ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ

19/01/2018 14:03 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မတ်ပဲ(FAQ/RC)
ဒီတစ်ပတ်မှာတော့မတ်ပဲ(FAQ/RC)ကဈေးထပ်ပြီးကျဆင်းသွားပါတယ်.။လက်ရှိမှာမတ်ပဲဈေးကအတက်အကျမတည်ငြိမ်သေးတာကိုတွေ့ရပါတယ်။ပြည်တွင်းဝယ်လိုအားနဲ့ပြည်ပဝယ်လိုအားရှိရင်အနည်းငယ်ဈေးပြန်တက်လာပြီးဝယ်လိုအားလျော့သွားရင်ဈေးပြန်ကျဆင်းသွားပါတယ်။တောင်သူတွေအနေနဲ့တရားသေတွက်လို့မရတဲ့အနေအထားမှာရှိနေပါတယ်။
မတ်ပဲအသစ်တွေကလည်းနယ်စုံကနေဝင်နေတဲ့အတွက်အသစ်တွေကလည်းဈေးတည်ငြိမ်နေတာမတွေ့ရပါဘူး။
နယ်စုံမှာလည်း ဈေးကျဆင်းနေတာတွေ့ရပါတယ်။အိန္ဒိယနိုင်ငံမှာလည်းမြန်မာမတ်ပဲတွေကဈေးကျဆင်းနေပါတယ်။ဆောင်းပဲတွေပေါ်လာတော့မှာဖြစ်လို့လက်ကျန်ပဲတွေကိုဈေးကွက်အတွင်းထုတ်ရောင်းနေတာကဈေးကိုဒီထက်ကျဆင်းနေတာလည်းဖြစ်ပါတယ်။
မုံရွာကုန်စည်ဒိုင်မှာလည်းမတ်ပဲကတစ်တင်းကို၅၀၀ကျပ်ဈေးကျဆင်းသွားပြီးတစ်တင်းကို၁၈၀၀၀ေါက်ဈေးရှိနေပါတယ်။နေပြည်တော့်မှာတော၃တင်းဝင်တစ်အိတ်ကို၅၃၀၀၀ပေါက်ဈေးရှိပြီးတစ်အိတ်ကို၅၀၀၀ဈေးကျဆင်းသွားပါတယ်။ပြည်ကုန်စည်ဒိုင်မှာလည်ဒတစ်တင်းကို၁၈၃၀၀ပေါက်ဈေးရှိပြီးတစ်အိတ်ကိုရ၀၀လောက်ကျဆင်းသွားပါတယ်။ရန်ကုန်ကုန်စည်ဒိုင်မှာတော့တစ်ပတ်အတွင်းဈေးအတက်အကျရှိနေပေမယ့်ပြီးခဲ့တဲ့အပတ်ဈေးပိတ်ချိန်နဲ့နှိုင်းယှဉ်လိုက်ရင်ဈေးအနည်းငယ်တက်လာပါတယ်။

ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ဒီတစ်ပတ်မှာဈေးတက်လာပါတယ်။ပြီးခဲ့တဲ့အပတ်ကကျဈေးနဲ့ငြိမ်နေပေမယ့်ဒီတစ်ပတ်မှာဈေးပြန်တက်လာပါတယ်။မတ်ပဲလောက်အတက်အကျမကြမ်းပဲတစ်ဖြေးဖြေးဈေးကတက်လာတာလည်းဖြစ်ပါတယ်။
ပဲစင်းငုံနီကပြည်တွင်းမှာသာဈေးတက်နေတာမဟုတ်ပဲအိန္ဒိယနိုင်ငံမှာလည်းဈေးတက်နေပါတယ်။ပြီးခဲ့တဲ့နှစ်ကသိုလှောင်ပဲတွေအများအပြားကျန်တဲ့အတွက်ဒီနှစ်မှာလျော့စိုက်ပျိုးတာကြောင့်အထွက်နှုန်းလျော့နည်းပြီးဈေးကကျဆင်းနိုင်ဖွယ်သိပ်မရှိဘူးလည်းအိန္ဒိယကုန်သည်တွေကသုံးသပ်ထားပါတယ်။

ပဲစင်းငုံနီကရန်ကုန်ကုန်စည်ဒိုင်မှာသာတက်နေပေမယ့်နယ်ကုန်စည်ဒိုင်တွေမှာတော့ဈေးကကျဆင်းသွားပါတယ်။
ရန်ကုန်ကုန်စည်ဒိုင်မှတစ်တန်ကို၃၈၀၀၀၀ကျော်ပေါက်ဈေးနဲ့ဈေးတက်နေပမယ့်မုံရွာကုန်စည်ဒိုင်မှာတော့တစ်တင်းကို၁၁၅၀၀နဲ့တစ်တင်းကို၁၃၀၀ဈေးကျဆင်းသွားပါတယ်။ပခုက္ကူကုန်စည်ဒိုင်မှာတေ့တစ်တင်းကို၁၁၆၀၀ရှိပြီးတစ်တင်းကို၁၅၀၀လောက်ဈေးကျဆင်းသွားပါတယ်။ပြည်ကုန်စည်ဒိုင်မှာလည်းတစ်တင်းကို၁၀၀၀ကျော်ဈေးကျဆင်းသွားခဲ့ပါတယ်။

စီပီပြောင်း
တရုတ်နိုင်ငံကိုအဓိကတင်ပို့နေတဲ့စီပီပြောင်းကဒီတစ်ပတ်မှာဈေးတက်လာပါတယ်။အတက်ဈေးနဲ့ဈေးငြိမ်နေပေမယ့်ဒီတစ်ပတ်မှာတော့ထူးထူးခြားခြားဈေးမြင့်တက်လာပါတယ်။တရုတ်နိုင်ငံကပြီးခဲ့တဲ့၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်မှာစီပီပြောင်းတွေကိုလျော့နည်းစိုက်ပျိုးခဲ့တဲ့အတွက်ပြည်တွင်းလိုအပ်ချက်မြင့်မားနေပြီးမြန်မာနိုင်ငံကပြောင်းတွေကိုအများအပြားဝယ်ယူနိုင်တယ်လို့လည်းသုံးသပ်ထားပါတယ်။လက်ရှိမှာတော့တရုတ်နိုင်ငံကမူဆယ်ကုန်စည်ဒိုင်ကနေတဆင့်ပြောင်းတွေကိုအများအပြားဝယ်ယူနေတဲ့အတွက်ဈေးကတက်နေပါတယ်။

ပြီးခဲ့တဲ့နှစ်ကာလတူအခြေအနေမှာ စီပီပြောင်းက တစ်ပိဿာကို ၃၀၀နီးပါး ပေါက်စေရှိခဲ့ပြီး တောင်သူတွေ အရှုံးပေါ်တဲ့နှစ်ဖြစ်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ တစ်ပိဿာကို ၅၅၀ထိ ဈေးမြင့်တက်ခဲ့ပါတယ်။ စီပီပြောင်းကို အဓိကမွေးမြူရေးအတွက် အသုံးပြုပြီး စီပီပြောင်း၈၀ရာခိုင်နှုန်းကို ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အများဆုံးစိုက်ပျိုးပါတယ်။

ကုလားပဲ
ပြည်ပဈေးကွက်မှာ ကုလားပဲက မထင်မှတ်လောက်အောင် ဈေးကျဆင်းနေပေမယ့် ပြည်တွင်းဈေးကွက်မှာတော့ ကုလားပဲက ဈေးတက်နေပါတယ်။ ဈေးကမထင်မှတ်လောက်အောင် ကျဆင်းသွားခဲ့ပြီး ကုန်စည်ဒိုင်တွေကို နေ့စဉ်အဝင်ပုံမှန်မရှိတော့တဲ့အတွက် ဈေးကအနည်းငယ် ပြန်တက်လာတာဖြစ်ပါတယ်။ လက်ရှိမှာပဲအသစ်တွေကလည်း နယ်စုံကဝင်နေတဲ့အတွက် ကုလားပဲက အဝင်မရှိပဲဈေးတက်လာတာလည်းဖြစ်ပါတယ်။

မုံရွာကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါက တစ်တင်းကို ၂၇၀၀၀ကနေ၃၀၀၀၀ ကြားပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀၀ကျော် ဈေးတက်လာပါတယ်။ ကုလားပဲလုံးဖြူကတော့ တစ်တင်းကို ၃၁၅၀၀ရှိပြီး တစ်တင်းကို ၂၀၀၀ကျော် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်နဲ့ ပြည်ကုန်စည်ဒိုင်တို့မှာလည်း တစ်တင်းကိုငွေကျပ် ၅၀၀လောက် ျဈးမြင့်တက်လာပါတယ်။ ပြည်ပဈေးကွက်မှာ ကုလားပဲက မထင်မှတ်လောက်အောင် ဈေးကျဆင်းနေပေမယ့် ပြည်တွင်းဈေးကွက်မှာတော့ ကုလားပဲက ဈေးတက်နေပါတယ်။ ဈေးကမထင်မှတ်လောက်အောင် ကျဆင်းသွားခဲ့ပြီး ကုန်စည်ဒိုင်တွေကို နေ့စဉ်အဝင်ပုံမှန်မရှိတော့တဲ့အတွက် ဈေးကအနည်းငယ် ပြန်တက်လာတာဖြစ်ပါတယ်။ လက်ရှိမှာ ပဲအသစ်တွေကလည်း နယ်စုံက ဝင်နေတဲ့အတွက် ကုလားပဲကအဝင်မရှိဘဲ ဈေးတက်လာတာလည်းဖြစ်ပါတယ်။

မုံရွာကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါက တစ်တင်းကို ၂၇၀၀၀ကနေ၃၀၀၀၀ ကြားပေါက်ဈေးရှိပြီး တစ်တင်းကို၂၀၀၀ကျော် ဈေးတက်လာပါတယ်။ ကုလားပဲလုံးဖြူကတော့ တစ်တင်းကို ၃၁၅၀၀ရှိပြီးတစ်တင်းကို ၂၀၀၀ကျော် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်နဲ့ ပြည်ကုန်စည်ဒိုင်တို့မှာလည်း တစ်တင်းကိုငွေကျပ် ၅၀၀လောက်ဈေးမြင့်တက်လာပါတယ်။
မဝတ်ရည်ခင်(AMIA)


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်