မြင့်မားနေတယ်ဆို ကင်ချီမှာ ပါဝင်တဲ့ ကြက်သွန်ဖြူနှင့်ဆယ်လီနီယမ်က ခန္ဓာကိုယ်ရဲ့ ကိုလက်စထရော လျော့ကျလာဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။

ကင်(မ်)ချီကို ကိုယ့်ဘာသာ လုပ်တော့မယ်ဆိုရင် လိုအပ်တဲ့ ပစ္စည်းတွေကတော့.

(၁) မုန်ညင်းထုပ်အဖြူ (၁ပိဿ၂၀ ကျပ်သား) (၂၀၀၀ ဂရမ်)

(၂) ကြက်သွန်မြိတ်- ၃၀ ကျပ်သား (၅၀၀ ဂရမ်)

(၃) ငံပြာရည် - ၁ ခွက်(လက်ဖက်ရည်ကြမ်း တစ်ပန်းကန်)

(၄) ကောက်ညှင်း၊ နာနတ်ရည်/သစ်သီးအရည် တခုခု /ရှာလကာရည် - ၁ ခွက် (လက်ဖက်ရည်ကြမ်း တစ်ပန်းကန်) ကြက်သွန်ဖြူ ၁၀ ကျပ်သား

(၅) ဂျင်း အနည်းငယ်

(၆) ငရုပ်သီးမှုန့် ၀.၅ ခွက် (လက်ဖက်ရည်ကြမ်း ပန်းကန်တဝက်)

(၇) ဆား အနည်းငယ်

(၈) ရွက်စားမုန်လာ၊ တရုတ် မုန်ညင်းထုပ် (Chinese Cabbage) - ၁ စီး

(၉) မုန်လာဥဖြူ/နီ (ခါကြက်ဥ) အနည်းငယ်

(၁၀) နှမ်း အနည်းငယ်

ပြုလုပ်ပုံအဆင့်ဆင့်

  • မုန်ညင်းထုပ် အဖြူများအား ရေစင်အောင် ဆေးကြောပြီး ဆားရည်တွင် (၃) နာရီခန့် စိမ်ပါ။
  • ၎င်းတို့အား ဆားရည်မှ ဆယ်ယူပြီး ရေစစ်ထားပါ။
  • ဂျင်း၊ ကြက်သွန်ဖြူတို့အား ထောင်းထားပါ။ ကောက်ညှင်းအား ပြုတ်ထားပါ။
  • ပါဝင်သော ပစ္စည်းများအား ရောထည့်၍ မွှေပြီး(၁-၂) ည ခန့် နှပ်ထားပါ။

ထို့နောက် ရေခဲသေတ္တာ(သို့) အေးမြသော နေရာတွင် ထား၍ စားသုံးနိုင်ပါသည်။

သက်သက်နွယ်


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်