အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လယ်ယာသုံးစက်ကိရိယာ မောင်းနှင်မှု သင်တန်းဖွင့်လှစ်

လယ်ယာသုံးစက်ကိရိယာ မောင်းနှင်မှု သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်၊ လှည်းကူး၊ မှော်ဘီမြို့နယ်အတွင်းရှိ ကျေးလက်နေတောင်သူများအား စက်ကိရိယာအသုံးပြုခြင်းဖြင့် စျေးကွက်ဝင် စိုက်ပျိုးသီးနှံများ ထုတ်လုပ်နိုင်စွမ်းကောင်းမွန်စေရန် ရည်ရွယ်လျက် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းခြင်း အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၁၉) ကို မင်္ဂလာဒုံမြို့နယ် (ထောက်ကြန့်) စက်မှုလယ်ယာဦးစီးဌာန အမှတ် (၃၅) ထွန်စက် စခန်းဝင်းအတွင်း ဇူလိုင် ၁၅ ရက် နံနက် ၉ နာရီကစတင် ဖွင့်လှစ်သည်။

သင်တန်းသို့ မင်္ဂလာဒုံ (ထောက်ကြန့်) မြို့နယ်၊ လှည်းကူးမြို့နယ်၊ မှော်ဘီမြို့နယ်အတွင်းရှိ ကျေးရွာများမှ လယ်ယာလုပ်ငန်း လုပ်ကိုင်နေသော တောင်သူသင်တန်းသား ၃၀ တို့အား စက်ကိရိယာကိုင်တွယ် အသုံးပြုပုံ၊ အသုံးဝင်ပုံများနှင့် ပြုပြင်ထိန်းသိမ်းခြင်း သင်တန်းကို ဇူလိုင် ၁၅ မှ ၂၆ ရက်အထိ သင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။

ကြေးမုံသတင်းစာ

 

 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေးပါလားဆရာတို့တချု့အရွက်တွေယင်ဖြူကြောင့်မဲတာပြောင်အောင်ဘယ်လို့လုပ်ရ

မောပ်တိုးတတ် • ဖြေကြားချက် 3 ခု

ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ

U Yan • ဖြေကြားချက် 2 ခု

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 3 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။