ကော်ဖီသီးဆွတ်ခူးခြင်း

08/11/2019 14:00 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

ကော်ဖီသီးဆွတ်ခူးရာတွင် ကော်ဖီသီးကို တစ်ချိန်တည်း အစိမ်းနှင့်အမှည့် ရော၍မခူးရ။ လုံးဝရင့်မှည့်ပြီး အနီရောင်ရှိသည့်အသီးများကိုသာ အကြိမ်ကြိမ်ခူးရမည်။ အစိမ်းသီးများပါလာပါက ကော်ဖီအရည်အသွေး ညံ့ဖျင်းနိုင်ပါသည်။ ကော်ဖီသီးရင့်မှည့်ကာလမှာ ပန်းပွင့်သည်မှ အသီးမှည့်ခူးဆွတ်သည်အထိ ၈ လ မှ ၁၀ လကြာမြင့်သည်။ အရိပ်ကောင်းပြီး ရာသီဥတုအေးမြပါက ရင့်မှည့်ချိန်ပိုကြာသည်။ ကော်ဖီအရည်အသွေးပိုကောင်းသည်။ ရာသီဥတုပူ၍ အရိပ်နည်းပါးသော ကော်ဖီခင်းများတွင် ရင့်မှည့်ချိန်ကာလတိုသည်။ ကော်ဖီအရည်အသွေး ကျဆင်းနိုင်သည်။ ပင်လယ်ရေမျက်နှာပြင်အမြင့်အပေါ်မူတည်၍ ရင့်မှည့်ချိန် ကွာခြားနိုင်သည်။

ကော်ဖီသီးဆွတ်ခူးချိန်မှာ နိုဝင်ဘာလမှ မတ်လအထိ ဖြစ်သည်။ လက်ကျန်အစိမ်းသီး၊ အမှည့်သီးအားလုံးကို မတ်လအလယ်တွင် အပြီးသတ်ခူးရပါမည်။ နောက်ပန်းပွင့်ကာလအတွက် အပင်အနားပေးခြင်းနှင့် အပင်ပြုပြင်ရန် အချိန်ယူခြင်းအတွက်ဖြစ်သည်။

ကော်ဖီဆံကြိတ်ခွဲထုတ်လုပ်နည်း (၂) မျိုးရှိပါသည်။

(၁) အစိုနည်းဖြင့် ကြိတ်ခွဲထုတ်လုပ်ခြင်း (wet processing)

(၂) အခြောက်နည်းဖြင့် ကြိတ်ခွဲထုတ်လုပ်ခြင်း (dry processing)

ကော်ဖီသီးများကြိတ်ခွဲရန် ပြင်ဆင်ခြင်း –

    • ခူးယူလာပြီးသော ကော်ဖီသီးမှည့်များအား စုပုံထားပြီး မလိုလားအပ်သောအရာများ ( အစိမ်းသီးများ/ အမှည့်ခြောက်များ/ အရွက်စိမ်းများ၊ ကိုင်းခြောက်များ) ဖယ်ထုတ်ရန်။ 

    • ခူးယူလာသောကော်ဖီသီးများအား ရေစိမ်ရန်။ 

    • ရေပေါ်သီးများဖယ်ထုတ်ရန်/ နေလှန်းရန်။ 

    • ရေအောက်မြုပ်နေသည့် ကော်ဖီသီးများအားကြိတ်ခွဲရန်။ 

ကော်ဖီသီးကြိတ်ခွဲခြင်း (အစိုနည်း)

    • ကော်ဖီသီးအရွယ်အစားရွေးချယ်ခြင်းကို sizing machine ဖြင့် ပြုလုပ်ရန်။ 

    • ကော်ဖီသီးမှည့်များအား ရေစိမ်၍ ရေပေါ်သီးများ ဖယ်ရှားရန်။ 

    • ကော်ဖီသီးမှည့်များကို (၁၂) နာရီမှ (၂၄)နာရီအတွင်း အခွံချွတ်ရန်။ 

    • အခွံချွတ်ပြီးကော်ဖီစေ့များအား ရေကန်တွင်ထည့်ပြီး ရေတွင်ပေါ်သော အစေ့ (floating beans) များ ဖယ်ရှားရန်။ 

    • ရာသီဥတုအပေါ်မူတည်၍ ၂၄– ၄၈ နာရီထိ အချဉ်ဖောက်ရန်။ 

    • ကော်ဖီဆံနှင့် အသီးခွံကြားရှိ အကျိအချွဲလွှာများကို သန့်ရှင်းသောရေဖြင့် အထပ်ထပ်စင်ကြယ်အောင်ဆေးကြောရန်။

    • အချဉ်ဖောက်လွန်ပါက ကော်ဖီအနံ့အသက်မကောင်းခြင်း၊ ကော်ဖီစေ့များတွင် အညိုရောင်၊ အမဲရောင်များစွဲကပ်ပြီး အရည်အသွေးကျဆင်းနိုင်သည်။ 

    • ရေစင်အောင်ဆေးပြီးသော ကော်ဖီစေ့များကို ဇကာတွင်ရေစစ်ပြီး အသီးလှန်းတလင်း တွင်၄င်း၊ ၃ပေ x ၆ပေ x ၃ပေအရွယ် အသီးလှန်းစင်တွင်လည်းကောင်း နေပူလှန်းရပါမည်။ 

    • နေပူလှန်းရာတွင် ၁ လက်မထုအထူခန့်သာ လှန်းသင့်။ 

    • မိုးရွာလျှင် အုပ်ပေးရန် မိုးကာစများ အဆင်သင့်ထားရှိရန်။ 

    • တလင်းရှိ ကော်ဖီစေ့များကို အပူရရှိမှုညီမျှစေရန် တစ်ရက်(၃) ကြိမ် ထွန်ခြစ်ဖြင့်မွှေပေးရန်။ 

    • အစိုဓါတ်ပါဝင်မှု ၁၀– ၁၂ % ရှိသည့်အချိန်တွင် သိမ်းသင့်။ 

    • ရာသီဥတုပေါ်မူတည်၍ ခန့်မှန်း (၁၄–၃၀) ရက် ခန့်လှန်းပြီး ရုတ်သိမ်းသိုလှောင်ရန်။ 

    • သိုလှောင်ရာတွင် ဂုန်နီအိတ် (သို့) ပီနန်အိတ်ခွံအသစ်များဖြင့်ထည့်ပြီး လေဝင်လေထွက်ကောင်းသော ဂိုဒေါင်တွင် သိုလှောင်ရန်။ 

    • ကြမ်းပြင်မှ အမြင့် ၁ ပေခန့်၊ ၃ ပေ × ၆ ပေအရွယ်ရှိ သစ်သားစင်များဖြင့် ကော်ဖီစေ့အိတ်အထပ် (၇) ထပ်ထက်မပိုသော သိုလှောင်ခြင်းဖြင့် သိုလှောင်ရပါမည်။ 

    • သိုလှောင်မှုညံ့ဖျင်းပါက ကော်ဖီစေ့များ အရောင်ပြောင်းပြီး ရောင်းတန်းမဝင်သောကော်ဖီစေ့များဖြစ်ပေါ်နိုင်။ 

    • အခြောက်လှန်းထားသော ကော်ဖီသီးများကို အပူချိန်ရရှိမှု မျှတစေရန် တစ်ရက်လျှင် (၃) ကြိမ်ခန့်၊  သစ်သားထွန်ခြစ်ဖြင့် မွှေပေးရမည်။ 

    • နှင်းဖြင့်မစိုစွတ်အောင် ညအချိန် အဖုံးအကာများဖြင့် ဖုံးအုပ်ထားရပါမည်။ 

    • အစိုဓါတ် ၁၄% ရှိသည့်အချိန်၊ ရာသီဥတုအပေါ်မူတည်၍ နေလှန်းရက် (၁၄) ရက်မှ (၃၀) ရက်အတွင်း ရုတ်သိမ်းသိုလှောင်ခြင်း ပြုလုပ်ရမည်။ 

    • ရုတ်သိမ်းသိုလှောင်ခြင်းကို (Parchment coffee) သိုလှောင်သကဲ့သို့ သိုလှောင်ရပါမည်။ 

    • လုံးဝရင့်မှည့်သော ကော်ဖီသီးများဖြင့် စနစ်တကျထုတ်လုပ်သော အခြောက်ကြိတ်ခွဲနည်းသည် အရည်အသွေးကောင်းကော်ဖီကို ရရှိနိုင်ပါသည်။ 

ကော်ဖီသီးခူးဆွတ်ခြင်းရာသီ၏ နောက်ဆုံးအချိန်ဖြစ်ပါက လက်ကျန်အသီးစိမ်း၊ အသီးမှည့်အားလုံးကို ဆွတ်ခူးပြီး ကွန်ကရစ်တလင်းတွင်လည်းကောင်း၊ ၃ ပေ x ၆ ပေ x ၃ ပေအသီးလှန်းစင်များတွင်လည်းကောင်း နေပူလှန်းအခြောက်ခံရမည်။ လက်ကျန်အသီးစိမ်း၊အသီးမှည့်အားလုံးကိုရော၍ ထုတ်လုပ်သော အခြောက်ကြိတ်ခွဲနည်းသည် ကော်ဖီအရည်အသွေးကို ညံ့ဖျင်းစေ၍ စျေးကောင်းမရနိုင်ပါ။

စိုက်ပျိုးရေးဦးစီးဌာန

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်