အိမ်နှင့်ကျောင်းဥယျာဉ်ခြံတည်ထောင်နည်း အပိုင်း (၂)

09/10/2020 20:45 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

စိုက်ပျိုးမည့်သီးနှံအလိုက် သတ်မှတ်ထားသည့် ပင်ကြားတန်းကြားစိုက်ပါ။ လိုအပ်သောအာဟာရဓာတ်များကို အချိုးကျ အချိန်ကိုက် ထည့်သွင်းပေးပါ။

မြေကိုကောင်းစွာပြုပြင်ရန်သြဂဲနစ် မြေသြဇာပြုလုပ်ခြင်း

ဆွေးမြည့်ပြီးပစ္စည်းများနှင့် တိရစ္ဆာန်အညစ်အကြေးများ (နွားချေး၊ ကြက်ချေး) စသည်တို့ကို ခြင်းထဲသို့ဦးစွာထည့်ပေးပါ။ ထို့နောက်မြက်များ၊ ပေါင်းပင်များနှင့် ဘောစကိုင်းရွက်များ သို့မဟုတ် ဗေဒါထည့်ပါ။ မြေဆွေးပုံကို လှန်ပေးရန်မလိုပါ။ ဆွေးမြည့်ပြီးပစ္စည်းများသာ ထပ်ထည့်ပါ။ ကျင်းထဲရှိအရွက်များဆွေးမြည့်စေရန်မျိုးစေ့နှင့် ပျိုးပင်များကို (၂-၃) ပတ်ကြာမှသာ စိုက်ပျိုးပါ။ မြေဆွေးပုံရာတွင် ရေလောင်းရန်လွယ်ကူသော နေရာဖြစ်ရပါမည်။

ဟင်းသီးဟင်းရွက်စိုက်ကွက်များခွဲခြားခြင်း

အကွက် (၁) ဘောင်ဆွဲစိုက် ဟင်းသီးဟင်းရွက်များ

အကွက် (၂) အစုအဖွဲ့အမှတ်ပေး စိုက်ကွက်များစီစဉ်ပေးရန် ဘောင်ဆွဲစိုက်ပျိုးနိုင်သည့် ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ အစိမ်း၊ မုန်ညင်းရွက်၊ မုန်ညင်းထုပ်၊ နိုကို၊ မုန်လာဥဖြူ၊ မုန်လာဥနီ၊ ဆလတ်၊ ကိုက်လန်၊ ကန်စွန်းရွက် (အစေ့စိုက်)၊ ချဉ်ပေါင် (အမြစ်နုတ်)

အကွက် (၃) စင်တင်၍ အသီးကိုစားသုံးရသည့်အပင်များ

အကွက် (၄) မှိုစိုက်ခင်းများဖြင့် မြေအသုံးချခြင်း

အကွက် (၅) ဆေးဖက်ဝင်အပင်များ

အကွက် (၆) မြေထိန်းပဲစိုက်ကွက်

ဘောင်တစ်ခုနှင့်တစ်ခုကြားတွင် တစ်ပေခန့်လူသွားလမ်းငယ်များချန်ပြီး၊ အောက်ခြေအနံလေးပေ၊ အမြင့် ခြောက်လက်မမှ တစ်ပေခန့်ရှိသည့်ဘောင်ကို အလျားသင့်တော်သလောက်မှအများဆုံး ပေသုံးဆယ်အထိပြုလုပ်၍ မျိုးစေ့မချမီ တစ်လခန့်လှပ်ထားသင့်သည်။

မျက်နှာပြင်ရေစီးကောင်းစေရန် (၆ မှ ၈) လက်မဘောင်ပြုလုပ်၍ မြေမျက်နှာပြင်ကို မြှင့်ပေးရမည်။ ထိုသို့ဘောင်များပြုလုပ်ပေးခြင်းဖြင့် အလုပ်လုပ်ရာတွင် သွားလာရလွယ်ကူသော လမ်းကြောင်းလည်းဖြစ်စေသည်။ ရေဝပ်သောနေရာများတွင် ဘောင်များကို ပိုမိုမြှင့်တင်ပြီး ဘောင်မြှင့်စနစ်ဖြင့် စိုက်ပျိုးနိုင်သည်။ 

ကြီးထွားမြန်သော သက်တမ်းတိုအပင်များ စိုက်ခြင်း

ပျိုးဘောင်၏အရွယ်အစားကို မိမိစိုက်ပျိုးလိုသော သီးနှံနှင့်စိုက်ပျိုးမည့် မြေဧရိယာအကျယ်အဝန်းပေါ်မူတည်၍ ဆုံးဖြတ်ရသည်။ ပျိုးထောင်မည့်နေရာရှိမြေကို ထယ်နှင့်ဖြစ်စေ အနည်းဆုံးတစ်ပေနက်အောင် ပေါက်ပြားနှင့်ဖြစ်စေ မြေလှန်ပေးကာတူးဆွ၍ အမှိုက်သရိုက်များ၊ သစ်ဥ၊ သစ်ဖု၊ သစ်မြစ်များ စင်ကြယ်အောင် ကောက်ပေးရမည်။ မြေနေရာရွေးချယ်ရာ၌ အလင်းရောင်ကောင်းမွန်စွာရရှိပြီး မြေဆီကောင်းမွန်၍ ရေနှင့်နီးသောနေရာဖြစ်သင့်သည်။

ဘောင်ဆွဲစိုက် ဟင်းသီးဟင်းရွက်စိုက်ပျိုးရာတွင် ကျန်ဘောင်များကို နှစ်ဝက်သက်တမ်းရှိသော ဟင်းသီးဟင်းရွက်များ စိုက်ပါ။ မြေကြီးတွင် တုတ်ချောင်းငယ်ဖြင့် လက်မဝက်ခန့် အနက်ရှိသော စိုက်ကြောင်းများတစ်ခုနှင့်တစ်ခု သုံးလက်မခြားဆွဲ၍ စိုက်ကြောင်းထဲတွင် မျိုးစေ့များပါပါးချပါ။ ထို့နောက် မြေမှုန့်ဖုံး၍လက်ဖြင့် အသာဖိပေးရမည်။ မြေမှုန့်သည်စေးသောအမျိုးမဖြစေသင့်ပေ။ အစေ့မှအညှောင့်ကလေးများ မြေပေါ်သို့ အလွယ်တကူထွက်လာရန်အတွက်ဖြစ်သည်။ မျိုးစေ့အရွယ်အစားသေးငယ်ပါက နွားချေး၊ မြေဆွေးမှုန့်ဖြင့် ဖုံးပေးသင့်သည်။ ထို့နောက်ပျိုးဘောင်ကို ယာယီအမိုးပြုလုပ်ပေးရမည်။ သို့မဟုတ် ကောက်ရိုးဖြင့်ဖြစ်စေ၊ ဂုန်နီအိတ်ဟောင်းဖြင့်ဖြစ်စေဖုံးထားပြီး သေးငယ်သော ရေပန်းကရားဖြင့် ရေဖျန်းပေးရမည်။ မျိုးစေ့များ အညှောင့်ပေါက်လျှင်ပေါက်ချင်း ဂုန်နီအိတ်၊ ကောက်ရိုးစသည်တို့ကိုဖယ်ရှားပေးရမည်။ ပျိုးပင်များအမြစ်ကောင်းစွာဆွဲခြင်း၊ နေပူဒဏ်ကိုကောင်းစွာခံနိုင်သောအချိန်တွင် ယာယီအမိုးမလိုတော့ပေ။ ပျိုးပင်များ ပျိုးဘောင်တွင်ရှိနေစဉ်အတွင်း မိုးကြီးမရိုက်စေရန် အရေးကြီးသည်။ ရေလောင်းရန်အသင့်တော်ဆုံးအချိန်မှာ ညနေပိုင်းဖြစ်သည်။ တစ်ညတာလုံးပျိုးပင်ကလေးများ ရေကိုလုံလောက်စွာရရှိစေရန်ဖြစ်သည်။ နေအလွန်ပူပြင်းသောရာသီတွင် အစိုဓာတ်လိုအပ်ပါက တစ်နေ့နှစ်ကြိမ် လောင်းပေးရမည်။ မျိုးစေ့ကိုထူထပ်စွာချ၍ ရေလောင်းလွန်းက ပျိုးပင်ငယ်လေးများ စိမ့်စွဲပြီး ခါးရိ၍ သေတတ်သည်။ စိုက်ခင်းသို့ ရွှေ့ပြောင်းစိုက်ပျိုးရာ၌ ရာသီဒဏ်ကို ခံနိုင်ရန်အတွက် ပျိုးပင်များကို မစိုက်မီနှစ်ရက်ခန့် ရေလောင်းရပ်ပေးရမည်။

အရင်တစ်ပတ်က အိမ်နှင့်ကျောင်း ဥယျာဉ်ခြံတည်ထောင်ခြင်း နည်းပညာလက်စွဲ အပိုင်း (၁) ကို အောက်ပါလင့်တွင်လေ့လာပါ။

အိမ်နှင့်ကျောင်းဥယျာဉ်ခြံတည်ထောင်နည်း အပိုင်း(၁)

နည်းပညာများကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခ (ငြိမ်း) ဒေါ်မြမြ၏ အိမ်နှင့်ကျောင်းဥယျာဉ်ခြံတည်ထောင်ခြင်း နည်းပညာလက်စွဲ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်