ကျွဲ၊ နွား၊ သိုး၊ ဆိတ်များတွင် ဖြစ်တတ်တဲ့ အကျိတ်နာရောဂါကုသနည်း
မွေးမြူရေးတိရစ္ဆာန်တွေဖြစ်တဲ့ ကျွဲ၊ နွား၊ သိုး၊ ဆိတ်မှာ အကျိတ်နာရောဂါ ဘယ်လိုဖြစ်တတ်တယ်ဆိုတဲ့အကြောင်း ပြောပြပြီးသွားပြီဆိုတော့ ဒီအပိုင်းမှာ ကုသနည်းနဲ့ ကြိုတင်ကာကွယ်နည်းကို ပြောပြပေးပါ့မယ်။ မဖတ်ရသေးဘူးဆိုရင်တော့ ဒီ လင့်ခ်ကနေ ဖတ်ရှုပေးပါ။
https://greenwaymyanmar.com/posts/lumpy_skin_disease
ကုသနည်း
နားလည်တတ်ကျွမ်းတဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ကုသပေးသင့်ပါတယ်။
ရောဂါ ၃ မျိုးစလုံးဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတာမို့ ပဋိဇီဝဆေးဝါးတွေနဲ့ ကုသလို့ မပျောက်ကင်းနိုင်ပါဘူး။ ဒါပေမဲ့ နောက်ဆက်တွဲ ဝင်ရောက်လာမယ့် ဘက်တီးရီးယားရောဂါတွေကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ပဋိဇီဝဆေးဝါးများကို ထိုးနှံနိုင်ပါတယ်။
အဖျားကျဖို့နဲ့ နာကျင်မှုသက်သာစေဖို့အတွက် စတီးရွိုက်မပါတဲ့ အရောင်ကျဆေး (NSAID) တွေထိုးနှံပေးနိုင်ပါတယ်။
တိရစ္ဆာန်ရဲ့ ခန္ဓာကိုယ် ထဲမှာရောက်ရှိနေတဲ့ ဗိုင်းရပ်စ်ပိုး ပမာဏကို လျှော့ချနိုင်ဖို့ မီသိုင်းလင်းဘလူး (Methylene Blue) ကို တိုက်ကျွေးနိုင်ပါတယ်။ အိန္ဒိယနိုင်ငံ ရေလုပ်ငန်း၊ တိရစ္ဆာန်မွေးမြူရေးနှင့် နို့ထုတ်လုပ်ရေးဝန်ကြီးဌာန (Ministry of Fisheries, Animal Husbandry & Dairying) က မီသိုင်းလင်းဘလူး ၀.၁% (ရေ တစ်လီတာလျှင် Methylene Blue SP တစ်ဂရမ်နှုန်း) ဖျော်စပ်ပြီး အသုံးပြုဖို့ အကြံပြုထားပါတယ်။ နွားကြီးတစ်ကောင်(အလေးချိန်၃၅၀ ကီလိုဂရမ်ခန့်) ကို တစ်ကြိမ်လျှင် ၃၀၀ မီလီမီတာနှုန်းဖြင့် ၈ နာရီခြားတစ်ကြိမ် လေးရက်ဆက်တိုက် တိုက်ကျွေးရမှာဖြစ်ပါတယ်။
မီသိုင်းလင်းဘလူး ဖျော်ရည်ကို တိုက်ကျွေးရုံသာမက ပေါက်ထွက်လာတဲ့အကျိတ်အနာတွေကို ဖြန်းပက်ပေးရမှာဖြစ်ပါတယ်။
*သတိထားရမှာက မီသိုင်းလင်းဘလူး အသုံးပြုကုသထားတဲ့ တိရစ္ဆာန်ရဲ့ နို့ကို ၉၆ နာရီအတွင်း နဲ့ အသားကို ၁၄ ရက်အတွင်း လူတွေ စားသုံးခြင်းမပြုသင့်ပါဘူး။
ရောဂါကို ကြိုတင်ကာကွယ်ထားတာက အကောင်းဆုံးပါ။

ဘယ်လိုနည်းလဲတွေနဲ့လဲဆို -
- တိရစ္ဆာန်တွေ ကူးသန်းသွားလာတာ အနည်းဆုံးဖြစ်အောင် လျှော့ချသင့်ပါတယ်။
- ရောဂါဖြစ်တဲ့ တိရစ္ဆာန်နဲ့ မိမိရဲ့ တိရစ္ဆာန် မထိတွေ့မိဖို့ ဂရုစိုက်ရပါမယ်။ ရောဂါရှိတဲ့ တိရစ္ဆာန်ကိုထိတွေ့ ကိုင်တွယ်ထားတဲ့ လူတွေ၊ ယာဉ်တွေ၊ အသုံးအဆောင်တွေနဲ့လည်း မိမိရဲ့ တိရစ္ဆာန်ကို မထိတွေ့မိစေဖို့ လိုပါတယ်။
- ခြင်၊ ယင် နှိမ်နှင်းရေးနဲ့ ခြံသန့်ရှင်းရေး ဂရုစိုက်ရပါမယ်။
- ကာကွယ်ဆေး ထိုးပြီး ကာကွယ်နိုင်ဖို့ ဆောင်ရွက်စင့်ပါတယ်။
အိန္ဒိယမှာ LSD ကို ကာကွယ်ဖို့ ဆိတ်ကျောက်ရောဂါကာကွယ်ဆေး (GTPV vaccine) ကို ကျွဲ၊ နွားတွေမှာ အသက် ၄ လသားအရွယ်က စတင်ပြီး အရေပြားအောက် ထိုးနှံပေးတာ တွေ့ရပါတယ်။
သိုး၊ ဆိတ်တွေကိုလည်း အလားတူ ထိုးနှံပြီး GP နဲ့ SP ကို ကာကွယ်နိုင်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
အကျိတ်နာရောဂါ
အောင်သူဟိန်း
လွန်ခဲ့သော ၂ နှစ် ကဘယ်မှာဝယ်ရလဲ
သန်းလွင်ဦး
လွန်ခဲ့သော ၂ နှစ် ကဘယ်မှာဝယ်လို့ရလဲ
သန်းလွင်ဦး
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးပါ
ဇော်မင်းသိန်း
လွန်ခဲ့သော ၃ နှစ် ကဆတ်လက်တင်ပေးပါ
ဖြိုးဝေအောင်
လွန်ခဲ့သော ၃ နှစ် ကGTPV vaccine က တစ်ဗူး ဘယ်လောက်ရှိသလဲ ဘယ်နှစ်ကောင်စာပါဝင်လဲဗျ
ဆက်စပ်မေးခွန်းများ
ဘဲတွေခြေထောက်မှာ ပုံမှာ ပါတဲ့အတိုင်းဖြစ်နေပါတယ်။ လမ်းကောင်းကောင်းမလျှောက်နိုင်ပါ။ ဒါဘာကြောင့်ဖြစ်တာလဲ ဘယ်လိုကာကွယ်ရမလဲ ဆရာများ လမ်းညွှန်ပါအုန်း။
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နွားမျက်စိတဘက်ဝယ်လာထဲကမျက်ရည်ကျနေ10ရက်ကျော်ပြီးကြည့်ကြည့်တာတော့ဘာမှထိခိုက်ဒဏ်မတွေ့ရဘာလုပ်သင့်လဲဘာဖြစ်တာလဲရှင်းပြပြောပြပေးပါဗျ
zin Phyo naung • ဖြေကြားချက် 3 ခု
နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ
အုန်းကျော် • ဖြေကြားချက် 1 ခု
မဂင်လာပါဆရာတို့ခင်ဗျာ။ နွားက 6လသားအရွယ်ပါ။နားတဖက်မှာ အထဲမရောက်ပဲ အ၀နားမှာအပေါက်ကလေးဖြစ်ပြီးပြည်တည်ပါတယ်။နားအထဲမှာပဲ အဲနေရာကနေပဲစီးကျသလားမသိပါ ပြည်စတွေရှိပါတယ်။နားရွက်မလှူပ်နိုင်ပါ။ဖျားပါတယ်။အဖျားကျဆေးထိုးပြီးလည်းနားကမသက်သာပါ။gentamycin dexa procaine penicillin ကိုလည်းကျွမ်းကျင်သူရဲ့ပြောကြားမှုနဲ့ထိုးပါတယ်။ သက်သာမှူသိပ်မရှိပါ။ အစာစားပါတယ်။နို့စို့ပါတယ်။စာမြုံ့အနည်းငယ်ပြန်ပါတယ်။ ခုတခါထပ်ဖြစ်နေတာက နှားခေါင်းကအဖြူရောင်အနှစ်တွေကျပါတယါ။အသက်ရှုတဲ့အခါ လည်ပင်းမှာတဂွီဂွီအသံတွေမြည်ပါတယ်။အစာမစားတဲ့အချိန်အိပ်နေတာများပါတယ်။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြေကြားပေးပါခင်ဗျာ။
အုန်းကျော် • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
More from သက်ခိုင်
အားလုံး
စပါးစိုက်တောင်သူတွေကို ဒုက္ခပေးနေတဲ့ ရွှေခရုကို ဘဲစာအဖြစ် ပြောင်းလဲကြမလား?
16/06/2026
ဝက်အသေလေးများ မွေးဖွားရခြင်း အကြောင်းအရင်း
09/04/2026
နို့စားနွားမွေးမြူရေးအတွက် အစာလိုအပ်ချက် အကြမ်းဖျဉ်းခန့်မှန်းခြင်း
21/11/2025
နို့စားနွားမွေးမြူရေးနှင့် အစာမှနို့အဖြစ်ပြောင်းလဲနိုင်စွမ်း (Feed Efficiency)
05/11/2025
ဒဏ္ဍာရီလာစွမ်းအားရှင် နီကျားမြှင့်တင်ပေးလိုက်တဲ့ တရုတ်ပြည်ရဲ့ ကြာစွယ်စိုက်ပျိုးရေး
15/08/2025