ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ

23/02/2018 13:29 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(၁၉..၂၀၁၈မွ၂၃..၂၀၁၈ထိ

ဒီတစ်ပတ်မှာတော့ ပုသိမ်စျေးကွက်မှာ ဆန်ရောစပါးစျေးပါတက်နေပါတယ်။နှစ်ပတ်ဆက်တိုက် စျေးတက်ခဲ့တဲ့ ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ စျေးကျဆင်းသွားပြီး မတ်ပဲကလည်းစျေးကျဆင်းသွားပါတယ်။

ဆန်၊စပါး

ပြီးခဲ့တဲ့အပတ်က ဆန်စျေးတွေတက်ခဲ့ပြီး စပါးစျေးက ငြိမ်နေခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ ဆန်စျေးရောစပါးစျေးပါ မြင့်တက်လာခဲ့ပါတယ်။ ပုသိမ်မှာတော့ ဒေသတွင်းစားသုံးမှုများပြားလားပြီး ဆန်စက်ကုန်သည်တွေရဲ့စျေးပေးဝယ်တဲ့အတွက်ကြောင့် စျေးတက်လာခဲ့ပါတယ်။ ရန်ကုန်ဝါးတန်းကုန်စည်ဒိုင်မှာတော့ ဆန်အဝင်နည်းလာတဲ့အတွက် စျေးတက်လာတယ်လို့သိရပါတယ်။ ဧရာဝတီပေါ်ဆန်း(စပါး)က တင်း၁၀၀ကို ၆၀၀၀၀ကျော်စျေးတက်ခဲ့ပြီး တင်း၁၀၀ကို ၉၃၇၅၀၀ပေါက်စျေးရှိပါတယ်။ ပေါ်ဆန်းရင်(စပါး)ကတော့ တင်း၁၀၀ကို ၉၀၀၀၀နီးပါးစျေးတက်ခဲ့ပြီး ၈၇၆၀၀၀စျေးရရှိပါတယ်။ ဖျာပုံပေါ်ဆန်း(စပါး)ကလည်း တင်း၁၀၀ကို ၈၈၄၆၀၀ပေါက်စျေးရှိပြီး ၇၀၀၀၀ကျော် စျေးတက်ခဲ့ပါတယ်။ ဆန်စျေးကတော့ တစ်တင်းခွဲကို ၃၇၀၀၀ကနေ၃၈၀၀၀ပေါက်စျေးရှိပြီး တစ်တင်းခွဲကို ၄၀၀၀ကျော်စျေးတက်ခဲ့ပါတယ်။

ဆန်ကြမ်းအမျိုးအစားတွေဖြစ်တဲ့ ရွှေသွယ်လေး(စပါး)နဲ့ဧရာမင်း(စပါး)က တင်း၁၀၀ကို ၆၉၀၀၀၀ရှိပြီး ၅၀၀၀၀နီးပါး၊ မနောသုခ(စပါး)က တင်း၁၀၀ကို ၅၉၈၀၀၀ရှိပြီး ၆၅၀၀၀၊ မီးကောက်(စပါး)က ၆၁၆၄၀၀ရှိပြီး ၂၀၀၀၀နီးပါး စျေးတက်ခဲ့ပါတယ်။ ဆန်စျေးကတော့ အမြင့်ဆုံး ၂၆၀၀၀ကနေ အနိမ့်ဆုံး၂၄၀၀၀ရှိပြီး တစ်တင်းခွွဲကို ငွေကျပ်၂၀၀၀နီးပါး စျေးတက်ခဲ့ပါတယ်။

ရန်ကုန်ဝါးတန်းကုန်စည်ဒိုင်မှာတော့ ရွှေဘိုပေါ်ဆန်းသစ်  တစ်အိတ်ကို ၅၃၀၀၀ကနေ၅၅၀၀၀ပေါက်စျေးရှိပြီး တစ်အိတ်ကို ၃၀၀၀ကျပ်၊ ပေါ်ဆန်း(နယ်စုံ၊ဖျာပုံ၊ဒေးဒရဲ၊မြောင်းမြနဲ့ပုသိမ်)ကလည်း တစ်အိတ်ကို ၃၀၀၀၀ကနေ၄၃၀၀၀ကျပ်၊ ဆန်ကြမ်းဖြစ်တဲ့ဧည့်မထဆန်၊ ၂၅မှတ်တန်၊ ငစိန်၊မြီးဒုံ၊ မိုးသုခ၊ ရက်၉၀နဲ့နွေသီးထပ်ဆန်တို့က တစ်အိတကို၁၉၅၀၀ကနေ ၂၆၅၀၀ပေါက်စျေးရှိပြီး တစ်အိတ်ကို ၁၀၀၀ကျော်စျေးတက်လာပါတယ်။ နယ်ကုန်စည်ဒိုင်ဖြစ်တဲ့ မူဆယ်ကုန်စည်ဒိုင်မှာတော့ တရုတ်နှစ်ကူးဖြစ်တဲ့အတွက် အရောင်းအဝယ်တွေနားထားပြီး  စျေးကတော့မပြောင်းလဲပဲရှိနေတယ်လို့သိရပါတယ်။

မတ္ပဲ(FAQ/RC)

ပြီးခဲ့တဲ့အပတ်က စျေးအနည်းငယ်ပြန်တက်ခဲ့တဲ့မတ်ပဲက ဒီတစ်ပတ်မှာတော့ စျေးပြန်ကျဆင်းသွားပါတယ်။ ဒေသတွင်းဝယ်လိုအားလျော့နည်းခဲ့ပြီး ပဲအဝင်တွေလည်းများလာတဲ့အတွက် စျေးကအနည်းငယ်ပြန်ကျဆင်းသွားခဲ့တာလည်း ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း ပြည်တွင်းလက်ကျန်ပဲတွေ ကျန်ရှိနေသေးတဲ့အတွက်  မြန်မာမတ်ပဲက စျေးမာနေတဲ့အခြေအနေမှာ ရှိနေပါတယ်။ ပွဲတော်ကာလဖြစ်တဲ့အတွက်ကြောင့် အနိမ့်စျေးရရှိနေတဲ့မတ်ပဲက ဆက်ပြီးစျေးကျနိုင်ဖွယ်လည်းနည်းနေတယ်လို့ Agriwatch ကနေသိရပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ မြန်မာမတ်ပဲကတစ်တန်ကို ၄၆၅ဒေါ်လာရှိပြီးစျေးငြိမ်နေပါတယ်။ ရန်ကုန်စျေးကွက်မှာတော့ မတ်ပဲက လက်ရှိပေါက်စျေး ၅၄၀၀၀၀ကျော်ရှိပြီး တစ်ပတ်အတွင်း၂၀၀၀၀ကျော် စျေးပြန်လည်ကျဆင်းခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၇၀၀၀ရှိပြီး ၂၀၀ကျပ်စျေးကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ ၁၈၃၀၀နဲ့နှစ်ပတ်ဆက်တိုက်စျေးငြိမ်နေပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၆၆၀၀နဲ့တစ်တင်းကို ၁၃၀၀စျေးတက်လာခဲ့ပါတယ်။

ပဲစင်းငုံနီ

ဇန်နဝါရီလနောက်ဆုံးအပတ်ကနေစပြီး တစ်ဖြေးဖြေးစျေးတက်လာခဲ့တဲ့ ပဲစင်းငုံနီက တောင်သူတွေကို မျှော်လင့်ချက်အမြောက်အမြားပေးခဲ့ပါတယ်။ တစ်တန်ကို ၅သိန်းနီးပါးအထိ ရောက်ရှိတော့မယ့်အနေအထားတစ်ခုက ဖေဖော်ဝါရီတတိယအပတ်ကနေစပြီး စျေးပြန်ကျသွားတာ တစ်ပတ်အတွင်း ငွေကျပ်၆၀၀၀၀အထိ စျေးကကျဆင်းသွားခဲ့ပါတယ်။ စျေးတက်တဲ့အချိန် တောင်သူတွေလက်ထဲမှာ ပဲမရှိတော့တဲ့အတွက် စျေးအတက်အကျရိုက်ခတ်မှုက တောင်သူတွေအပေါ်တော့ အများကြီးမသက်ရောက်ပါဘူး။ အနယ်နယ်အရပ်ရပ်က ပဲအသစ်တွေအများကြီးဝင်လာပြီး နယ်ကုန်စည်ဒိုင်တွေမှာလည်း စျေးကအနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံကို အဓိကတင်ပို့နေတာဖြစ်တဲ့အတွက် အိန္ဒိယဝယ်ယူမှုအပေါ် စျေးအတက်အကျအပြောင်းအလဲကရှိနေဆဲပါ။ပြီးခဲ့တဲ့အပတ်က သုံးသပ်ထားသလို အိန္ဒိယအစိုးရက ပဲစင်းငုံနီတွေကို လက်ရှိအချိန်အထိ ဝယ်ယူပေးနေတဲ့အတွက် ပဲစင်းငုံကတော့ လက်ရှိပေါက်စျေးထက် ထပ်ပြီးကျဆင်းနိုင်ဖွယ်နည်းတယ်လို့ Agriwatch ကတော့သုံးသပ်ပေးထားပါတယ်။

ရန်ကုန်စျေးကွက်မှာပြီးခဲတဲ့အပတ်က တစ်တန်ကို ၄၇၀၀၀၀အထိ အမြင့်ဆုံးရရှိခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ တစ်တန်ကို ၄၂၇၀၀၀ထိ စျေးကကျဆင်းသွားပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၂၅၀၀ရှိပြီး ၁၅၀၀ကျပ်စျေးကျဆင်းသွားပါတယ်။မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၂၂၄၀ရှိပြီး ၁၆၀ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၂၅၀၀ရှိပြီး ၅၀၀ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၃၈၀၀ကျပ်ရှိပြီး ၂၀၀ကျပ်အသီးအသီးစျေးကျဆင်းသွားပါတယ်။

ပဲတီစိမ်း

အကျစျေးနဲ့စျေးငြိမ်နေတဲ့ပဲတီစိမ်းက ဒီတစ်ပတ်မှာလည်း နယ်အချို့မှာသာ အနည်းငယ်စျေးကျဆင်းသွားခဲ့ပါတယ်။ အရောင်းအဝယ်ကတော့ ပုံမှန်ရှိပြီးနေ့စဉ်အရောင်းအဝယ်ကလည်း ရှိနေပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ အရန်ပဲတီစိမ်းတွေကို ထုတ်ရောင်းနေတဲ့အတွက် စျေးဆက်တက်ဖို့ အဟန့်အတားဖြစ်နေတယ်လို့ သိရပါတယ်။ ပဲတီစိမ်းကတော့ အိန္ဒိယဆိပ်ကမ်းအရောက် ဒေါ်လာရ၀၀နဲ့နှစ်ပတ်ဆက်တိုက်စျေးငြိမ်နေပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၀၀၀၀ကနေ၂၁၀၀၀ပေါက်စျေးရှိပြီး တစ်တင်းကို ၁၇၅၀စျေးကျဆင်းသွားပါတယ်။ မြင်းခြံမှာတော့ တစ်တင်းကို ၂၀၉၀၀၊နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၄၀၀၀နဲ့ စျေးငြိမ်နေတာနှစ်ပတ်ဆက်တိုက်ရှိနေပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၃၀၀၀နဲ့တစ်တင်းကို ၁၀၀၀ကျပ်စျေးကျဆင်းသွားခဲ့ပါတယ်။

ပဲပုတ်

ပဲပုတ်ကတော့ အသစ်တွေဆက်တိုက်ဝင်ရောက်နေပြီး ဒေသဝယ်လက်များနေတဲ့အတွက် နယ်အချို့မှာစျေးတက်နေပြီး နယ်အချို့မှာတော့ စျေးအေးနေတာကိုတွေ့ရပါတယ်။ ပဲပုတ်ကတော့ တစ်ခြားပဲတွေလိုစျေးအပြောင်းအလဲသိပ်မရှိပဲ အတက်အကျလည်း အနည်းငယ်သာရှိနေပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတစ်တင်းကို၂၂၅၀၀နဲ့၅၀၀ကျပ်၊မြင်းခြံကုန်စည်ဒိုင်မှာ၂၅၅၀၀နဲ့၁၅၀၀၊စျေးတက်လာပါတယ်။ပြည်ကုန်စည်ဒိုင်မှာတော့တစ်တင်းကို၂၁၀၀၀နဲ့နှစ်ပတ်ဆက်တိုက်စျေးငြိမ်နေတာကိုတွေ့ရပါတယ်။ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်လိုက်ရင်စျေးကအတူတူပဲဖြစ်နေပါတယ်။

 

ဝတ်ရည်မွန်(AMIA)


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်