ကြာရှည်အထားခံတဲ့အစာခြောက် energy bar အလွယ်တကူပြုလုပ်နည်း

21/09/2021 18:30 PM တွင် မြတ်စုဝေ မြတ်စုဝေ မှ ရေးသား

    Energy bar ဆိုတာကတော့ အလွယ်ပြောရမယ်ဆိုရင် သွားရည်စာတစ်မျိုးပဲဖြစ်ပါတယ်။ ဒါပေမယ့် ပါဝင်ပစ္စည်းတွေကနေ လူ့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်၊ ကာဗွန်ဟိုက်ဒရိတ် တွေကို ထောက်ပံ့ပေးတာပဲဖြစ်ပါတယ်။ များသောအားဖြင့် မနက်စာအဖြစ်သော်လည်းကောင်း၊ လေ့ကျင့်ခန်းလုပ်ပြီး‌၍သော်လည်းကောင်း အများဆုံးစားကြပါတယ်။ တစ်ခုက ‌ကြာရှည်ထားခံတဲ့ အစာခြောက်‌အနေနဲ့လည်း စားသုံးနိုင်ပါသေးတယ်။  

    Energy bar တွေမှာ တစ်ချို့ ကြာရှည်မခံတဲ့လုပ်နည်းတွေလည်း အများကြီးရှိပါတယ်။ ဒါပေမဲ့ ဒီနေ့ဖော်ပြပေးမယ့် Energy bar လေးကတော့ ကြာရှည်ခံပြီး အလွယ်တကူသယ်သွားလို့ရဲ့ ပုံစံလေးကို ပြောပြသွားမှာပဲဖြစ်ပါတယ်။ အဓိကကတော့ အုတ်ဂျုံနဲ့ အခြေခံတဲ့ Energy bar လေးပဲဖြစ်ပါတယ်။ 

ပါဝင်ပစ္စည်းများ

- အုတ်ဂျုံမှုန့်  ၂ ခွက် 

- ဂျုံမှုန့် ၁ ခွက် 

- ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်

- သိပ်ပြီးမချိုတဲ့ ချောကလက် အပိုင်းအစလေးများ ၁ ခွက်ခွဲ

- မြေပဲနှင့် အခြား အခွံမာသီးတို့ရောထားသော ပျားရည် ၂ ခွက်

- နွားနို့ (အသင့်သောက်) ၁၄ အောင်စ

-‌ ဗနီလာအရသာ လက်ဖက်ရည်ဇွန်းတစ်ဇွန်း (မရှိပါကလဲ မထည့်လဲရပါတယ် )

- မြေပဲထောပတ် ၂ ခွက်

- ရေ ခွက်ရဲ့ ၃ ပုံ နှစ်ပုံ 

- အခြားမီးဖိုချောင်သုံး ပစ္စည်းများ 

မှတ်ချက် - အချိန်အတွယ်ခွက်မရှိပါက ကိုယ်ကြိုက်တဲ့ ပမာဏတစ်ခုနှင့် ပြုလုပ်နိုင်ပါတယ်။ အချိန်အဆပမာဏမှန်ရင် ရပါတယ်။

ပြုလုပ်ပုံအဆင့်ဆင့် 

    ကြာရှည်ထားခံအောင်ပြုလုပ်မယ်ဆိုပါက Oven ထဲမှာ အပူပေးရန် အထူးလိုအပ်ပါတယ်။ 

- ပထမဆုံး oven ကို ၃၂၅ ဒီဂရီမှာ ကြိုတင်အပူပေးထားပါ။ 

- ပါဝင်ပစ္စည်းများကို အမှုန့်၊ အရည်သီးသန့် ခွဲပါ။ 

- အမှုန့် (ခြောက်သွေ့သော) ပါဝင်ပစ္စည်းများကို ကိုယ်အသုံးပြုမယ့် ဇလုံထဲမှာထည့်ပြီး သေချာရောသွားအောင် မွှေပါ။ 

-‌ ရေမှလွဲ၍ ကျန်သောအရည် (စိုသော) ပါဝင်ပစ္စည်းများကို ဇလုံတစ်လုံးထဲသို့ထည့်ပြီး သေချာသမအောင် မွှေပေးပါ။ 

- မွှေပြီးသား အရောနှစ်ခုကို ‌ဖြည်းဖြည်းချင်းစီရောပြီး ရေနှင့်တကွ သမအောင် ထည့်မွှေပေးပါ။ 

- ထိုရလာတဲ့ အနှစ်ပုံစံ ပါဝင်ပစ္စည်းများကို Oven ထဲထည့်မည့်လင်ဗန်းထဲသို့ အလူမီနီယံ foil ကို ခံပြီး မကပ်အောင် ဆီ သို့ ထောပတ်သုတ်ပါ။ အနှစ်တွေကို ထိုလင်ဗန်းထဲသို့ ညီညာအောင်ဖြန့်ထည့်ပြီး အပူပေးနိုင်ပါပြီ။ 

- oven ထဲမှာ အပူပေးတဲ့အခါ ၃၂၅ ဒီဂရီမှာ -၁၃-၁၅ မိနစ်ထိ အပူပေးပါ။ 

- ရလာတဲ့ energy bar လေးတွေကို  မိနစ် ၂၀ အအေးခံပါ။ နောက်ပြီး မုန့်လေးကို စားပွဲပေါ်မှာ မှောက်ထုတ်ပြီး  ကိုယ်ကြိုက်သလိုပုံစံလေးတွေ လှီးဖြတ်ပါ။ ထိုလှီးဖြတ်လိုက်တဲ့အတိုင်း စားလိုပါကလည်း စားနိုင်ပါတယ်။ 

    သို့မဟုတ် အချိန်ကြာအောင် သိမ်းဆည်းလိုပါက Dehydrator ထဲမှာ ၁၃၅ ဒီဂရီနဲ့ တစ်နာရီ ရေထုတ်ပေးပါ။ ‌Dehydrator မရှိပါက oven ကို ၂၀၀ ဒီဂရီထိထားပြီး ပထမဆုံးလုပ်ခဲ့တဲ့အတိုင်း အ‌ပူပေးမယ့်လင်ဗန်းထဲကို အလူမီနီယမ်ပြားခံပြီး energy bar အတုံးလေးတွေက တစ်လက်မဆီခြားပြီး စီထည့်၍ ၂၀-၂၅ မိနစ် အပူပေးပြီး ရေထုတ်နိုင်ပါတယ်။ အအေးခံပြီးက ကြာရှည်ခံတဲ့ Energy bar လေးတွေရရှိပြီပဲဖြစ်ပါတယ်။

    အအေးခံပြီးရရှိလာတဲ့ energy bar လေးတွေကို သယ်ဆောင်ရလွယ်ကူအောင် air sealed ပုံစံလေးတွေ ထုတ်ပိုးပြီး ကိုယ်ထည့်ချင်တဲ့ အိတ်ထဲ၊ သိမ်းဆည်းချင်တဲ့နေရာကို အလွယ်တကူ ထည့်ပြီး ယူဆောင်သွားနိုင်ပါတယ်။

    အိမ်မှာသိမ်းဆည်မယ်ဆိုပါကလည်း အေးမြခြောက်သွေ့တဲ့နေရာမှာထားပြီး သိမ်းနိုင်ပါတယ်။ 

    ထို့သို့ သေချာထုတ်ပြီး သိမ်းဆည်းပါက ၆ လအထိ အထားခံပါတယ်။ ပါဝင်တဲ့ပစ္စည်းနဲ့ ပမာဏပေါ်မူတည်ပြီး အာဟာရလည်းပြည့်ဝသလို၊ ကြာရှည်ခံတဲ့ အစားအစာလေး‌ဖြစ်လို့ အားလုံးတူတူ စမ်းသပ်လုပ်ကြပါစို့နော်။ 

Reference 

https://www.google.com/amp/s/www.instructables.com/DIY-Shelf-Stable-Energy-Bars/%3famp_page=true


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်