ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ

09/02/2018 13:36 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(၅.၂.၂၀၁၈မွ၉.၂.၂၀၁၈)ထိ

ဒီတစ်ပတ်မှာတော့ စပါးစျေးရောဆန်စျေးပါစျေးတက်လာပါတယ်။ မတ်ပဲနဲ့ပဲစင်းငုံနီတို့လည်း စျေးဆက်တက်နေပါတယ်။

ဆန်၊စပါး

ဒီတစ်ပတ်ပုသိမ်စပါးစျေးကွက်မှာ ဆန်ကြမ်းရောဆန်ချောအမျိုးအစားတွေပါ စျေးတက်လာပါတယ်။ ဆန်အဝင်နည်းနေပေမယ့် အရောင်းအဝယ်ကောင်းပြီး အဟောင်းတွေကိုအများဆုံးအဝယ်လိုက်တဲ့အတွက် စျေးကတက်လာတာဖြစ်ပါတယ်။ ပုသိမ်စပါးစျေးကွက်မှာ ဖျာပုံပေါ်ဆန်းက တင်း၁၀၀ကို ၈၁၃၀၀၀ကျော်ပေါက်စျေးရှိပြီး တင်း၁၀၀ကို၃၀၀၀၀နီးပါးစျေးတက်လာပါတယ်။ ဆန်ကတော့ တစ်တင်းခွဲကို ၁၀၀၀လောက်စျေးတက်လာပြီး တစ်တင်းခွဲကို ၃၃၅၀၀ပေါက်စျေးရှိပါတယ်။ ပေါ်ဆန်းရင်အမျိုးအစားကတော့ စပါးတင်း၁၀၀ကို ၇၈၈၀၀၀ကျော်ပေါက်ပြီး ၂၀၀၀၀ကျော် စျေးတက်လာပါတယ်။ ဆန်မှာလည်း တစ်တင်းခွဲကို ၁၀၀၀လောက်စျေးတက်လာပြီး ၃၃၀၀၀ပေါက်စျေးရှိပါတယ်။ ဆန်ကြမ်းအမျိုးအစားဖြစ်တဲ့ ရွှေသွယ်လေး၊ ဧရာမင်း၊ မနောသုခနဲ့ မီးကောက်တို့ကလည်းပုသိမ်စျေးကွက်မှာ စပါးစျေးရောဆန်စျေးရောပါတက်နေတာလည်းဖြစ်ပါတယ်။  ရွှေသွယ်လေးနဲ့ဧရာမင်းတို့ကတော့ တင်း၁၀၀ကို ၁၈၀၀၀ကျော်စျေးတက်လာပြီး လက်ရှိပေါက်စျေးက ၆၄၄၀၀၀ရှိပါတယ်။ မနောသုခတော့ တင်း၁၀၀ကို၅၃၃၆၀၀ပေါက်စျေးရှိပြီး  ၁၀၀၀၀လောက်စျေးတက်လာကာ မီးကောက်ကတော့ တင်း၁၀၀ကို ၄၆၀၀၀စျေးတက်လာပြီး ၅၉၈၀၀၀ပေါက်စျေးရှိနေပါတယ်။ ဆန်စျေးတွေကလည်း တစ်တင်းခွဲကို ၁၀၀၀ဆိစျေးတက်လာပြီး အမျိုးအစားအလိုက် တစ်တင်းခွဲကို ၂၂၀၀၀ကနေ ၂၅၀၀၀ပေါက်စျေးရှိပါတယ်။

မတ္ပဲ(FAQ/RC)

ပြီးခဲ့တဲ့အပတ်က မတ်ပဲစျေးတက်ခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ စျေးအနည်းငယ်နဲ့အပြောင်းအလဲ အတက်အကျအနည်းငယ်သာ ရှိနေပါတယ်။ မတ်ပဲကနယ်စုံမှာအသစ်တွေဝင်ရောက်တာမရှိဘဲ ပဲလက်ကျန်ကိုသာ နေ့စဉ်ရောင်းချနေတဲ့အတွက် စျေးကအရမ်းမကျဆင်းသွားပဲအတက်စျေးနဲ့သာ နေ့စဉ်ပုံမှန်အရောင်းအဝယ်ဖြစ်နေတယ်လို့သိရပါတယ်။ အရေအသွေးအလိုက်စျေးကောင်းရရှိနေတယ်လို့သိရပြီး ရန်ကုန်ဝယ်လက်များပြားတယ်လို့လည်းသိရပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ မတ်ပဲအသစ်တွေဝင်လာပေမယ့် အစိုးရကဝယ်ယူပေးနေတဲ့အတွက် မတ်ပဲပေါက်စျေးနှုန်းက ဆက်ကျနိုင်ဖွယ်မရှိဘူးလို့လည်း သိရပါတယ်။ အိန္ဒိယနိုင်ငံက မတ်ပဲတွေပြည်တွင်းပိုလျံမှုရှိတဲ့အတွက် တစ်ခြားပြည်ပနိုင်ငံတွေကို တင်ပို့ဖို့ရည်ရွယ်ပေမယ့် မြန်မာမတ်ပဲတွေက အိန္ဒိယနိုင်ငံမတ်ပဲတွေထက် စျေးလျော့နည်းနေတဲ့ မြန်မာမတ်ပဲက စျေးတက်နိုင်ဖွယ်ရှိတယ်လို့Agri watch ကသုံးသပ်ထားပါတယ်။ အိန္ဒိယနိုင်ငံမှာ မြန်မာမတ်ပဲ  FAQ ရောင်းစျေးက တစ်တန်ကို ၄၅၀ကျော်ပေါက်စျေးရှိပြီးSQ ကတော့ ၆၀၀ကျော်ရှိနေပါတယ်။ ရန်ကုန်စျေးကွက်မှာတော့ မတ်ပဲကတစ်တင်းကို ၁၈၀၀၀ကျော်ပေါက်စျေးရှိပါတယ်။ မုံရွာမှာတော့ ၁၇၀၀၀ရှိပြီး ပြီးခဲ့တဲ့အပတ်ထက် စျေးကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၅၀၀နီးပါးစျေးတက်လာပြီး ၁၈၅၀၀ကျော်ပေါက်စျေးရှိနေပါတယ်။ နေပြည်တော်မှာတော့ တစ်တင်းကို၁၆၀၀၀နဲ့စျေးငြိမ်နေပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ပြီးခဲ့တဲ့အပတ်ကတည်းက စျေးတက်နေတာပဲဖြစ်ပါတယ်။ နယ်ကုန်စည်ဒိုင်တွေမှာလည်း အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်နေတဲ့ နယ်စုံမှာပါစျေးတက်နေတာလည်းဖြစ်ပါတယ်။ ပဲစင်းငုံနီက ပြည်တွင်းစျေးကွက်မှာသာမက ပြည်ပစျေးတက်မှာလည်း အရောင်းအဝယ်ကောင်းနေတဲ့အတွက် စျေးကတက်နေပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း မြန်မာပဲစင်းငုံနီစျေးက ပြည်တွင်းစျေးထက်လျော့နည်းနေတဲ့အတွက် ပြည်တွင်းလိုအပ်ချက်ကြောင့် ကုန်သည်တွေက အကျစျေးနဲ့အဝယ်ရှိနေတာလည်းဖြစ်ပါတယ်။ ဒါပေမယ့်ပဲအသစ်တွေကလည်း ဝင်လာတော့မှာဖြစ်လို့ လက်ရှိပေါက်စျေးထက်တော့ထက် တက်နိုင်ခြေမရှိတော့ဘူးလို့လည်း အိန္ဒိယကုန်သည်တွေကသုံးသပ်ထားပါတယ်။ လက်ရှိအိန္ဒိယနိုင်ငံမှာ မြန်မာပဲစင်းငုံနီပေါက်စျေးက မတ်ပဲစျေးနဲ့သိပ်မကွာပဲ အသစ်တစ်တန်ကို ဒေါ်လာ၄၃၀နဲ့အဟောင်းတစ်တန်ကို ၃၈၀နီးပါးပေါက်ပါတယ်။ ရန်ကုန်စျေးကွက်မှာတော့ တစ်တင်းကို၁၄၃၀၀ကျော်ရှိပြီး ပြီးခဲ့တဲ့အပတ်ထက် တစ်ပိဿာကို ၁၅၀၀လောက်စျေးတက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၁၃၅၀၀ရှိပြီး ၁၃၀၀ကျော်စျေးတက်လာပါတယ်။မင်းခြံကုန်စည်ဒိုင်မှာတစ်တင်းကို၁၂၄၀၀၊ပခုက္ကူကုန်စည်ဒိုင်မှာတစ်တင်းကို၁၃၂၀၀၊ပြည်ကုန်စည်ဒိုင်မှာ၁၂၈၀၀နဲ့ပျှမ်းမျှတစ်တင်းကို၁၅၀၀လောက်စျေးတက်လာပါတယ်။

ကုလားပဲ

ကုလားပဲကတော့ အရောင်းအဝယ်က ရက်ခြားသာရှိတဲ့အတွက် စျေးကကျဆင်းနေပါတယ်။ နယ်အချို့မှာသာ စျေးအနည်းငယ်တက်တာပဲရှိပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း ကုလားပဲထွက်ရှိမှုက ပြီးခဲ့တဲ့နှစ်ထက် အဆမတန်များနေပြီး ပြည်ပသွင်းကုန်ခွန်ကို ၃၀ရာခိုင်နှုန်းကောက်ခံနေတဲ့အတွက်ကြောင့် ကုလားပဲစျေးကဆက်လက်လျော့နည်းနိုင်ပြီး စျေးတက်ချိန်မှာ ရောင်းထုတ်ထားသင့်တယ်လို့ အိန္ဒိယကုန်သည်တွေကဆိုထားပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးက ၂၇၀၀၀ကနေ၃၀၀၀၀ပေါက်စျေးရှိပြီး တစ်တင်းကို ၁၀၀၀ကျော်လောက်စျေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၇၀၀၀ကနေ၂၈၀၀၀ကျော်ရှိပြိး ၃၀၀၀ကျော်စျေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၆၀၀၀ကနေ၂၈၀၀၀ ပြည်ကုန်စည်ဒိုင်မှာတော့ ၂၉၅၀၀ကနေ၃၁၀၀၀ပေါက်စျေးရှိပြီး တစ်တင်းကို၁၀၀၀ကျော်စျေးကျဆင်းသွားခဲ့ပါတယ်။

ဝတ်ရည်မွန်(AMIA)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်