အရင်နေ့ကတော့ နွားနို့ကနေထောပတ် (မခမ်း) လုပ်နည်းလေးတင်ပေးပြီးသွားပါပြီ။ ဒီနေ့တော့ ထောပတ် (အဆီ) ထုတ်နည်းလေးကြည့်ကြရအောင်။
(၁) နွားနို့မှ အဆီ(ခရင်ဆီ)ကို အဆီလှည့်စက်ဖြင့် ထုတ်ယူပါ။
(၂) ခရင်ဆီထဲသို့ ဒိန်ချဉ်အနည်းငယ်ထည့်ပြီး ၈နာရီခန့်ထားပြီး အချဉ်ဖောက်ပါ။(ထောပတ်ဆီအနံ့ပိုမွှေးပါသည်။)
(၃) အချဉ်ပေါက်ပြီး ခရင်ဆီကို သစ်သားယောင်းမ သို့မဟုတ် မွှေစက်ဖြင့်မွှေပါ။ ရေခဲရေထည့်ပြီး မွှေပေးပါက အဆီကွဲထွက်လာပါမည်။ အဖြူရောင်အရည်များကို သွန်ပစ်ပါ။
(၄) ၎င်းအဆီကို မီးအေးအေးဖြင့် အပူပေးပါ။ အိုးအောက်ခြေကို မကပ်အောင် အဆက်မပြတ်မွှေပေးပါ။
(၅) မိနစ်အနည်းငယ်ကြာလျှင် အဝါရောင်အဆီများ အပေါ်တက်လာပြီး အဖြူရောင်နို့အနှစ်များ အောက်ခြေတွင်စုနေပါမည်။
(၆) မိနစ်အနည်းငယ်ကြာသောအခါ နို့အနှစ်များ ရွှေဝါရောင်သို့ပြောင်းပြီး ထောပတ်ဆီနှင့် ကွဲထွက်သွားပါက မီးပိတ်ပြီး အအေးခံ၍ အဆီကိုစစ်ထုတ်ပါ။
(၇) ထောပတ်ဆီ (အဆီ)ကို ရပါပြီ။ ပုလင်းတွင်ထည့်ပြီး အဖုံးလုံအောင်ပိတ်ထားပါ။
(၈) ရေခဲသေတ္တာတွင်မထည့်ဘဲ အပြင်အခန်းအပူချိန်တွင် အဖုံးမဖွင့်ဘဲထားပါက ၉ လ ကျော်ခန့် သိမ်းထားနိုင်ပါသည်။ အဖုံးဖွင့်ပြီး သုံးနေလျှင် ၃လ ကျော်ခန့် အထားခံပါသည်။ ရေခဲသေတ္တာတွင် ထားပါက ၁ နှစ်မှ ၃ နှစ်ခန့်ထိ သိမ်းထားနိုင်ပါသည်။
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more