သကြားပြောင်း တို့ဟူးအချို ပြုလုပ်နည်း 

29/12/2021 13:30 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

တို့ဟူးတွင် ရှမ်းတို့ဟူး၊ ပဲပြားတို့ဟူး၊ မြေပဲတို့ဟူး၊ ဆန်တို့ဟူး စသဖြင့် ရှိကြပါတယ်။ ထိုထဲမှာမှ သကြားပြောင်း ချိုချိုလေးနှင့် ပြုလုပ်ထားသော ပြောင်းဖူးတို့ဟူးမှာ အာဟာရလည်းဖြစ် အိမ်မှာ အလွယ်တကူ လုပ်စားလို့လည်းရသဖြင့် ပြုလုပ်နည်းလေးကို ပြောပြပေးပါမယ်။

သကြားပြောင်း တိုဟူးအချို လုပ်ဖို့ လိုအပ်တာလေးတွေက-

- သကြားပြောင်း- ၅ ဖူး (အရည်ညစ်လိုက်လျှင် 600 ml ခန့် ရပါတယ်)

- နို့မှုန့် - ထမင်းစားဇွန်း ၅ ဇွန်း

- သကြား- ထမင်းစားဇွန်း ၁ ဇွန်း

- ကုံကုမံ(ဝတ်ဆံ)Saffron- လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ (မထည့်လည်းရ) တို့ ဖြစ်ပါသည်။ 

ပြုလုပ်နည်းမှာ-

၁။ ပြောင်းဖူးစေ့တွေကို ဓါးနှင့်လှီးကာ စက်ထဲထည့်ပြီး အရမ်းညက်အောင် ကြိတ်ပေးပါ။

၂။ ကြိတ်ပြီးသည့် ပြောင်းဖူးများကို အဝတ်စသန့်သန့်ထဲ ထည့်ပြီး လက်နှင့်ညှစ်ကာ အရည်ကိုယူပါ။

၃။ ပြီးလျှင် နို့မှုန့်၊ သကြား နှင့် ပြောင်းဖူးအရည်ကို ကျိုမည့်အိုးထဲ ထည့်ဖျော်ကာ medium heat နှင့် ၅ မိနစ်မွှေပြီး ကျိုပါ။

၄။ ထို့နောက် Low heatလျှော့ပြီး နောက်ထပ် ၂၀ မိနစ် ထပ်မွှေပြီးကျိုပါ။ (မွှေနေရင်း ၁၅မိနစ်ခန့် ကြာလျှင် saffron ကိုထည့်ပါ)

 ၅။ ကျိုပြီးပါက ဆီအနည်းငယ်သုတ်ထားသည့် ပန်းကန်လုံးလေးထဲ ထည့်ကာ အအေးခံထားပါ။

အေးသွားသောအခါ ပန်းကန်ပြားတစ်ချပ်ထဲ မှောက်ထည့်လိုက်လျှင် ကလေးများအကြိုက် အာဟာရပြည့်ဝစေသည့် ချိုချိုမွှေးမွှေးဆိမ့်ဆိမ့်  သကြားပြောင်း တို့ဟူးအချိုလေးစားရန် အသင့်ဖြစ်ပါပြီ။

Ref; Chawsu ၏ “ပြောင်းဖူး တို့ဟူးအချို ပြုလုပ်နည်း"

 

          

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်