ငါးခုံးမကြီးမွေးမြူရေးအကြောင်း သိကောင်းစရာ
ငါးခုံးမကြီးကို အင်္ဂလိပ်အမည် Java barb (သို့မဟုတ်) Silver barb ဟုလည်းခေါ်ကြပါသည်။ ငါးခုံးမကြီးငါးမှာ မွေးမြူရေးကန်(ငါးကန်)များတွင် ကန်ရေ၏ အလယ်ပိုင်းနှင့်အောက်ခြေတွင် နေထိုင်ကျက်စားကြသည်။ စီးဆင်းနေသောရေထက် ရေသေတွင်နေထိုင်ရခြင်းကို ကြိုက်နှစ်သက်သည်။ အစာစားသောဓလေ့မှာ ကန်အတွင်းရှိ ရေပေါက်ပင်များ၊ ရေညှိ၊ ရေမှော်များကို စားသုံးကြပြီး ကျောရိုးမဲ့သတ္တဝါငယ်များကိုလည်း စားသုံးလေ့ရှိသည်။
ငါးခုံးမကြီးမှ ထုတ်ယူရရှိသော ပီကျူထရီဂလင်း (Pituitary gland) ကို အခြားငါးမျိုးများ ဆေးထိုးသားဖောက်ရာတွင် အသုံးပြုနိုင်သည်။ ငါးခုံးမကြီးငါးမှာ ငါးကန်များအတွင်း၌လည်း သဘာဝအတိုင်း ဥချသားပေါက်လေ့ရှိကြသည်။
ငါးခုံးမကြီးကို ၂၀၀၀ ပြည့်နှစ်တွင် ထိုင်းနိုင်ငံမှတင်သွင်းပြီး ၂၀၀၁ ခုနှစ်တွင် ငါးလုပ်ငန်းဦးစီးဌာနမှ သားပေါက်ထုတ်လုပ်ရောင်းချပါသည်။ အရွယ်ရောက်ငါးခုံးမကြီးသည် အလျား ၁၆ လက်မနှင့် အလေးချိန် ၁.၃ ပိဿာအထိ ကြီးထွားနိုင်ပါသည်။
ငါးခုံးမကြီးငါးကိုမွေးမြူရာတွင် မွေးမြူနှုန်းထား (၁) ဧကလျှင် ငါးသားပေါက်ကောင်ရေ (၈၀၀၀-၁၂၀၀၀) လိုအပ်ပါသည်။ မွေးမြူသည့်ကာလမှာ (၆) လကြာမြင့်ပါသည်။ (၆) လခန့်ကြာပါက ငါးကြီးထွားနှုန်းမှာ (၃၀) ကျပ်သားရှိပါသည်။
ငါးစာအဖြစ် ကန်အတွင်းရှိ သဘာဝအလျောက်ရရှိသော ရေညှိ၊ ရေမှော်များသာမက ဖွဲနု၊ ပဲဖတ်၊ ဝါဖတ်၊ အရွက်စိမ်းများကိုလည်း ကျွေးရပါမည်။
ငါးခုံးမကြီးငါးကို-
Phylum (မျိုးပေါင်းစု) - Chordata
Class (အမျိုးအစား) - Actinopterygii
Order (မျိုးစဉ်) - Cypriniformes
Family (မျိုးရင်း) - Cyprinidae
Genus (မျိုးစု) - Barbonymus
Species (မျိုးစိတ်) - Barbonymus gonionotus ဟူ၍ဖြစ်ကြပါသည်။
ဦးဇော် (dof)
(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
နှင်းဖြူဖြူ
လွန်ခဲ့သော ၅ နှစ် ကဘယ်မြို့နယ်က လဲမသိ။မြို့နယ် ငါးလုပ်ငန်း ငါးသားဖောက်စခန်း မှာ ဝယ်လို့ရပါတယ်
ဇော်နိုင်မြင့်
လွန်ခဲ့သော ၅ နှစ် ကဆရာ ငါးခုံးမကြီးမျိုးဘယ်မှာဝယ်ရမှာလဲ လမ်းညွန်ပေးပါ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
စမုံနက်နှမ်းမျိုးက ဆောင်းမှာစိုက်လို့ရလား
Khing Hein • ဖြေကြားချက် 1 ခု
ရက်၉၀စပါးပျိုးထောင်စိုက်လို့ရပါသလားဘယ်လိုစိုက်ရသလဲသိခြင်ပါတယ်
ဦးရွှေပြည်စိုး • ဖြေကြားချက် 1 ခု
ဆောင်မှာစိုက်မှာမိုး ဘယ်နှမ်းမျိုတွေစိုက်ရင်ကောင်မလည်ခင်များ ပြောပေပါအုံးခင်များ
မင်းမင်း • ဖြေကြားချက် 3 ခု
မြေပဲ မိုးဦးကျစိုက်ရင် မြေပဲတေက ပဲ၀မ်းကျဖြစ်နေလို့ အဆေ့တေက စမ်းပဲမဟုတ်ပဲနဲ့ နီကျောင်ကျောင်တေ ၊ဆောင်းပဲကျ ပုံမှန်ပဲ ဘာပြုလို့လဲ
နံပတ်2 • ဖြေကြားချက် 3 ခု
အပင်တေသေတယ်ပိုးကောင်နဲ့ခြတေဘယ်လိုလုပ်ရမလည်း အပင်အားကောင်းဆေးမသိ
ကိုရဲကို • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
သီးနှံအထွက်တိုးပြီး ရောဂါဒဏ်ခံနိုင်စေတဲ့ သကြားဓာတ်
05/10/2026
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်
05/10/2026
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
More from ဦးဇော်(dof)
အားလုံး