အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပဲပုပ်သီးနှံကို တောင်သူများအတွက် ထောက်ခံချက်ပေးနိုင်ရန် သုတေသနလုပ်ဆောင်သွားမည်

ပဲပုပ်သီးနှံကို တောင်သူများအတွက် ထောက်ခံချက်ပေးနိုင်ရန် သုတေသနလုပ်ဆောင်သွားမည်

Green Way
Green Way • Greenovator • 10/08/2019

ပဲပုပ်သီးနှံကို တောင်သူများအတွက် ထောက်ခံချက်ပေးနိုင်ရန် ဆက်လက်သုတေသနပြု လုပ်ဆောင်သွားမှာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သိရပါတယ်။ 

ပဲပုပ်သီးနှံရဲ့ အထွက်နှုန်းအနေအထားများ တောင်သူများ တိတိကျကျသိရှိစေနိုင်ရန်အတွက် သုတေသနပြု လုပ်ဆောင်သွားမှာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်လွင်ဦး ကပြောပါတယ်။

“ပဲပုပ်အတွက် သီးသန့်ထုတ်တဲ့ အဏုဇီဝကို အသုံးပြုရတာပေါ့။ တောင်သူတွေကို တိတိကျကျ အထွက်ဘယ်လောက်ရှိလဲ၊ ကုန်ကုစရိတ်ဘယ်လောက်ရှိမလဲ ဒါတွေကိုသိနိုင်ဖို့ သုတေသနပြု လုပ်ဆောင်သွားမှာပါ”

စိုက်ပျိုးထားတဲ့ အခြားပဲပုပ်ပင်များနဲ့ နှိုင်းယှဉ်ပါက ပိုမိုကျန်းမာသန်စွမ်းခြင်း၊ အရွက်အရောင်ပိုမိုစိမ်းစိုခြင်း ၊ ရောဂါပိုးမွှား ကျရောက်မှုဒဏ်ခံနိုင်ခြင်း လက္ခဏာများကို တွေ့ရှိခဲ့တာဖြစ်ကြောင်း အဆိုပါဌာနမှ သိရပါတယ်။ 

ပဲပုပ်သီးနှံအတွက် ပဲမြစ်ဖုဇီဝမြေသြဇာ၊ တွဲဖက်အသုံးပြုသင့်သည့် ဓါတ်မြေသြဇာနှုန်းထားများကို ပဲပုပ်စိုက်တောင်သူများ ထောက်ခံချက်ပေးနိုင်ရန်အတွက် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

You

ဆက်စပ်မေးခွန်းများ

မအူပင်မှာ ငါးတန်သားပေါက်များ ဘယ်မှာဝယ်လို့ရလဲ?

YS • ဖြေကြားချက် 1 ခု

မင်္ဂလာပါခမျာ မြိုင်မြို့နယ်ကပါဗျ။ ပီးခဲ့တဲ့ စက်တင်ဘာ 13 ရက်နေ့ကစိုက်ထားတာပါဗျ။ပုလဲဓာတ်‌မြေဩဇာတကြိမ်တော့ပတ်ထားပါတယ်။ နှမ်း အပွင့်၊အသီးတင်ပီး အထွက်တိုးအောင် ဘယ်ချိန်မှာ ဘာဆေး‌ေလးတွေ ပတ်ဖြန်းပေးရမလည်းဆိုတာသိချင်ပါတယ်ဗျ။

Myint Kyaw Oo • ဖြေကြားချက် 4 ခု

စပါး အဖုံးလုံးနေပီ ဘာရောဂါကျနေလည်း မသိ

နံပတ်2 • ဖြေကြားချက် 1 ခု

ရွှေဘိုဘေးကျားလေး အသီးပြည့်ပြီး အထွက်တိုးအောင် ဘာမြေဆီကြွေးသင့်လဲခဗျာ

KYAW SHANE • ဖြေကြားချက် 3 ခု

ငပျောပင်ကြီးခုတ်လိုက်လို့ ထပ်ပေါက်လာတဲ့ ငှက်ပျောပင်လေးတွေကို ရွေ့စိုက်လို့ရလား? ထားမယ်ဆိုရင်ရော ဘယ်နှစ်ပင်သင့်လဲ? အချို့အရုံတွေမှာ အပင်ပေါက်တွေ အများကြီး တွေ့ရလို့ပါ

Nova Nova • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။